【 ခရီးသွား ဆောင်းပါး 】 “သတင်းသမားတစ်ဦးရဲ့ ရခိုင်ခရီးစဉ်”

【 ခရီးသွား ဆောင်းပါး 】 “သတင်းသမားတစ်ဦးရဲ့ ရခိုင်ခရီးစဉ်”

“ပင်လယ်ပြာပြာ၊ ရီပြာပြာနဲ့ သန္တာကမ်းလှ၊ သဘာဝကား ဖော်ပြမကုန်၊ လှမျိုးစုံကေ၊ သာစွလေ...” ဆိုတဲ့ (သားကြီး - ပြည်ရခိုင်) ရဲ့ ကဗျာလေးကို ရေရွတ်မိရင်း ပေတစ်သောင်းရှစ်ထောင် အထက် လေယာဉ်ပေါ်ကနေ မြင်ရတဲ့ ရခိုင်ရိုးမတောင်တန်းကြီးရဲ့ သဘာဝအလှက ကဗျာထဲက စာချိုးအတိုင်း ရှုစားမကုန်အောင် ရှိလို့နေပါတယ်။မြန်မာ့သတင်းစာမျက်နှာတွေသာမက ကမ္ဘာ့သတင်းစာမျက်နှာတွေမှာလည်း နာမည်ကြီးခဲ့သော ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲကင်းစခန်းတွေကို AA လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုအပြီး အဲ့ဒီဒေသကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရ အစီအစဉ်တွေအရ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက သွားရောက်လေ့လာ သတင်းယူဖို့ အကြောင်းပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေက ကစ္ဆပနဒီမြစ်ဝနဲ့ ဘင်္ဂလားပင်လယ်ကမ်းခြေကို မေးတင်ကာ တည်ထားသောမြို့ဖြစ်ပြီး ပြည်နယ်ဧရိယာ စုစုပေါင်း အကျယ်အဝန်း ၄ ဒသမ ၈ စတုရန်းကီလိုမီတာ (၁ ဒသမ ၈၇ စတုရန်းမိုင်) ကျယ်ဝန်းပါတယ်။ဒေသတိုင်းရင်းသားများဖြစ်တဲ့ ရခိုင်၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ကမန်၊ ဗမာ၊ ချင်းတို့ နေထိုင်ကြသလို ဘင်္ဂါလီတွေနဲ့ ဟိန္ဒူလူမျိုးများလည်း နေထိုင်ကြပါတယ်။
ရခိုင်ပြည်နယ်ကို စစ်တွေခရိုင်၊ သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်၊ မောင်တောခရိုင်ဆိုပြီး ခရိုင်လေးခု၊ မြို့နယ် ၁၇ ခုတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ထို့အတူ ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံကာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာရရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ ခန့်မှန်းလူဦးရေစာရင်းအရ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း လူဦးရေဟာ ၃၃၀၀၀၃၉ ဦး ရှိတယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စာရင်းတွေမှာလည်း ဖော်ပြထားပါတယ်။

မြို့ပေါ်လုံခြုံရေး အခြေအနေနဲ့ ဒေသစီးပွားရေး

ARSA အဖွဲ့ရဲ့ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုများ နောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် မနက်ဝေလီဝေလင်းအချိန်မှာ ဘူးသီးတောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ရခိုင်ပြည်နယ်ထဲမှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် မြို့ပေါ်လုံခြုံရေး အခြေအနေတွေဟာ ကောင်းမွန်ပါ့မလားလို့ စိုးရိမ်မိပေမယ့် စစ်တွေမြို့၊ မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့ပေါ် လုံခြုံရေးအခြေအနေတွေကတော့ ကောင်းမွန်တာကို တွေ့ခဲ့ရသလို ဒေသခံပြည်သူတွေနဲ့ ကုန်စည်ကူးသန်းမှုတွေကလည်း ပုံမှန်အခြေအနေအတိုင်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။

“မြို့ပေါ်လုံခြုံရေး အခြေအနေတွေကတော့ ကောင်းမွန်ပါတယ်။
မြို့ပေါ်တွေကျတော့ ခရိုင်ရုံးတွေရှိတယ်၊ ရဲတပ်ဖွဲ့စခန်းတွေရှိတယ်၊ တပ်ကလည်းရှိနေတော့ သူတို့တွေအနေနဲ့က မြို့ပေါ်တွေအထိ လာရောက်တိုက်ခိုက်တာမျိုးတွေတော့ မရှိပါဘူး။
ထိတွေ့တိုက်ပွဲတွေကတော့ ကျေးရွာဘက်တွေမှာ ဖြစ်တာပေါ့လေ” လို့ မောင်တောခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သန်းမောင် က ပြောပါတယ်။

ထို့အတူ စစ်တွေမြို့ပေါ်ရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်တွေမြို့ အခြေစိုက် ရခိုင်အမျိုးသာပါတီ (ANP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် ကလည်း “နယ်ဘက်က တိုက်ပွဲအခြေအနေတွေက တော်တော်လေး ကျယ်ပြန့်လာတဲ့သဘော ရှိပါတယ်။အရင်တုန်းကတော့ ကျောက်တော်ဘက်မှာဖြစ်တယ်၊ ကျောက်တော်နဲ့ ပလက်ဝဘက်ကတော့ တစ်ဆက်တည်းပေါ့နော်၊ အဲ့ဒီကနေ အခု ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်အထိ ကျယ်ပြန့်လာတယ်၊ ပြောရရင် ရခိုင်ပြည်နယ်ထဲမှာ လေးမြို့နယ်လောက်အထိ ကျယ်ပြန့်တဲ့ အနေအထား ဖြစ်လာတယ်၊ အရင်တုန်းကတော့ ပလက်ဝဘက်နဲ့ ကျောက်တော်ဘက်လောက်ပါပဲ၊ တိုက်ပွဲတွေက ဖြစ်တာကိုး၊ အများသိတဲ့အတိုင်း ပဲပုဏ္ဏားကျွန်းတို့၊ ဘာတို့ဆိုတာ စစ်တွေနဲ့ဆိုရင် ၂၄ မိုင်လောက်ဘဲဝေးတယ်၊ အဲ့ဘက်မှာ တိုက်ပွဲတွေဖြစ်တယ်၊ ဒါပေမဲ့ မြို့ပေါ်အခြေအနေတွေကတော့ လုံခြုံပါတယ်၊ လုံခြုံရေးကောင်းမွန်ပါတယ်၊ အေးအေးချမ်းချမ်း အနေအထားမှာ ရှိနေပါတယ်၊ ဒေသစီးပွားရေး အခြေနေကလည်း ကောင်းမွန်ပါတယ်၊ ကူးသန်းရောင်းဝယ်မှုတွေကလည်း ပုံမှန်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ARSA ရဲ့ မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအပြီး မောင်တောခရိုင်ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ဆောင်လျက် ရှိတယ်လို့လည်း မောင်တောခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူး က ပြောပါတယ်။

