ဘုရင်စနစ်ကို စော်ကားသော ထိုင်းအဖွားအိုကို ထောင် ၄၃ နှစ်ချ

ဘုရင်စနစ်ကို စော်ကားသော ထိုင်းအဖွားအိုကို ထောင် ၄၃ နှစ်ချ

တော်၀င်မိသားစုကိုဝေဖန်သော ရေးသားဖေါ်ပြချက်များကို အွန်လိုင်းတွင်မျှဝေသော အသက် ၆၅ နှစ်အရွယ် ထိုင်းအဖွားအိုကို ထိုင်းတရားရုံးတစ်ရုံးက အင်္ဂါနေ့တွင် ထောင် ၄၃ နှစ် ချမှတ်လိုက်ကြောင်း သူမ၏ရှေ့နေက ပြောကြားလိုက်သဖြင့် ထိုပြစ်ဒဏ်သည် ထိုင်းနိုင်ငံတွင် ဘုရင်စနစ်ကိုစော်ကားသောကြောင့်ကျခံရသည့် ပြစ်ဒဏ်များတွင် အပြင်းထန်ဆုံးဖြစ်သွားသည်။

သမိုင်းတွင် မကြုံဖူးသည့် လူငယ်များဦးဆောင်သည့် ဆန္ဒပြပွဲများတွင် ခေါင်းဆောင်များက ထောင် ၁၅ နှစ်အထိ ကျခံရနိုင်သည့် တော်၀င်မိသားစုကိုစော်ကားသည့် ဥပဒေကို ဂရုမစိုက်ဘဲ ဘုရင်စနစ်ကို ဗြောင်ကျကျဝေဖန်လာနေချိန်တွင် သူမကို ထိုသို့ထောင်ချလိုက်ခြင်းဖြစ်သည်။

အန်ချန် ပရီလတ် က ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ယူကျုတွင် မျှဝေတင်ဆက်မှု ၂၉ ခုလုပ်ခဲ့ကြောင်း ၀န်ခံသည်ဟု သူ၏ရှေ့နေ ပ၀င်နီ ချမ်ဆရီ ပြောသည်။

အန်ချန် ကို မူလက ထောင် ၈၇ နှစ် ချခဲ့သော်လည်း သူမသည် အပြစ်ရှိကြောင်း ၀န်ခံသောကြောင့် ပြစ်ဒဏ်ကို တစ်၀က်လျှော့ပေးသည်ဟု သူမ၏ရှေ့နေကပြောသည်။

“ဒါကတော့ တော်၀င်မိသားစုကိုစော်ကားတဲ့ ဥပဒေအရ အပြင်းထန်ဆုံးပြစ်ဒဏ်ပဲ” ဟု ထိုင်းလူ့အခွင့်ရေးရှေ့နေများအဖွဲ့၀င် ပ၀င်နီ ပြောသည်။

အန်ချန်သည် ယခုတရားရုံးထက် အဆင့်မြင့်သော အထက်တရားရုံးနှစ်ရုံးသို့ အယူခံ၀င်နိုင်ကြောင်းလည်း ထိုရှေ့နေကပြောသည်။

ထိုင်းနိုင်ငံတွင် ဘုရင်စနစ်ကိုစော်ကားသောကြောင် ချမှတ်ခံရသည့် ထောင်ဒဏ်များတွင် ယခုအမှုသည် အမြင့်မားဆုံးဖြစ်ကြောင်း အခြားလူ့အခွင့်အရေးအဖွဲ့နှစ်ဖွဲ့ဖေါ်ပြသည်။ထိုအမှုအတွက် တုန်လှုပ်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ပြောသည်။

အရပ်သားအစိုးရကို စစ်တပ်ကဖြုတ်ချပြီး လအတန်ကြာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် အန်ချန်၏ နေအိမ်ကို လုံခြုံရေးအဖွဲ့က ၀င်ရောက်စီးနင်းခဲ့သည်။

မူလက စစ်ခုံရုံးတင်ထားသော သူမ၏အမှုကို ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအပြီးတွင်  အာဏာရသော အာဏာသိမ်းခေါင်းဆောင် ပရာယွဒ် အစိုးရ၀န်ကြီးချုပ်ဖြစ်သောအခါ အရပ်ဖက်တရားရုံးသို့ လွှဲပြောင်းပေးခဲ့သည်။

၂၀၁၄ ခုနှစ် အာဏာသိမ်းပွဲအပြီးတွင် တော်၀င်မိသားစုကို စော်ကားသည်ဟူသည့် ဥပဒေဖြင့်  အနည်းဆုံးလူပေါင်း ၁၆၉ ဦးကို စွဲချက်တင်ခဲ့ကြောင်းနှင့် အချို့အမှုများကို နှစ်ရှည်စစ်ဆေးရကြောင်း ထိုင်းရှေ့နေများအခွင့်အရေးအဖွဲ့က ဆိုသည်။

နို၀င်ဘာလမှစတင်ပြီး လူငယ် ၄၉ ဦးကို တော်၀င်မိသားစုကိုစော်ကားသည့် ဥပဒေဖြင့် စွပ်စွဲထားသော်လည်း ရုံးတင်စစ်ဆေးခြင်း မပြုသေးပေ။

Linko
Ref : Reuter
ဗန်ကောက်၊ ဇန်နဝါရီ - ၂၀

( Zawgyi )

