စက်သုံးဆီ အရောင်းဆိုင်များတွင် အရည်အသွေးနှင့် အချိန်အတွယ် မပြည့်မီ၍ တိုင်ကြားပါက ရှောင်တခင် စစ်ဆေးမည်

စက်သုံးဆီ အရောင်းဆိုင်များတွင် အရည်အသွေးနှင့် အချိန်အတွယ် မပြည့်မီ၍ တိုင်ကြားပါက ရှောင်တခင် စစ်ဆေးမည်

စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများ သတ်မှတ် အရည်အသွေးနှင့် အချိန်အတွယ် မပြည့်မီကြောင်း တိုင်ကြားပါက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ မူဝါဒနှင့် လုပ်ထုံး၊ လုပ်နည်း လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦး က ပြောပါတယ်။

စက်သုံးဆီ အရောင်းဆိုင်များ အချိန်အတွယ်နှင့် အရည်အသွေး မပြည့်မီပါက တိုင်ကြားရန် ကြေငြာထားသော်လည်း ပြည်သူလူထုက ပူးပေါင်းပါဝင်မှု အားနည်းနေပြီး တိုင်ကြားမှု လုံးဝမရှိသည့်အတွက် ပြည်သူများအနေဖြင့် ပုဂ္ဂလိက စက်သုံးဆီ သိုလှောင်ကန် စခန်းများနှင့် အရောင်းဆိုင်များမှ သိုလှောင်ဖြန့်ဖြူးရောင်းချသည့် စက်သုံးဆီများ သတ်မှတ်အရည်အသွေးနှင့် အချိန်အတွယ် မပြည့်ဝပါက အဆိုပါဆိုင်များတွင် ကြေငြာထားသည့် ဖုန်းနံပါတ်များအတိုင်း တိုင်ကြားနိုင်ကြောင်း၊ ယင်းသို့ တိုင်ကြားပါက ဌာနက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ပြီး ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူသွားမှာ ဖြစ်တယ်လို့ ၎င်းက ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတွင် ပြုလုပ်တဲ့ သတင်းထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ပြည်သူလူထုကို တိုင်ကြားလို့ရတယ်လို့ ထုတ်ပြန်ထားပေမယ့် ပြည်သူကိုယ်တိုင်က ကျနော်တို့ကို လှမ်းပြီးတိုင်တာ မရှိသေးဘူး။ကျနော်ဆိုလိုချင်တာက ပြည်သူတွေ ပူးပေါင်းပါဝင်ပြီး တိုင်ကြားစေချင်လို့ ဒီလိုထုတ်ထားတာ ဖြစ်ပါတယ်။သတ်မှတ် အရည်အသွေးနှင့် အချိန်အတွယ်များ မပြည့်မီကြောင်း တိုင်ကြားလာရင် ဥပဒေပါအတိုင်းပဲ ၆ လ ပိတ်ခံရမယ်၊ တစ်နှစ် ပိတ်ခံရမယ်။ထောင်ဒဏ်၊ ငွေဒဏ်တွေ ရှိတယ်။ဒီဆိုင်မှာ ဆီထည့်လို့ အချိန်အတွယ်မပြည့်ဘူး၊ အရည်အသွေး မပြည့်ဘူးဆိုရင် ကျနေ်ာတို့ MPPE မှာ သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်တွေ ပေးထားတယ်။အဲ့ဒီကို ဖုန်းဆက်ပြီး တိုင်လို့ရတယ်၊ အဲ့လိုတိုင်ရင် ကျနော်တို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ လုပ်မယ်။တိုင်မယ်ဆိုရင်တော့ တိတိကျကျတိုင်၊ အဲ့ဒါဆိုရင် ရှောင်တခင် ဝင်ရောက်စစ်ဆေးလို့ရတယ်။” လို့  လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦး က ပြောကြားခဲ့တာပါ။

ဒါ့အပြင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေနဲ့ Mobile Fuel Lab မော်တော်ယာဉ် (၆) စီး အသုံးပြု၍ ရှောင်တခင် စစ်ဆေးမှုများလည်း ဆောင်ရွက်နေပြီး သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီများက Mobile Fuel Lab မော်တော်ယာဉ်မပါဘဲ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများနှင့် စက်သုံးဆီ နမူနာရယူပြီး သက်ဆိုင်ရာ ဓါတ်ခွဲခန်းများသို့ ပို့ဆောင်စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ Mobile Fuel Lab မော်တော်ယာဉ် (၆) စီး အသုံးပြု၍ ရှောင်တခင် စစ်ဆေးခြင်းများအား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာ ဆောင်ရွက်နိုင်သေးသော်လည်း ပြည်နယ်နှင့် တိုင်းများမှာတော့ ဖွဲ့စည်းထားသည့် ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီများအနေဖြင့် ရှောင်တခင် စစ်မေးမှုများကို ပိုမို၍ တိုးမြှင့်စစ်ဆေးမှုများ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ပြုလုပ်တဲ့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

PTG
နေပြည်တော်၊ ဇန်နဝါရီ - ၁၇

( Zawgyi )

စက္သုံးဆီ အေရာင္းဆိုင္မ်ားတြင္ စက္သုံးဆီမ်ား သတ္မွတ္ အရည္အေသြးႏွင့္ အခ်ိန္အတြယ္ မျပည့္မီေၾကာင္း တိုင္ၾကားပါက ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္သြားမွာျဖစ္တယ္လို႔ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန၊ မူဝါဒႏွင့္ လုပ္ထုံး၊ လုပ္နည္း လုပ္ငန္းစစ္ေဆးေရးဌာနခြဲမွ လက္ေထာက္အတြင္းဝန္ ဦးမင္းမင္းဦး က ေျပာပါတယ္။

