【နိုင်ငံတကာ】ရုရှားဒုံးကျည်များ ကျရောက်ပြီးနောက် အဆင့်မြင့်လေကြောင်းကာကွယ်ရေးစနစ်များ ယူကရိန်းကို အမေရိကန်ပေးမည်
မြို့တော် ကိယက်ဗ့် နှင့် အခြားမြို့များသို့ ရုရှားဒုံးကျည်များ ကျရောက်ပြီးနောက် ယူကရိန်းအား အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပံ့ပိုးပေးမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တနင်္လာနေ့တွင် ကတိပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။