“ကျွန်တော်တို့ ဖြစ်စဉ်တွေ ဖြစ်ပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ မောင်တောခရိုင်အတွင်းမှာ ပြန်လည်တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး လုပ်နေပါတယ်၊ သို့သော်လည်း လတ်တလောဖြစ်ပေါ်နေတဲ့ မတည်ငြိမ် အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ကျွန်တော်တို့ လုပ်ငန်းတွေမှာ ဒီရက်ပိုင်းမှာ နှောင့်နှေးနေတာရှိပါတယ်၊ ကျွန်တော်တို့က နှစ်ဖက်လူမှုအသိုင်းအဝိုင်းတွေ ရေရှည် ပဋိပက္ခကင်းဝေးရေးနဲ့ သဟဇာတဖြစ်ရေး ဖြစ်နိုင်ဖို့ကိုလည်း Plan တွေ ဆွဲပြီးတော့ ကျွန်တော်တို့ လုပ်နေတာရှိပါတယ်၊ တစ်ဖက်မှာလည်း ကျွန်တော်တို့ ဒီဒေသရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့အတူ ကျွန်တော်တို့ စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ကို ဦးတည်ပြီးတော့ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေ၊ လျှပ်စစ်မီး ကိစ္စတွေ၊ ကျွန်တော်တို့ ဒီမှာစီးပွားရေးဇုန်တွေ ထူထောင်နိုင်ဖို့ ကုန်သွယ်မှု လုပ်နိုင်ဖို့ကိုပါ ကျွန်တော်တို့ Plan တွေ ဆွဲပြီးတော့ လုပ်နေတယ်” လို့လည်း မောင်တောခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး က ပြောပြခဲ့ပါတယ်။

သို့ပေမယ့် ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ရခိုင်ဒေသသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုကတော့ လျော့နည်းသွားတယ်လို့ စစ်တွေမြို့က သုံးဘီးအငှားယာဉ်မောင်း ကိုသား က ပြောပါတယ်။

“လက်ရှိအခြေအနေတွေအရ ဧည့်သည်တွေက အဝင်နည်းနည်း နည်းသွားတာပေါ့။အရင်ကတော့ လာကြပါတယ်၊ အခုလည်း လာတော့လာကြပေမယ့် နည်းသွားတယ်ပေါ့၊ အရင်ကဆိုရင် ကျွန်တော်တို့ သုံးဘီးယာဉ်တွေ တစ်ရက်ကို သုံး၊ လေးသောင်း ရပါတယ်၊ အခုတော့ ဧည့်သည်နည်းတော့လည်း ဆွဲရတာ နည်းနည်းပါးသွားပါတယ်၊ ဒါပေမဲ့ ရုံးပိတ်ရက်တွေ၊ အခါအကြီးရက်ကြီးတွေဆိုရင်တော့ ဧည့်သည်တွေ ရောက်လာတတ်ပါတယ်၊ အဓိက စစ်တွေမှာ လည်စရာပတ်စရာကတော့ ဘုရားကြီးရှိမယ်၊ စစ်တွေဗျူးပွိုင့်နဲ့ စစ်တွေကမ်းခြေရှိတယ်၊ မီးပြတိုက်ရှိတယ်၊ အဲ့ဒီတွေကို ဧည့်သည်တွေက အများဆုံးသွားကြပါတယ်” လို့ ၎င်းက ပြောပြခဲ့ပါတယ်။

အငူမော် - မောင်တော ကွန်ကရစ်လမ်းပိုင်း

ဒါ့အပြင် UEHRD အစီအစဉ်ဖြင့် အငူမော် - မောင်တော လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းကို ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလလယ်ကပင် ဖောက်လုပ်လျက်ရှိပြီး အဆိုပါလမ်းဟာ လမ်းအကျယ် ၁၈ ပေ၊ အမြင့် ၉ လက်မ ကွန်ကရစ်လမ်း အမျိုးအစားဖြစ်သလို ၄၉ မိုင် ၆ ဖာလုံ ရှည်လျားကာ လုပ်ငန်းခွင်မှာ စက်ယန္တရား ၂ဝဝ နီးပါးနဲ့ လုပ်သားဦးရေ ၁၅ဝဝ နီးပါး အသုံးပြုပြီး တစ်နေ့လျှင် အလုပ်ချိန် နှစ်ချိန်ခွဲပြီးတော့ နေ့၊ ည အဆိုင်းတွေနဲ့ အကောင်အထည်ဖော်ကာ ဆောင်ရွက်နေကြပါတယ်။ ထို့အတူ အခုလက်ရှိမှာလည်း မောင်တော - အငူမော် လမ်းပိုင်း ၂၃ မိုင်ကို အေးရှားဝေါကုမ္ပဏီမှ အဆင့်မြင့်လမ်းအဖြစ် ဖောက်လုပ်လှူဒါန်းထားပြီးဖြစ်သလို မောင်တောသို့ ဆက်လက်ဖောက်လုပ်မှာ ဖြစ်တဲ့အတွက် အဆိုပါကွန်ကရစ်လမ်းပိုင်းတစ်ခုလုံး ပြီးစီးသွားပါက အငူမော်နဲ့ မောင်တောကို အချိန် ၂ နာရီအတွင်း သွားရောက်နိုင်မယ်လို့လည်း ဆိုပါတယ်။ဒါကြောင့် အဆိုပါလမ်းပိုင်းဟာ ဒေသခံတွေအတွက် အရေးပါတဲ့ လမ်းပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။

“ကျနော်တို့က မောင်တောဒေသရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့အတူ ကျွန်တော်တို့ စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ကို ဦးတည်ပြီးတော့ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေ၊ လျှပ်စစ်မီး ကိစ္စတွေ၊ ကျွန်တော်တို့ ဒီဒေသမှာ စီးပွားရေးဇုန်တွေ ထူထောင်နိုင်ဖို့ကုန်သွယ်မှု လုပ်နိုင်ဖို့ကိုပါ ကျွန်တော်တို့ Plan တွေ ဆွဲပြီးတော့ လုပ်နေတယ်၊ အခု အငူမော် - မောင်တော လမ်းကြောင်းမှာဆိုရင် ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကွန်ကရစ်လမ်း ခင်းနေပါတယ်၊ အကောင်အထည်ဖော်နေတယ်၊ နောက် လျှပ်စစ်မီးဆိုရင်လည်း နိုင်ငံတော် မဟာဓါတ်အားလိုင်းက ယူရပြီး အခုလက်ရှိမှာ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်ပြီးဖြစ်သလို ဘူးသီးတောင်နဲ့ မောင်တော ရပြီးဖြစ်ပါတယ်။အဲ့ဒီဒေသ တည်ငြိမ်အေးချမ်းပြီ ဆိုလို့ရှိရင် ဒေသရဲ့ စီးပွားရေးထူထောင်နိုင်ဖို့ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတော်ကနေ Plan တွေ ရေးဆွဲဆောင်ရွက်နေတယ် ဆိုတာကို ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်” လို့ မောင်တောခရိုင်မှ ဦးရဲထူး က ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆက်လက်ရှင်းပြခဲ့ပါတယ်။