ေတာ္၀င္မိသားစုကိုေဝဖန္ေသာ ေရးသားေဖၚျပခ်က္မ်ားကို အြန္လိုင္းတြင္မွ်ေဝေသာ အသက္ ၆၅ ႏွစ္အ႐ြယ္ ထိုင္းအဖြားအိုကို ထိုင္းတရား႐ုံးတစ္႐ုံးက အဂၤါေန႔တြင္ ေထာင္ ၄၃ ႏွစ္ ခ်မွတ္လိုက္ေၾကာင္း သူမ၏ေရွ႕ေနက ေျပာၾကားလိုက္သျဖင့္ ထိုျပစ္ဒဏ္သည္ ထိုင္းႏိုင္ငံတြင္ ဘုရင္စနစ္ကိုေစာ္ကားေသာေၾကာင့္က်ခံရသည့္ ျပစ္ဒဏ္မ်ားတြင္ အျပင္းထန္ဆုံးျဖစ္သြားသည္။

သမိုင္းတြင္ မႀကဳံဖူးသည့္ လူငယ္မ်ားဦးေဆာင္သည့္ ဆႏၵျပပြဲမ်ားတြင္ ေခါင္းေဆာင္မ်ားက ေထာင္ ၁၅ ႏွစ္အထိ က်ခံရႏိုင္သည့္ ေတာ္၀င္မိသားစုကိုေစာ္ကားသည့္ ဥပေဒကို ဂ႐ုမစိုက္ဘဲ ဘုရင္စနစ္ကို ေျဗာင္က်က်ေဝဖန္လာေနခ်ိန္တြင္ သူမကို ထိုသို႔ေထာင္ခ်လိုက္ျခင္းျဖစ္သည္။

အန္ခ်န္ ပရီလတ္ က ၂၀၁၄ ခုႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္အတြင္း ယူက်ဳတြင္ မွ်ေဝတင္ဆက္မႈ ၂၉ ခုလုပ္ခဲ့ေၾကာင္း ၀န္ခံသည္ဟု သူ၏ေရွ႕ေန ပ၀င္နီ ခ်မ္ဆရီ ေျပာသည္။

အန္ခ်န္ ကို မူလက ေထာင္ ၈၇ ႏွစ္ ခ်ခဲ့ေသာ္လည္း သူမသည္ အျပစ္ရွိေၾကာင္း ၀န္ခံေသာေၾကာင့္ ျပစ္ဒဏ္ကို တစ္၀က္ေလွ်ာ့ေပးသည္ဟု သူမ၏ေရွ႕ေနကေျပာသည္။

“ဒါကေတာ့ ေတာ္၀င္မိသားစုကိုေစာ္ကားတဲ့ ဥပေဒအရ အျပင္းထန္ဆုံးျပစ္ဒဏ္ပဲ” ဟု ထိုင္းလူ႔အခြင့္ေရးေရွ႕ေနမ်ားအဖြဲ႕၀င္ ပ၀င္နီ ေျပာသည္။

အန္ခ်န္သည္ ယခုတရား႐ုံးထက္ အဆင့္ျမင့္ေသာ အထက္တရား႐ုံးႏွစ္႐ုံးသို႔ အယူခံ၀င္ႏိုင္ေၾကာင္းလည္း ထိုေရွ႕ေနကေျပာသည္။

ထိုင္းႏိုင္ငံတြင္ ဘုရင္စနစ္ကိုေစာ္ကားေသာေၾကာင္ ခ်မွတ္ခံရသည့္ ေထာင္ဒဏ္မ်ားတြင္ ယခုအမႈသည္ အျမင့္မားဆုံးျဖစ္ေၾကာင္း အျခားလူ႔အခြင့္အေရးအဖြဲ႕ႏွစ္ဖြဲ႕ေဖၚျပသည္။ထိုအမႈအတြက္ တုန္လႈပ္ေၾကာင္း ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕ေျပာသည္။

အရပ္သားအစိုးရကို စစ္တပ္ကျဖဳတ္ခ်ၿပီး လအတန္ၾကာ ၂၀၁၅ ခုႏွစ္ ဇန္နဝါရီလတြင္ အန္ခ်န္၏ ေနအိမ္ကို လုံၿခဳံေရးအဖြဲ႕က ၀င္ေရာက္စီးနင္းခဲ့သည္။

မူလက စစ္ခုံ႐ုံးတင္ထားေသာ သူမ၏အမႈကို ၂၀၁၉ ခုႏွစ္ ေ႐ြးေကာက္ပြဲအၿပီးတြင္  အာဏာရေသာ အာဏာသိမ္းေခါင္းေဆာင္ ပရာယြဒ္ အစိုးရ၀န္ႀကီးခ်ဳပ္ျဖစ္ေသာအခါ အရပ္ဖက္တရား႐ုံးသို႔ လႊဲေျပာင္းေပးခဲ့သည္။

၂၀၁၄ ခုႏွစ္ အာဏာသိမ္းပြဲအၿပီးတြင္ ေတာ္၀င္မိသားစုကို ေစာ္ကားသည္ဟူသည့္ ဥပေဒျဖင့္  အနည္းဆုံးလူေပါင္း ၁၆၉ ဦးကို စြဲခ်က္တင္ခဲ့ေၾကာင္းႏွင့္ အခ်ိဳ႕အမႈမ်ားကို ႏွစ္ရွည္စစ္ေဆးရေၾကာင္း ထိုင္းေရွ႕ေနမ်ားအခြင့္အေရးအဖြဲ႕က ဆိုသည္။

ႏို၀င္ဘာလမွစတင္ၿပီး လူငယ္ ၄၉ ဦးကို ေတာ္၀င္မိသားစုကိုေစာ္ကားသည့္ ဥပေဒျဖင့္ စြပ္စြဲထားေသာ္လည္း ႐ုံးတင္စစ္ေဆးျခင္း မျပဳေသးေပ။

Linko
Ref : Reuter
ဗန္ေကာက္၊ ဇန္နဝါရီ - ၂၀