စက္သုံးဆီ အေရာင္းဆိုင္မ်ား အခ်ိန္အတြယ္ႏွင့္ အရည္အေသြး မျပည့္မီပါက တိုင္ၾကားရန္ ေၾကျငာထားေသာ္လည္း ျပည္သူလူထုက ပူးေပါင္းပါဝင္မႈ အားနည္းေနၿပီး တိုင္ၾကားမႈ လုံးဝမရွိသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ပုဂၢလိက စက္သုံးဆီ သိုေလွာင္ကန္ စခန္းမ်ားႏွင့္ အေရာင္းဆိုင္မ်ားမွ သိုေလွာင္ျဖန႔္ျဖဴးေရာင္းခ်သည့္ စက္သုံးဆီမ်ား သတ္မွတ္အရည္အေသြးႏွင့္ အခ်ိန္အတြယ္ မျပည့္ဝပါက အဆိုပါဆိုင္မ်ားတြင္ ေၾကျငာထားသည့္ ဖုန္းနံပါတ္မ်ားအတိုင္း တိုင္ၾကားႏိုင္ေၾကာင္း၊ ယင္းသို႔ တိုင္ၾကားပါက ဌာနက ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး ေရနံနဲ႔ ေရနံထြက္ပစၥည္းဆိုင္ရာ ဥပေဒျဖင့္ အေရးယူသြားမွာ ျဖစ္တယ္လို႔ ၎က ဒီကေန႔ ဇန္နဝါရီ ၁၇ ရက္တြင္ ေနျပည္ေတာ္ရွိ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနတြင္ ျပဳလုပ္တဲ့ သတင္းထုတ္ျပန္ျခင္း အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

“ျပည္သူလူထုကို တိုင္ၾကားလို႔ရတယ္လို႔ ထုတ္ျပန္ထားေပမယ့္ ျပည္သူကိုယ္တိုင္က က်ေနာ္တို႔ကို လွမ္းၿပီးတိုင္တာ မရွိေသးဘူး။က်ေနာ္ဆိုလိုခ်င္တာက ျပည္သူေတြ ပူးေပါင္းပါဝင္ၿပီး တိုင္ၾကားေစခ်င္လို႔ ဒီလိုထုတ္ထားတာ ျဖစ္ပါတယ္။သတ္မွတ္ အရည္အေသြးႏွင့္ အခ်ိန္အတြယ္မ်ား မျပည့္မီေၾကာင္း တိုင္ၾကားလာရင္ ဥပေဒပါအတိုင္းပဲ ၆ လ ပိတ္ခံရမယ္၊ တစ္ႏွစ္ ပိတ္ခံရမယ္။ေထာင္ဒဏ္၊ ေငြဒဏ္ေတြ ရွိတယ္။ဒီဆိုင္မွာ ဆီထည့္လို႔ အခ်ိန္အတြယ္မျပည့္ဘူး၊ အရည္အေသြး မျပည့္ဘူးဆိုရင္ က်ေန္ာတို႔ MPPE မွာ သတ္မွတ္ထားတဲ့ ဖုန္းနံပါတ္ေတြ ေပးထားတယ္။အဲ့ဒီကို ဖုန္းဆက္ၿပီး တိုင္လို႔ရတယ္၊ အဲ့လိုတိုင္ရင္ က်ေနာ္တို႔ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးတာေတြ လုပ္မယ္။တိုင္မယ္ဆိုရင္ေတာ့ တိတိက်က်တိုင္၊ အဲ့ဒါဆိုရင္ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးလို႔ရတယ္။” လို႔  လက္ေထာက္အတြင္းဝန္ ဦးမင္းမင္းဦး က ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနအေနနဲ႔ Mobile Fuel Lab ေမာ္ေတာ္ယာဥ္ (၆) စီး အသုံးျပဳ၍ ေရွာင္တခင္ စစ္ေဆးမႈမ်ားလည္း ေဆာင္႐ြက္ေနၿပီး သက္ဆိုင္ရာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္လည္း ေရနံႏွင့္ ေရနံထြက္ပစၥည္းဆိုင္ရာ လုပ္ငန္းမ်ား ထိန္းသိမ္းႀကီးၾကပ္ေရး ဆပ္ေကာ္မတီမ်ားက Mobile Fuel Lab ေမာ္ေတာ္ယာဥ္မပါဘဲ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးမႈမ်ားႏွင့္ စက္သုံးဆီ နမူနာရယူၿပီး သက္ဆိုင္ရာ ဓါတ္ခြဲခန္းမ်ားသို႔ ပို႔ေဆာင္စမ္းသပ္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနတယ္လို႔လည္း ဆိုပါတယ္။

အဆိုပါ Mobile Fuel Lab ေမာ္ေတာ္ယာဥ္ (၆) စီး အသုံးျပဳ၍ ေရွာင္တခင္ စစ္ေဆးျခင္းမ်ားအား ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးကဲ့သို႔ ၿမိဳ႕ႀကီးမ်ားတြင္သာ ေဆာင္႐ြက္ႏိုင္ေသးေသာ္လည္း ျပည္နယ္ႏွင့္ တိုင္းမ်ားမွာေတာ့ ဖြဲ႕စည္းထားသည့္ ထိန္းသိမ္းႀကီးၾကပ္ေရး ဆပ္ေကာ္မတီမ်ားအေနျဖင့္ ေရွာင္တခင္ စစ္ေမးမႈမ်ားကို ပိုမို၍ တိုးျမႇင့္စစ္ေဆးမႈမ်ား ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ ဒီကေန႔ျပဳလုပ္တဲ့ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနရဲ႕ သတင္းစာရွင္းလင္းပြဲမွ သိရပါတယ္။

PTG
ေနျပည္ေတာ္၊ ဇန္နဝါရီ - ၁၇