အဆိုပါ အငူမော် - မောင်တော ကွန်ကရစ်လမ်းပိုင်း အလုံးစုံပြီးစီးပြီဆိုရင်တော့ ဒေသခံတွေရဲ့ သွားလာရေး အပါအဝင် ကုန်စည်ကူးသန်း ရောင်းဝယ်မှုတွေလည်း ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး အရင်က ရေကြောင်းကိုသာ အားကိုးနေရတာကနေ ကုန်းပိုင်းလမ်းကိုပါ အသုံးပြုလာနိုင်မှာ ဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုနိုင်မယ့် လမ်းပိုင်းတစ်ခုဖြစ်လာမယ့် အခြေအနေမျိုးလို့လည်း ဆိုနိုင်ပါတယ်။

“ဒီလမ်းပိုင်းက နောက်သုံးလအတွင်း ပြီးမယ်လို့တော့ သိရတယ်၊ ဒီလမ်းမကြီး ပြီးသွားရင် သွားလာဆက်သွယ်ရေး အပိုင်းမှာတော့ အများကြီးကောင်းသွားပြီပေါ့၊ အချိန်ကုန်လည်း သက်သာပြီပေါ့” လို့ အငူမော် - မောင်တောကို ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းမှ ကိုအောင် က သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါသေးတယ်။

ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်

ARSA အဖွဲ့ရဲ့ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ လူဦးရေ သိန်းနဲ့ချီသော ပမာဏကို ပြန်လည်လက်ခံရေးအတွက် လုပ်ငန်းစဉ်ဟာ အစိုးရအတွက်တော့ စိန်ခေါ်မှုတစ်ရပ်အဖြစ် အခြေအနေမျိုးရှိနေဆဲ ဖြစ်ပါတယ်။

သို့သော်လည်း ဖြစ်စဉ်များအပြီး နောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီထားတဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လည်ဝင်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုးတွေကို လက်ခံခဲ့တာရှိတယ်လို့ မောင်တောခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူး က ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် ပတ်သက်လို့ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ကျွန်တော်တို့က ပြန်လည်လက်ခံနိုင်ဖို့ကို သဘောတူညီချက်မှာ ပါဝင်တဲ့ အချက်တွေအတိုင်း အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့မှာ နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုးတယ်။
အဲ့ဒီသဘောတူညီချက်အရ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နိုင်ငံမှာ ပြန်လည်လက်ခံနိုင်ဖို့ဆိုပြီး လက်ခံရေးစခန်းနှစ်ခုကို ဆောက်ပါတယ်။တောင်ပြိုနဲ့ ငါးခူရ လက်ခံရေးစခန်းနှစ်ခု အဲ့ဒါကို တည်ဆောက်ပြီးဖြစ်ပါတယ်၊ ပြီးရင် လက်ခံတဲ့သူတွေ ယာယီနေထိုင်ဖို့အတွက် လှဖိုးခေါင်ကြားစခန်း၊ အဲ့တော့ လက်ခံရေးစခန်းနှစ်ခုနဲ့ လှဖိုးခေါင်ကြားစခန်းတစ်ခု စုစုပေါင်း စခန်းသုံးခုကို ကျွန်တော်တို့နိုင်ငံအနေနဲ့ အပြည့်အဝတည်ဆောက်ပြီး ဖြစ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံအနေနဲ့ ၂၀၁၈ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီးတော့ စခန်းတွေမှာ နိုင်ငံ့ဝန်ထမ်းတွေပါ ပြန်လည်လက်ခံရေးအတွက် အကုန်လုံးကို အသင့်ပြင်ဆင်ပြီး စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်၊ အဲ့တော့ တာဝန်ကျဝန်ထမ်းတွေကလည်း ဒီအချိန်အထိ အဲ့နေ့ကစပြီးတော့ ရာထူးအဆင့်ဆင့်အလိုက် တာဝန်ပေးအပ်ထားတာ ရှိပါတတယ်၊ နှစ်နိုင်ငံသဘောတူညီချက်အရ စခန်းတစ်ခုမှာ တစ်နေ့ဆိုရင် ပြန်လည်လက်ခံနိုင်မယ့် လူဦးရေအင်အားက ၁၅၀ ရှိပါတယ်၊ အဲ့တော့စခန်းနှစ်ခုအတွက်ဆိုရင် ကျွန်တော်တို့ တစ်နေ့ကို လူဦးရေ အယောက် ၃၀၀ လက်ခံလို့အောင် ကျွန်တော်တို့ ပြန်လည်ပြင်ဆင်ထားပါတယ်” လို့ မောင်တောခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူး က ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အရ ဝင်ရောက်လာသူတွေကိုလည်း လှဖိုးခေါင်စခန်းမှာ ယာယီနေရာချထားပေးပြီးတော့ သူတို့ရဲ့နေထိုင်မယ့် နေအိမ်အဆောက်အဦးတွေကို မူလနေရာနဲ့ အနီးဆုံးနေရာတွေမှာ ပြန်လည်တည်ဆောက်ပေးဖို့ အစီအစဉ်အတိုင်း ဆောင်ရွက်ပေးပြီး အဲ့ဒီလိုလုပ်ဆောင်တဲ့ အချိန်မှာလည်း ပြန်လည်ဝင်ရောက်လာသူ မိသားစုဝင်တွေကို တစ်ဖက်ကလည်း ဝင်ငွေရရှိအောင်ဆိုပြီး စီစဉ်ဆောင်ရွက်နေတာတွေ ရှိတယ်လု့ိလည်း သူက ဆက်လက်ပြောပြခဲ့ပါတယ်။

ထို့အတူ ပြန်လည်လက်ခံဖို့အတွက် စာရင်းဇယားပိုင်းနဲ့ ပတ်သက်ပါက မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုပ်ဆောင်နေတဲ့ အပိုင်းတွေရှိပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပေးပို့တဲ့ စာရင်းဇယားတွေကိုလည်း အမှန်တကယ် နေထိုင်ခဲ့တာ ဟုတ်၊ မဟုတ်ကို ပြန်လည်စိစစ်နေတာတွေ ရှိတယ်လို့ ဦးရဲထူး က ပြောပါတယ်။

