【နိုင်ငံတကာ】အာရပ်ရနံ့မွှေးပါဝင်တဲ့ ပစ္စည်းတွေကို တရုတ်ရိုးရာအမွှေးနံ့သာယဉ်ကျေးမှုနဲ့ ရောယှက်လိုက်တဲ့အခါ ဘာတွေဖြစ်လာမလဲ။

【နိုင်ငံတကာ】အာရပ်ရနံ့မွှေးပါဝင်တဲ့ ပစ္စည်းတွေကို တရုတ်ရိုးရာအမွှေးနံ့သာယဉ်ကျေးမှုနဲ့ ရောယှက်လိုက်တဲ့အခါ ဘာတွေဖြစ်လာမလဲ။ 

တရုတ်နိုင်ငံအရှေ့တောင်ပိုင်းက ယုံချွန်းခရိုင်ဟာ အလွန်သေးငယ်တယ်ဆိုပေမဲ့ ဒီခရိုင်လေးဟာ တရုတ်နိုင်ငံရဲ့ အမွှေးနံ့သာဗဟိုချက်၄  နေရာထဲက တစ်နေရာဖြစ်လာနေပါပြီ။
စုန့်မင်းဆက်ခေတ်ကတည်းက အာရပ်ရနံ့မွှေးကုန်ကြမ်းတွေဟာ ရှေးခေတ်ပင်လယ်ပိုးလမ်းမကြီးမှတစ်ဆင့် ယုံချွန်းခရိုင်ကို ရောက်ရှိခဲ့ပြီး တရုတ်ရိုးရာ အမွှေးနံ့သာယဉ်ကျေးမှုနဲ့ တွေ့ဆုံပေါင်းစပ်ခဲ့ပါတယ်။ 
မန်ချူးမင်းဆက် ခေတ်ဦးပိုင်းမှာ တစ်မူထူးခြားတဲ့ အမွှေးအကြိုင်တစ်မျိုး ဖန်တီးနိုင်ခဲ့ပြီး ဒီနေရာမှာ ထုတ်လုပ်တဲ့အမွှေးအကြိုင်ကို ကမ္ဘာအရပ်ရပ်ဆီ တင်ပို့ရောင်းချခဲ့ပါတယ်။ အာရပ်ရိုးရာအတတ်ပညာနဲ့ပါဝင်ပစ္စည်းတွေဟာ တရုတ်ယဉ်ကျေးမှုနဲ့ ဘယ်လိုပေါင်းစပ်သွားပြီး မမေ့နိုင်စရာကောင်းတဲ့ ယုံချွန်းအမွှေးအကြိုင်ကို ဖန်တီးခဲ့သလဲဆိုတာ သိရှိရအောင် link ကို နှိပ်ပြီး ဗွီဒီယိုကြည့်လိုက်မယ်ဆိုရင် သိနိုင်မှာ ဖြစ်ပါတယ်။