【နိုင်ငံတကာ】အင်ဒိုနီးရှားမှာ ပျောက်ဆုံးနေတဲ့ အဖွားအိုကို စပါးအုံးမြွေ၏ဝမ်းဗိုက်ထဲကနေ ပြန်လည်တွေ့ရှိ

【နိုင်ငံတကာ】အင်ဒိုနီးရှားမှာ ပျောက်ဆုံးနေတဲ့ အဖွားအိုကို စပါးအုံးမြွေ၏ဝမ်းဗိုက်ထဲကနေ ပြန်လည်တွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျမ်ဘီမြို့အနီး ကျေးရွာတစ်ခုတွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် အဖွားအိုတစ်ဦးသည် ၎င်း၏နေအိမ်အနီးရှိ စိုက်ခင်းတစ်ခုတွင် ရာဘာစုဆောင်းနေစဉ် သောကြာနေ့က ပျောက်ဆုံးသွားခဲ့ပါတယ်။

ပျောက်ဆုံးသွားခဲ့သည့် အင်ဒိုနီးရှားအဖွားအိုအား နှစ်ရက်ကြာ လိုက်လံရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် ၂၂ ပေ အရှည်ရှိ စပါးအုံးမြွေ၏ ဝမ်းဗိုက်ထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။

ဂျာရာလို့ အမည်ရသူ အဖွားအို၏ မိသားစုဝင်များက အဖွားအိုပျောက်ဆုံးပြီး သောကြာနေ့ ညနေခင်းတွင် အရေးပေါ်ဝန်ဆောင်မှုကို အကြောင်းကြားခေါ်ယူခဲ့ပြီး အနီးနားရှိ တောအုပ်များတွင် စတင်ရှာဖွေခဲ့ကြကြောင်း ViralPress က ဖော်ပြခဲ့ပါတယ်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ရှာဖွေရေးအဖွဲ့တစ်ခုမှ စပါးအုံးမြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့ပြီး မြွေ၏ဝမ်းဗိုက်တွင် ကြီးမားသည့်အစာကို မျိုချထားသည့် အဖုအထစ်အရာများကို မြင်တွေ့ခဲ့ကြပါတယ်။

ကျေးရွာ၏ အကြီးအကဲဖြစ်သူ အန်တိုမှ "ဒေသခံတွေက မြွေကိုသတ်ပြီး ဗိုက်ကိုခွဲကြည့်တဲ့အခါမှာ အားလုံးအံ့အားသင့်သွားကြတယ်၊ ကျနော်တို့ရှာဖွေနေတဲ့ အဘွားအိုကို မြွေရဲ့ဗိုက်ထဲမှာ တွေ့လိုက်ရတာကြောင့်ပါ" ဟု ViralPress သို့ ဖြေကြားခဲ့ပါတယ်။

လူမှုကွန်ရက် အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံနှင့် ဗီဒီယိုများတွင်လည်း အဘွားအိုအား ရှာဖွေနေသူများက ‌စပါးအုံးမြွေကြီးကို လှီးဖြတ်ပြီး အလောင်းရုပ်ကြွင်းကို ပြန်လည်ရယူရန် ကြိုးပမ်းနေသည်ကို မြင်တွေ့ခဲ့ရပါတယ်။

အဘွားအို ပျောက်ဆုံးသွားသည်မှာ ၄၈ နာရီနီးပါး ကြာမြင့်ခဲ့ပြီး၊ စပါးအုံးမြွေကြီးမှ အဘွားအိုအား မြိုချခဲ့သည်ကိုလည်း မျက်မြင်သက်သေများ မရှိခဲ့ပေ။

အဘွားအိုအား မြိုချခဲ့သည့် စပါးအုံးမြွေကြီးသည် Reticulated အမျိုးအနွယ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးမြွေများဖြစ်ကာ ၂၈ ပေအထိ ရှည်လျားနိုင်ပြီး အလေးချိန် ပေါင် ၃၂၀ အထိ ကြီးထွားနိုင်သည်ဟု International Union for Conservation of Nature ၏ အစီရင်ခံစာအရ သိရပါတယ်။

Linko

Ref:FOXNews

ဂျမ်ဘီ၊ အောက်တိုဘာ ၂၆