“အဲ့ဒါတွေကိုလည်း ဆက်တိုက် ကျွန်တော်တို့နိုင်ငံအနေနဲ့ လုပ်ဆောင်နေတယ်၊ တစ်ဖက်ကလည်း ကျွန်တော်တို့နိုင်ငံက နိုင်ငံတကာအဖွဲ့တွေ ပူးပေါင်းပါဝင်နိုင်ဖို့ဆိုပြီး မြေပြင်မှာဆိုလို့ရှိရင် UNDP နဲ့ UNHCR နဲ့ ပူးပေါင်းပြီး တစ်ချို့ပြန်လည်လက်ခံရေးအတွက် မြေပြင်ကွင်းဆင်းတဲ့ဟာတွေ စီမံချက်တွေ ရေးဆွဲတာတွေကိုလည်း လုပ်နေပါတယ်၊ သို့သော်လည်း လတ်တလောဖြစ်ပေါ်နေတဲ့ မတည်ငြိမ် အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဒီရက်ပိုင်း ကျွန်တော်တို့ လုပ်ငန်းတွေမှာ နှောင့်နှေးနေတာ ရှိပါတယ်။ဒါပေမဲ့ အခုရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့က ပူးပေါင်းပြီးလုပ်တဲ့ အစီအစဉ်ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ နောက်တစ်ခု ဒီဒေသမှာရှိနေတဲ့ NGO ၊ INGO အဖွဲ့တွေနဲ့ဲ ပြန်လည်ပူးပေါင်းပြီး လက်ရှိကျန်နေတဲ့ လူတွေအတွက် လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်နေပါတယ်၊ နောက်တစ်ခုကတော့ ကျွန်တော်တို့ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဘက်က အမြဲတမ်း အသင့်ဖြစ်ကြောင်း ပြောပြီးတော့ ကျွန်တော်တို့က လုပ်နေတာရှိပါတယ်၊ လုပ်သင့်လုပ်ထိုက်တာ ပြင်ဆင်တဲ့ အပိုင်းတွေကို လုပ်နေတာဖြစ်တယ်၊ ဒီလိုပြန်လည်လက်ခံတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့လည်း တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ပူးပေါင်းပါဝင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို မကြာခင်က ခေါ်ယူတွေ့ဆုံပြီး ဒီပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေအတွက် အမြန်ဆုံး ပူးပေါင်းပါဝင်ဖို့ကိုလည်း ပြောထားတယ်ဆိုတာကို သိရပါတယ်” လို့ မောင်တောခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူး က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ဒါကြောင့်လည်း အခု ရခိုင်ပြည်နယ် ခရီးစဉ်ဟာ သတင်းသမားတစ်ဦးအတွက်တော့ အံ့အားသင့်စရာတွေ၊ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေခဲ့တဲ့ လေ့လာမှတ်သားစရာ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

(ပြေသိမ်း - ကွင်းဆင်းရေးသားတင်ပြသည်။)
ဖေဖော်ဝါရီ - ၅

( Zawgyi )

“ပင္လယ္ျပာျပာ၊ ရီျပာျပာနဲ႔ သႏၲာကမ္းလွ၊ သဘာဝကား ေဖာ္ျပမကုန္၊ လွမ်ိဳးစုံေက၊ သာစြေလ...” ဆိုတဲ့ (သားႀကီး - ျပည္ရခိုင္) ရဲ႕ ကဗ်ာေလးကို ေရ႐ြတ္မိရင္း ေပတစ္ေသာင္းရွစ္ေထာင္ အထက္ ေလယာဥ္ေပၚကေန ျမင္ရတဲ့ ရခိုင္႐ိုးမေတာင္တန္းႀကီးရဲ႕ သဘာဝအလွက ကဗ်ာထဲက စာခ်ိဳးအတိုင္း ရႈစားမကုန္ေအာင္ ရွိလို႔ေနပါတယ္။ျမန္မာ့သတင္းစာမ်က္ႏွာေတြသာမက ကမာၻ႔သတင္းစာမ်က္ႏွာေတြမွာလည္း နာမည္ႀကီးခဲ့ေသာ ရခိုင္ျပည္နယ္က နယ္ျခားေစာင့္ရဲကင္းစခန္းေတြကို AA လက္နက္ကိုင္အဖြဲ႕က ဝင္ေရာက္တိုက္ခိုက္မႈအၿပီး အဲ့ဒီေဒသကို ျပန္ၾကားေရးဝန္ႀကီးဌာနနဲ႔ ရခိုင္ျပည္နယ္အစိုးရ အစီအစဥ္ေတြအရ ျပည္တြင္း၊ ျပည္ပ သတင္းမီဒီယာအဖြဲ႕ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလက သြားေရာက္ေလ့လာ သတင္းယူဖို႔ အေၾကာင္းေပၚခဲ့တာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ စစ္ေတြက ကစၦပနဒီျမစ္ဝနဲ႔ ဘဂၤလားပင္လယ္ကမ္းေျခကို ေမးတင္ကာ တည္ထားေသာၿမိဳ႕ျဖစ္ၿပီး ျပည္နယ္ဧရိယာ စုစုေပါင္း အက်ယ္အဝန္း ၄ ဒသမ ၈ စတုရန္းကီလိုမီတာ (၁ ဒသမ ၈၇ စတုရန္းမိုင္) က်ယ္ဝန္းပါတယ္။ေဒသတိုင္းရင္းသားမ်ားျဖစ္တဲ့ ရခိုင္၊ ဒိုင္းနက္၊ ၿမိဳ၊ သက္၊ မရမာႀကီး၊ ကမန္၊ ဗမာ၊ ခ်င္းတို႔ ေနထိုင္ၾကသလို ဘဂၤါလီေတြနဲ႔ ဟိႏၵဴလူမ်ိဳးမ်ားလည္း ေနထိုင္ၾကပါတယ္။
ရခိုင္ျပည္နယ္ကို စစ္ေတြခ႐ိုင္၊ သံတြဲခ႐ိုင္၊ ေက်ာက္ျဖဴခ႐ိုင္၊ ေမာင္ေတာခ႐ိုင္ဆိုၿပီး ခ႐ိုင္ေလးခု၊ ၿမိဳ႕နယ္ ၁၇ ခုတို႔ျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားတာလည္း ျဖစ္ပါတယ္။ထို႔အတူ ၂၀၁၄ ခုႏွစ္ လူဦးေရနဲ႔ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းကို အေျခခံကာ ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔မွာရရွိတဲ့ ရခိုင္ျပည္နယ္ရဲ႕ ခန႔္မွန္းလူဦးေရစာရင္းအရ အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း လူဦးေရဟာ ၃၃၀၀၀၃၉ ဦး ရွိတယ္လို႔ အလုပ္သမားလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန စာရင္းေတြမွာလည္း ေဖာ္ျပထားပါတယ္။

