【 နိုင်ငံတကာသတင်း 】ဝက်နှလုံးနဲ့ အမေရိကန်နိုင်ငံသား နှလုံးရောဂါသည်တစ်ဦး အသက်ဆက်ရှင်သန်

【 နိုင်ငံတကာသတင်း 】ဝက်နှလုံးနဲ့ အမေရိကန်နိုင်ငံသား နှလုံးရောဂါသည်တစ်ဦး အသက်ဆက်ရှင်သန်

ပြီးခဲ့တဲ့ တနင်္လာနေ့တွင် ဆရာဝန်များ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံသားတစ်ယောက်ဟာ ပြင်းထန်သော နှလုံးရောဂါခံစားခဲ့သောကြောင့် ဝက်၏နှလုံးဖြင့် အစားထိုးကုသပြီး ၃ ရက်အကြာတွင် ပြန်လည်သက်သာလာကြောင်း၊ ဤကဲ့သို့ ဝက်နှလုံးဖြင့် အစားထိုးကုသပေးမှုဟာ ပထမဆုံးဖြစ်ကြောင်း ဆိုပါတယ်။

မေရီလန်းဆေးတက္ကသိုလ်ကျောင်းရှိ ဆရာဝန်များက ထိုခွဲစိတ်ကုသမှုကို ပြုလုပ်ခဲ့ကြပြီး ဒါဟာ ဝက်၏ နှလုံးကို လူသားအတွက် အစားထိုးအသုံးပြုကုသသော ပထမဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်၊ ဒါကို မျိုးစေ့ဗီဇ တည်း ဖြတ်နည်းပစ္စည်းဖြင့် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အကယ်၍ ဤနှလုံးပြောင်းကုသမှုအောင်မြင်မည်ဆိုပါက ကိုယ်ခန္စာအစိတ်အပိုင်း လှူသူများနည်းပါးသော ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ကြပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ ကိုယ်တွင်းအင်္ဂါပြတ်လပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန် ကျွန်တော်တို့ ခြေလှမ်းတစ်လှမ်း တိုးနိုင်ခဲ့ပြီလို့‌ပြောရမှာပါ။ လက်ရှိကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကိုယ်တွင်းအင်္ဂါလိုအပ်မှုပြဿနာဟာ ပေးလှူ သူများ၏ ပေးကမ်းမှုပမာဏထက် ဝယ်လိုအားဟာ အဆမတန်ကွာဟနေပါတယ်ဟု ထိုခွဲစိတ်ကုသမှု တွင်ပါဝင်ခဲ့သော ဒေါက်တာ ဘတ်လေဂရီဖိစ်ကပြောပါတယ်။

ဝက်နှလုံးဖြင့် ခွဲစိတ်ကုသမှုခံယူသူဟာ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ မေရီလန်းက ဒေးဗစ်ဘာနက်ဖြစ်ပြီး ဒီနှလုံးပြောင်း ကုသမှုဟာ သူ့အတွက်တော့ နောက်ဆုံးရွေးချယ်မှုဖြစ်ပါတယ်။ အခြေအနေက ဒီလိုခွဲစိတ်မှုကို ခံယူမလား သို့မဟုတ် အသေခံမလားပဲ ဆိုတာပဲရှိတော့တယ်။

ကျွန်တော်ရှင်ချင်တာပေါ့၊ အမှောင်ထဲက အခွင့်အလမ်းတစ်ခုပဲ ဆိုတာကိုတော့ ကျွန်တော်သိတာပေါ့၊ ဒါပေမယ့် ဒါငါ့အတွက် နောက်ဆုံးအခွင့်အရေးပဲလေ ဟု သူကပြောပါတယ်။

ဝက်များဟာ လူသားများ၏ ကိုယ်အင်္ဂါနှင့်အနီးစပ်ဆုံးပုံစံရှိသော တိရစ္ဆာန်များဖြစ်ပြီး ယခင်ကတည်းက လူသားများ၏ ကိုယ်အင်္ဂါလိုအပ်ချက်ကို ဝက်၏ ကိုယ်အင်္ဂါများဖြင့် ပြောင်းလဲကုသရန် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ထို့အပြင် ဝက်၏ ကျောက်ကပ်၊ အသည်းနှင့် အဆုတ်တို့ကိုလည်း အသုံးပြုကာ အစားထိုး ကုသနိုင်ရန် ကြိုးစားနေဆဲဖြစ်ပါတယ်။

 

Naing

Ref:Reuters

နယူးယောက်၊ ဇန်နဝါရီ ၁၂