【နိုင်ငံတကာ】ယူကရိန်းစစ်ပွဲတွင် အောင်မြင်မရချိန် စစ်အင်အားတိုးချဲ့မည့်ဥပဒေ ပူတင်လက်မှတ်ထိုး

【နိုင်ငံတကာ】ယူကရိန်းစစ်ပွဲတွင် အောင်မြင်မရချိန် စစ်အင်အားတိုးချဲ့မည့်ဥပဒေ ပူတင်လက်မှတ်ထိုး

အိမ်နီးချင်းယူကရိန်းနိုင်ငံကို မအောင်မြင်သောကျူးကျော်မှု ၆ လကြာလာချိန်တွင် ရုရှားသမ္မတပူတင်က ရုရှားစစ်အင်အားကို လူ ၁၃၇၀၀၀ ထပ်မံတိုးချဲ့လိုနေပါတယ်။

ကြာသပတေးနေ့က လက်မှတ်ထိုးလိုက်သည့် ပူတင်၏ အမိန့်သည် ရုရှားအစိုးရအနေဖြင့် တပ်အင်အားကို ၁၃၇၀၀၀ တိုးချဲ့ခွင့်ပေးပြီး စစ်အင်အားမှာ တစ်သန်း၊ တစ်သိန်း၊ ငါးသောင်း အထိခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် RIA Novosti သတင်းဌာက ကြေညာလိုက်ပါတယ်။

သို့သော် ထိုဥပဒေတွင် စစ်အင်အားကို စစ်မှုမထမ်းမနေရစနစ်ဖြင့် တိုးချဲ့မည်၊ ပုံမှန်အတိုင်း လာရောက် ဆန္ဒပြုသူများဖြင့် တိုးချဲ့မည် သို့မဟုတ် နည်းလမ်း ၂ ခုလုံးသုံးမည်ကို ဖေါ်ပြထားခြင်း မရှိပေ။

ဖေဖေါ်ဝါရီလ နှောင်းပိုင်းတွင် ယူကရိန်းကျူးကျော်စစ်စတင်ပြီးနောက် သေဆုံး သို့မဟုတ် ဒဏ်ရာရသည့် စစ်သား ၈၀၀၀၀ အထိရှိမည်ဟု ပင်တာဂွန် စစ်ဌာနချုပ်က ခန့်မှန်းထားပါတယ်။

“ရုရှားက ယူကရိန်းကို ရက်စက်ကြမ်းကြုတ်စွာ ကြိုတင်ပြင်ဆင်တိုက်ခိုက်နေတာ အခုဆိုရင် ၆ လရှိပြီ” ဟု မူဝါ၏ဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီးက သတင်းထောက်များကို ပင်တဂွန်တွင်ပြောပါတယ်။ “ရုရှားရဲ့ အားနည်းမှုတွေကြောင့် မအောင်မြင်သလို နောင်လည်းအောင်မြင်မှာမဟုတ်ဘူး” ဟုလည်း သူကပြောခဲ့ပါတယ်။

ဘိုင်ဒင်အစိုးရက ယူကရိန်းအတွက် နောက်ထပ် လုံခြုံရေးအကူအညီ ဒေါ်လာ ၃ ဘီလီယံဖိုး ကြေညာလိုက်စဉ် ပူတင်က ယခုဥပဒေကို လက်မှတ် ထိုးခြင်းဖြစ်ပါတယ်။

Linko

Ref:washingtontimes

မော်စကို၊ ဩဂုတ် ၂၆