ၿမိဳ႕ေပၚလုံၿခဳံေရး အေျခအေနနဲ႔ ေဒသစီးပြားေရး

ARSA အဖြဲ႕ရဲ႕ ေမာင္ေတာေဒသ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ေနာက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) က ၿပီးခဲ့တဲ့ ဇန္နဝါရီ ၄ ရက္ မနက္ေဝလီေဝလင္းအခ်ိန္မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲက နယ္ျခားေစာင့္ရဲကင္းစခန္း ေလးခုကို ဝင္ေရာက္တိုက္ခိုက္မႈ ျဖစ္စဥ္ေတြနဲ႔ ရခိုင္ျပည္နယ္ထဲမွာ အခုလက္ရွိျဖစ္ေပၚေနတဲ့ တိုက္ပြဲအေျခအေနေတြေၾကာင့္ ၿမိဳ႕ေပၚလုံၿခဳံေရး အေျခအေနေတြဟာ ေကာင္းမြန္ပါ့မလားလို႔ စိုးရိမ္မိေပမယ့္ စစ္ေတြၿမိဳ႕၊ ေမာင္ေတာၿမိဳ႕နဲ႔ ဘူးသီးေတာင္ၿမိဳ႕ေပၚ လုံၿခဳံေရးအေျခအေနေတြကေတာ့ ေကာင္းမြန္တာကို ေတြ႕ခဲ့ရသလို ေဒသခံျပည္သူေတြနဲ႔ ကုန္စည္ကူးသန္းမႈေတြကလည္း ပုံမွန္အေျခအေနအတိုင္း ရွိေနတာကို ေတြ႕ခဲ့ရပါတယ္။

“ၿမိဳ႕ေပၚလုံၿခဳံေရး အေျခအေနေတြကေတာ့ ေကာင္းမြန္ပါတယ္။
ၿမိဳ႕ေပၚေတြက်ေတာ့ ခ႐ိုင္႐ုံးေတြရွိတယ္၊ ရဲတပ္ဖြဲ႕စခန္းေတြရွိတယ္၊ တပ္ကလည္းရွိေနေတာ့ သူတို႔ေတြအေနနဲ႔က ၿမိဳ႕ေပၚေတြအထိ လာေရာက္တိုက္ခိုက္တာမ်ိဳးေတြေတာ့ မရွိပါဘူး။
ထိေတြ႕တိုက္ပြဲေတြကေတာ့ ေက်း႐ြာဘက္ေတြမွာ ျဖစ္တာေပါ့ေလ” လို႔ ေမာင္ေတာခ႐ိုင္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္သန္းေမာင္ က ေျပာပါတယ္။

ထို႔အတူ စစ္ေတြၿမိဳ႕ေပၚရဲ႕ လုံၿခဳံေရးအေျခအေနနဲ႔ ပတ္သက္ၿပီး စစ္ေတြၿမိဳ႕ အေျခစိုက္ ရခိုင္အမ်ိဳးသာပါတီ (ANP) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ ကလည္း “နယ္ဘက္က တိုက္ပြဲအေျခအေနေတြက ေတာ္ေတာ္ေလး က်ယ္ျပန႔္လာတဲ့သေဘာ ရွိပါတယ္။အရင္တုန္းကေတာ့ ေက်ာက္ေတာ္ဘက္မွာျဖစ္တယ္၊ ေက်ာက္ေတာ္နဲ႔ ပလက္ဝဘက္ကေတာ့ တစ္ဆက္တည္းေပါ့ေနာ္၊ အဲ့ဒီကေန အခု ဘူးသီးေတာင္၊ ရေသ့ေတာင္ ၿမိဳ႕နယ္အထိ က်ယ္ျပန႔္လာတယ္၊ ေျပာရရင္ ရခိုင္ျပည္နယ္ထဲမွာ ေလးၿမိဳ႕နယ္ေလာက္အထိ က်ယ္ျပန႔္တဲ့ အေနအထား ျဖစ္လာတယ္၊ အရင္တုန္းကေတာ့ ပလက္ဝဘက္နဲ႔ ေက်ာက္ေတာ္ဘက္ေလာက္ပါပဲ၊ တိုက္ပြဲေတြက ျဖစ္တာကိုး၊ အမ်ားသိတဲ့အတိုင္း ပဲပုဏၰားကြၽန္းတို႔၊ ဘာတို႔ဆိုတာ စစ္ေတြနဲ႔ဆိုရင္ ၂၄ မိုင္ေလာက္ဘဲေဝးတယ္၊ အဲ့ဘက္မွာ တိုက္ပြဲေတြျဖစ္တယ္၊ ဒါေပမဲ့ ၿမိဳ႕ေပၚအေျခအေနေတြကေတာ့ လုံၿခဳံပါတယ္၊ လုံၿခဳံေရးေကာင္းမြန္ပါတယ္၊ ေအးေအးခ်မ္းခ်မ္း အေနအထားမွာ ရွိေနပါတယ္၊ ေဒသစီးပြားေရး အေျခေနကလည္း ေကာင္းမြန္ပါတယ္၊ ကူးသန္းေရာင္းဝယ္မႈေတြကလည္း ပုံမွန္ပါပဲ” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ARSA ရဲ႕ ေမာင္ေတာေဒသကို အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္စဥ္မ်ားအၿပီး ေမာင္ေတာခ႐ိုင္ရဲ႕ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ေတြကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ကိုယ္တိုင္ ဦးေဆာင္ၿပီး လုပ္ေဆာင္လ်က္ ရွိတယ္လို႔လည္း ေမာင္ေတာခ႐ိုင္၊ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲထူး က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ျဖစ္စဥ္ေတြ ျဖစ္ၿပီးေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ေမာင္ေတာခ႐ိုင္အတြင္းမွာ ျပန္လည္တည္ေဆာက္ေရး၊ ေဒသဖြံ႕ၿဖိဳးေရး၊ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ျပန္လည္ဖြံ႕ၿဖိဳးေရး လုပ္ငန္းစဥ္ေတြကို အတိုင္ပင္ခံပုဂၢိဳလ္ ကိုယ္တိုင္ ဦးေဆာင္ၿပီး လုပ္ေနပါတယ္၊ သို႔ေသာ္လည္း လတ္တေလာျဖစ္ေပၚေနတဲ့ မတည္ၿငိမ္ အၾကမ္းဖက္မႈ ျဖစ္စဥ္ေတြေၾကာင့္ ကြၽန္ေတာ္တို႔ လုပ္ငန္းေတြမွာ ဒီရက္ပိုင္းမွာ ေႏွာင့္ေႏွးေနတာရွိပါတယ္၊ ကြၽန္ေတာ္တို႔က ႏွစ္ဖက္လူမႈအသိုင္းအဝိုင္းေတြ ေရရွည္ ပဋိပကၡကင္းေဝးေရးနဲ႔ သဟဇာတျဖစ္ေရး ျဖစ္ႏိုင္ဖို႔ကိုလည္း Plan ေတြ ဆြဲၿပီးေတာ့ ကြၽန္ေတာ္တို႔ လုပ္ေနတာရွိပါတယ္၊ တစ္ဖက္မွာလည္း ကြၽန္ေတာ္တို႔ ဒီေဒသရဲ႕ တည္ၿငိမ္ေအးခ်မ္းမႈနဲ႔အတူ ကြၽန္ေတာ္တို႔ စီးပြားေရးျပန္လည္ေကာင္းမြန္လာဖို႔ကို ဦးတည္ၿပီးေတာ့ လမ္းပန္းဆက္သြယ္ေရး ကိစၥေတြ၊ လွ်ပ္စစ္မီး ကိစၥေတြ၊ ကြၽန္ေတာ္တို႔ ဒီမွာစီးပြားေရးဇုန္ေတြ ထူေထာင္ႏိုင္ဖို႔ ကုန္သြယ္မႈ လုပ္ႏိုင္ဖို႔ကိုပါ ကြၽန္ေတာ္တို႔ Plan ေတြ ဆြဲၿပီးေတာ့ လုပ္ေနတယ္” လို႔လည္း ေမာင္ေတာခ႐ိုင္မွ ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးရဲထူး က ေျပာျပခဲ့ပါတယ္။

သို႔ေပမယ့္ ရခိုင္ျပည္နယ္မွာ လက္ရွိျဖစ္ေပၚေနတဲ့ တိုက္ပြဲအေျခအေနေတြေၾကာင့္ ရခိုင္ေဒသသို႔ ျပည္တြင္း၊ ျပည္ပ ခရီးသြားဧည့္သည္ေတြ ဝင္ေရာက္မႈကေတာ့ ေလ်ာ့နည္းသြားတယ္လို႔ စစ္ေတြၿမိဳ႕က သုံးဘီးအငွားယာဥ္ေမာင္း ကိုသား က ေျပာပါတယ္။

“လက္ရွိအေျခအေနေတြအရ ဧည့္သည္ေတြက အဝင္နည္းနည္း နည္းသြားတာေပါ့။အရင္ကေတာ့ လာၾကပါတယ္၊ အခုလည္း လာေတာ့လာၾကေပမယ့္ နည္းသြားတယ္ေပါ့၊ အရင္ကဆိုရင္ ကြၽန္ေတာ္တို႔ သုံးဘီးယာဥ္ေတြ တစ္ရက္ကို သုံး၊ ေလးေသာင္း ရပါတယ္၊ အခုေတာ့ ဧည့္သည္နည္းေတာ့လည္း ဆြဲရတာ နည္းနည္းပါးသြားပါတယ္၊ ဒါေပမဲ့ ႐ုံးပိတ္ရက္ေတြ၊ အခါအႀကီးရက္ႀကီးေတြဆိုရင္ေတာ့ ဧည့္သည္ေတြ ေရာက္လာတတ္ပါတယ္၊ အဓိက စစ္ေတြမွာ လည္စရာပတ္စရာကေတာ့ ဘုရားႀကီးရွိမယ္၊ စစ္ေတြဗ်ဴးပြိဳင့္နဲ႔ စစ္ေတြကမ္းေျခရွိတယ္၊ မီးျပတိုက္ရွိတယ္၊ အဲ့ဒီေတြကို ဧည့္သည္ေတြက အမ်ားဆုံးသြားၾကပါတယ္” လို႔ ၎က ေျပာျပခဲ့ပါတယ္။

အငူေမာ္ - ေမာင္ေတာ ကြန္ကရစ္လမ္းပိုင္း

ဒါ့အျပင္ UEHRD အစီအစဥ္ျဖင့္ အငူေမာ္ - ေမာင္ေတာ လမ္းအဆင့္ျမႇင့္တင္ေရး စီမံကိန္းကို ၂ဝ၁၇ ခုႏွစ္၊ ႏိုဝင္ဘာလလယ္ကပင္ ေဖာက္လုပ္လ်က္ရွိၿပီး အဆိုပါလမ္းဟာ လမ္းအက်ယ္ ၁၈ ေပ၊ အျမင့္ ၉ လက္မ ကြန္ကရစ္လမ္း အမ်ိဳးအစားျဖစ္သလို ၄၉ မိုင္ ၆ ဖာလုံ ရွည္လ်ားကာ လုပ္ငန္းခြင္မွာ စက္ယႏၲရား ၂ဝဝ နီးပါးနဲ႔ လုပ္သားဦးေရ ၁၅ဝဝ နီးပါး အသုံးျပဳၿပီး တစ္ေန႔လွ်င္ အလုပ္ခ်ိန္ ႏွစ္ခ်ိန္ခြဲၿပီးေတာ့ ေန႔၊ ည အဆိုင္းေတြနဲ႔ အေကာင္အထည္ေဖာ္ကာ ေဆာင္႐ြက္ေနၾကပါတယ္။ ထို႔အတူ အခုလက္ရွိမွာလည္း ေမာင္ေတာ - အငူေမာ္ လမ္းပိုင္း ၂၃ မိုင္ကို ေအးရွားေဝါကုမၸဏီမွ အဆင့္ျမင့္လမ္းအျဖစ္ ေဖာက္လုပ္လႉဒါန္းထားၿပီးျဖစ္သလို ေမာင္ေတာသို႔ ဆက္လက္ေဖာက္လုပ္မွာ ျဖစ္တဲ့အတြက္ အဆိုပါကြန္ကရစ္လမ္းပိုင္းတစ္ခုလုံး ၿပီးစီးသြားပါက အငူေမာ္နဲ႔ ေမာင္ေတာကို အခ်ိန္ ၂ နာရီအတြင္း သြားေရာက္ႏိုင္မယ္လို႔လည္း ဆိုပါတယ္။ဒါေၾကာင့္ အဆိုပါလမ္းပိုင္းဟာ ေဒသခံေတြအတြက္ အေရးပါတဲ့ လမ္းပိုင္းတစ္ခုဆိုလည္း မမွားပါဘူး။

“က်ေနာ္တို႔က ေမာင္ေတာေဒသရဲ႕ တည္ၿငိမ္ေအးခ်မ္းမႈနဲ႔အတူ ကြၽန္ေတာ္တို႔ စီးပြားေရးျပန္လည္ေကာင္းမြန္လာဖို႔ကို ဦးတည္ၿပီးေတာ့ လမ္းပန္းဆက္သြယ္ေရး ကိစၥေတြ၊ လွ်ပ္စစ္မီး ကိစၥေတြ၊ ကြၽန္ေတာ္တို႔ ဒီေဒသမွာ စီးပြားေရးဇုန္ေတြ ထူေထာင္ႏိုင္ဖို႔ကုန္သြယ္မႈ လုပ္ႏိုင္ဖို႔ကိုပါ ကြၽန္ေတာ္တို႔ Plan ေတြ ဆြဲၿပီးေတာ့ လုပ္ေနတယ္၊ အခု အငူေမာ္ - ေမာင္ေတာ လမ္းေၾကာင္းမွာဆိုရင္ ျဖစ္စဥ္ေတြ ျဖစ္ပြားၿပီးေနာက္ပိုင္းမွာ ႏိုင္ငံေတာ္ရဲ႕ အစီအစဥ္နဲ႔ ကြန္ကရစ္လမ္း ခင္းေနပါတယ္၊ အေကာင္အထည္ေဖာ္ေနတယ္၊ ေနာက္ လွ်ပ္စစ္မီးဆိုရင္လည္း ႏိုင္ငံေတာ္ မဟာဓါတ္အားလိုင္းက ယူရၿပီး အခုလက္ရွိမွာ ၂၄ နာရီ လွ်ပ္စစ္မီးရရွိေရးကို ေဆာင္႐ြက္ၿပီးျဖစ္သလို ဘူးသီးေတာင္နဲ႔ ေမာင္ေတာ ရၿပီးျဖစ္ပါတယ္။အဲ့ဒီေဒသ တည္ၿငိမ္ေအးခ်မ္းၿပီ ဆိုလို႔ရွိရင္ ေဒသရဲ႕ စီးပြားေရးထူေထာင္ႏိုင္ဖို႔ ဖြံ႕ၿဖိဳးတိုးတက္လာဖို႔အတြက္ ႏိုင္ငံေတာ္ကေန Plan ေတြ ေရးဆြဲေဆာင္႐ြက္ေနတယ္ ဆိုတာကို ကြၽန္ေတာ့္အေနနဲ႔ ေျပာၾကားလိုပါတယ္” လို႔ ေမာင္ေတာခ႐ိုင္မွ ဦးရဲထူး က ေဒသဖြံ႕ၿဖိဳးေရး ကိစၥရပ္ေတြနဲ႔ ပတ္သက္လို႔ ဆက္လက္ရွင္းျပခဲ့ပါတယ္။

အဆိုပါ အငူေမာ္ - ေမာင္ေတာ ကြန္ကရစ္လမ္းပိုင္း အလုံးစုံၿပီးစီးၿပီဆိုရင္ေတာ့ ေဒသခံေတြရဲ႕ သြားလာေရး အပါအဝင္ ကုန္စည္ကူးသန္း ေရာင္းဝယ္မႈေတြလည္း ပိုမိုျမန္ဆန္လာမွာျဖစ္ၿပီး အရင္က ေရေၾကာင္းကိုသာ အားကိုးေနရတာကေန ကုန္းပိုင္းလမ္းကိုပါ အသုံးျပဳလာႏိုင္မွာ ျဖစ္တဲ့အတြက္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ မ်ားစြာအေထာက္အကူျပဳႏိုင္မယ့္ လမ္းပိုင္းတစ္ခုျဖစ္လာမယ့္ အေျခအေနမ်ိဳးလို႔လည္း ဆိုႏိုင္ပါတယ္။

“ဒီလမ္းပိုင္းက ေနာက္သုံးလအတြင္း ၿပီးမယ္လို႔ေတာ့ သိရတယ္၊ ဒီလမ္းမႀကီး ၿပီးသြားရင္ သြားလာဆက္သြယ္ေရး အပိုင္းမွာေတာ့ အမ်ားႀကီးေကာင္းသြားၿပီေပါ့၊ အခ်ိန္ကုန္လည္း သက္သာၿပီေပါ့” လို႔ အငူေမာ္ - ေမာင္ေတာကို ေျပးဆြဲေပးေနတဲ့ ယာဥ္လိုင္းမွ ကိုေအာင္ က သူ႔ရဲ႕အျမင္ကို ေျပာျပခဲ့ပါေသးတယ္။

ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္

ARSA အဖြဲ႕ရဲ႕ ေမာင္ေတာေဒသ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္စဥ္ေတြ ေနာက္ပိုင္းမွာ ဘဂၤလားေဒ့ရွ္ဘက္ကို တိမ္းေရွာင္သြားတဲ့ လူဦးေရ သိန္းနဲ႔ခ်ီေသာ ပမာဏကို ျပန္လည္လက္ခံေရးအတြက္ လုပ္ငန္းစဥ္ဟာ အစိုးရအတြက္ေတာ့ စိန္ေခၚမႈတစ္ရပ္အျဖစ္ အေျခအေနမ်ိဳးရွိေနဆဲ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ျဖစ္စဥ္မ်ားအၿပီး ေနာက္ပိုင္း ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံသေဘာတူညီထားတဲ့ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္မ်ားအတိုင္း ဘဂၤလားေဒ့ရွ္ဘက္ကေန ျပန္လည္ဝင္ေရာက္လာတဲ့ ဘဂၤါလီလူမ်ိဳးေတြကို လက္ခံခဲ့တာရွိတယ္လို႔ ေမာင္ေတာခ႐ိုင္၊ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲထူး က ေျပာျပခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ႏွင့္ ပတ္သက္လို႔ ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ ကြၽန္ေတာ္တို႔က ျပန္လည္လက္ခံႏိုင္ဖို႔ကို သေဘာတူညီခ်က္မွာ ပါဝင္တဲ့ အခ်က္ေတြအတိုင္း အေကာင္အထည္ေဖာ္ၿပီးေတာ့ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္၊ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္ေန႔မွာ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ လက္မွတ္ေရးထိုးတယ္။
အဲ့ဒီသေဘာတူညီခ်က္အရ ကြၽန္ေတာ္တို႔ကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပန္လည္လက္ခံႏိုင္ဖို႔ဆိုၿပီး လက္ခံေရးစခန္းႏွစ္ခုကို ေဆာက္ပါတယ္။ေတာင္ၿပိဳနဲ႔ ငါးခူရ လက္ခံေရးစခန္းႏွစ္ခု အဲ့ဒါကို တည္ေဆာက္ၿပီးျဖစ္ပါတယ္၊ ၿပီးရင္ လက္ခံတဲ့သူေတြ ယာယီေနထိုင္ဖို႔အတြက္ လွဖိုးေခါင္ၾကားစခန္း၊ အဲ့ေတာ့ လက္ခံေရးစခန္းႏွစ္ခုနဲ႔ လွဖိုးေခါင္ၾကားစခန္းတစ္ခု စုစုေပါင္း စခန္းသုံးခုကို ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ အျပည့္အဝတည္ေဆာက္ၿပီး ျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ ၂၀၁၈ ဇန္နဝါရီလ ၂၃ ရက္ေန႔ကစၿပီးေတာ့ စခန္းေတြမွာ ႏိုင္ငံ့ဝန္ထမ္းေတြပါ ျပန္လည္လက္ခံေရးအတြက္ အကုန္လုံးကို အသင့္ျပင္ဆင္ၿပီး ေစာင့္ဆိုင္းေနတာ ျဖစ္ပါတယ္၊ အဲ့ေတာ့ တာဝန္က်ဝန္ထမ္းေတြကလည္း ဒီအခ်ိန္အထိ အဲ့ေန႔ကစၿပီးေတာ့ ရာထူးအဆင့္ဆင့္အလိုက္ တာဝန္ေပးအပ္ထားတာ ရွိပါတတယ္၊ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ စခန္းတစ္ခုမွာ တစ္ေန႔ဆိုရင္ ျပန္လည္လက္ခံႏိုင္မယ့္ လူဦးေရအင္အားက ၁၅၀ ရွိပါတယ္၊ အဲ့ေတာ့စခန္းႏွစ္ခုအတြက္ဆိုရင္ ကြၽန္ေတာ္တို႔ တစ္ေန႔ကို လူဦးေရ အေယာက္ ၃၀၀ လက္ခံလို႔ေအာင္ ကြၽန္ေတာ္တို႔ ျပန္လည္ျပင္ဆင္ထားပါတယ္” လို႔ ေမာင္ေတာခ႐ိုင္၊ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲထူး က ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ ရွင္းျပခဲ့ပါတယ္။

ဒါ့အျပင္ ႏွစ္ႏိုင္ငံျပန္လည္လက္ခံေရး လုပ္ငန္းစဥ္အရ ဝင္ေရာက္လာသူေတြကိုလည္း လွဖိုးေခါင္စခန္းမွာ ယာယီေနရာခ်ထားေပးၿပီးေတာ့ သူတို႔ရဲ႕ေနထိုင္မယ့္ ေနအိမ္အေဆာက္အဦးေတြကို မူလေနရာနဲ႔ အနီးဆုံးေနရာေတြမွာ ျပန္လည္တည္ေဆာက္ေပးဖို႔ အစီအစဥ္အတိုင္း ေဆာင္႐ြက္ေပးၿပီး အဲ့ဒီလိုလုပ္ေဆာင္တဲ့ အခ်ိန္မွာလည္း ျပန္လည္ဝင္ေရာက္လာသူ မိသားစုဝင္ေတြကို တစ္ဖက္ကလည္း ဝင္ေငြရရွိေအာင္ဆိုၿပီး စီစဥ္ေဆာင္႐ြက္ေနတာေတြ ရွိတယ္လု႔ိလည္း သူက ဆက္လက္ေျပာျပခဲ့ပါတယ္။

ထို႔အတူ ျပန္လည္လက္ခံဖို႔အတြက္ စာရင္းဇယားပိုင္းနဲ႔ ပတ္သက္ပါက ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ လုပ္ေဆာင္ေနတဲ့ အပိုင္းေတြရွိၿပီး ဘဂၤလားေဒ့ရွ္ဘက္ကေန ေပးပို႔တဲ့ စာရင္းဇယားေတြကိုလည္း အမွန္တကယ္ ေနထိုင္ခဲ့တာ ဟုတ္၊ မဟုတ္ကို ျပန္လည္စိစစ္ေနတာေတြ ရွိတယ္လို႔ ဦးရဲထူး က ေျပာပါတယ္။

“အဲ့ဒါေတြကိုလည္း ဆက္တိုက္ ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ လုပ္ေဆာင္ေနတယ္၊ တစ္ဖက္ကလည္း ကြၽန္ေတာ္တို႔ႏိုင္ငံက ႏိုင္ငံတကာအဖြဲ႕ေတြ ပူးေပါင္းပါဝင္ႏိုင္ဖို႔ဆိုၿပီး ေျမျပင္မွာဆိုလို႔ရွိရင္ UNDP နဲ႔ UNHCR နဲ႔ ပူးေပါင္းၿပီး တစ္ခ်ိဳ႕ျပန္လည္လက္ခံေရးအတြက္ ေျမျပင္ကြင္းဆင္းတဲ့ဟာေတြ စီမံခ်က္ေတြ ေရးဆြဲတာေတြကိုလည္း လုပ္ေနပါတယ္၊ သို႔ေသာ္လည္း လတ္တေလာျဖစ္ေပၚေနတဲ့ မတည္ၿငိမ္ အၾကမ္းဖက္ျဖစ္စဥ္ေတြေၾကာင့္ ဒီရက္ပိုင္း ကြၽန္ေတာ္တို႔ လုပ္ငန္းေတြမွာ ေႏွာင့္ေႏွးေနတာ ရွိပါတယ္။ဒါေပမဲ့ အခုရက္ပိုင္းအတြင္းမွာ ကြၽန္ေတာ္တို႔က ပူးေပါင္းၿပီးလုပ္တဲ့ အစီအစဥ္ကို လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္၊ ေနာက္တစ္ခု ဒီေဒသမွာရွိေနတဲ့ NGO ၊ INGO အဖြဲ႕ေတြနဲ႔ဲ ျပန္လည္ပူးေပါင္းၿပီး လက္ရွိက်န္ေနတဲ့ လူေတြအတြက္ လုပ္ငန္းစဥ္ေတြကိုလည္း ေဆာင္႐ြက္ေနပါတယ္၊ ေနာက္တစ္ခုကေတာ့ ကြၽန္ေတာ္တို႔ ျပန္လည္လက္ခံေရးနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္တို႔ဘက္က အၿမဲတမ္း အသင့္ျဖစ္ေၾကာင္း ေျပာၿပီးေတာ့ ကြၽန္ေတာ္တို႔က လုပ္ေနတာရွိပါတယ္၊ လုပ္သင့္လုပ္ထိုက္တာ ျပင္ဆင္တဲ့ အပိုင္းေတြကို လုပ္ေနတာျဖစ္တယ္၊ ဒီလိုျပန္လည္လက္ခံတဲ့ လုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း တစ္ဖက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကလည္း ပူးေပါင္းပါဝင္ရမွာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္အေနနဲ႔ ဘဂၤလားေဒ့ရွ္ သံအမတ္ႀကီးကို မၾကာခင္က ေခၚယူေတြ႕ဆုံၿပီး ဒီျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ေတြအတြက္ အျမန္ဆုံး ပူးေပါင္းပါဝင္ဖို႔ကိုလည္း ေျပာထားတယ္ဆိုတာကို သိရပါတယ္” လို႔ ေမာင္ေတာခ႐ိုင္၊ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲထူး က ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

ဒါေၾကာင့္လည္း အခု ရခိုင္ျပည္နယ္ ခရီးစဥ္ဟာ သတင္းသမားတစ္ဦးအတြက္ေတာ့ အံ့အားသင့္စရာေတြ၊ စိတ္ဝင္စားစရာေတြ ျပည့္ႏွက္ေနခဲ့တဲ့ ေလ့လာမွတ္သားစရာ ခရီးစဥ္တစ္ခုျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။

(ေျပသိမ္း - ကြင္းဆင္းေရးသားတင္ျပသည္။)
ေဖေဖာ္ဝါရီ - ၅