【 နိုင်ငံတကာ 】နှုတ်ဆက်မိန့်ခွန်းတွင် ထရမ့်က အောင်မြင်မှုများကို ဂုဏ်ယူပြီး အစိုးရသစ်အတွက် ဆုမွန်ကောင်း တောင်းပေး

【  နိုင်ငံတကာ 】နှုတ်ဆက်မိန့်ခွန်းတွင် ထရမ့်က အောင်မြင်မှုများကို ဂုဏ်ယူပြီး အစိုးရသစ်အတွက် ဆုမွန်ကောင်း တောင်းပေး

သမ္မတဒေါ်နယ်ထရမ်က သူ၏ နောက်ဆုံးမိန့်ခွန်းတွင် သမ္မတရွေးကောက်ခံရသူ ဂျိုးဘိုင်ဒင်အတွက် ဆုမွန်ကောင်း တောင်းပေးပြီး သူ၏ရာထူးသက်တမ်း ၄ နှစ်အတွင်းအောင်မြင်မှုများကို ဂုဏ်ယူပြောကြားသည်။

အင်္ဂါနေ့က ကြိုတင်ရိုက်ကူးထားသည့် မိန့်ခွန်းတွင် ထရမ့်က “အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတ သက်တမ်းကို ကျနော်နိဂုံးချုပ်ရင်းနဲ့ ကျနော်တို့အတူတကွ ရယူအောင်မြင်ခဲ့တာတွေအတွက် ကျနော် ခင်များရှေ့မှာ ဂုဏ်ယူစွာရပ်တည်နေပါတယ်။ ကျနော်တို့ဟာ ကျနော်တို့လုပ်ရမယ့်အလုပ်ကို လုပ်ခဲ့တယ်။ ဒီထက်မက အများကြီး လုပ်ခဲ့တယ်” ဟု သူပြောသည်။

“ဒီအပါတ်အတွင် ကျနော်တို့ဟာ အစိုးရသစ်ကို ကြိုဆိုပြီး အမေရိက လုံခြုံကြွယ်ဝချမ်းသာမှုကို ဆက်လက်ထိန်းသိမ်းရေး အောင်မြင်ဖို့ဆုတောင်းကြမယ်။ ကျနော်အကောင်းဆုံး ဆုမွန်တောင်ပေးမယ်။ သူတို့တွေကံကောင်းပါစေ။ ဒါဟာအရမ်းကို အရေးကြီးတဲ့စကားပဲ” ဟု ထရမ့်ဆက်ပြောသည်။

ထိုနောက်ထရမ့်က ကျေးဇူးတင်ကြောင်းပြောရာတွင် သူ့ကိုထောက်ခံခြင်းအတွက် မိသားစုက၊ သူ့ကိုအကာအကွယ်ပေးခြင်း အတွက် တနိုင်ငံလုံးမှ လျှို့ဝှက်ထောက်လှမ်းရေး၊ လက်နက်ကိုင်တပ်များနှင့် တရားဥပဒေစိုးမိုးရေးအရာရှိများကို ထည့်သွင်းပြောကြားသည်။

“အားလုံးထဲမှာ အမေရိကန် ပြည်သူတွေကို ကျေးဇူးအတင်ချင်ဆုံးပဲ။ ခင်များတို့ရဲ့ သမ္မတအဖြစ်တာဝန် ထမ်းဆောင် ရတာဟာ စကားနဲ့ဖေါ်ပြလို့မရတဲ့ ဂုဏ်ယူမှုပဲ။ ဒီထူးခြားတဲ့အခွင့်အရေးအတွက် ခင်များတို့ကို ကျေးဇူးတင်တယ်။ ဒါဟာ ထူးခြားတဲ့အခွင့်အရေးနဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာဖြစ်တယ်” ဟု သူဆက်ပြောသည်။

ထိုနောက်ထရမ့်က အခွန်ဖြတ်တောက်မှုကို အတည်ပြုခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြတ်တောက်ခြင်း၊ ကုန်သွယ်ရေး သဘောတူစာချုပ်များ ညှိနှိုင်းခြင်း၊ ပါရီ ရာသီဥတု သဘောတူစာချုပ်မှ နုတ်ထွက်ခြင်းနှင့် စီးပွားရေးတိုးတက်မှု စသည့် အောင်မြင်မှုများကို ပြန်လည်ပြောပြသည်။

“ နှစ်အနည်းငယ်အတွင်းမှာ ဝင်ငွေတွေ တိုးလာတယ်၊ လုပ်အားခတွေ မြင့်မားလာတယ်၊ အမေရိကန် အိပ်မက်ကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့တယ်၊ သန်းပေါင်းများစွာကို ဆင်းရဲနွမ်းပါးမှုကနေ ကယ်တင်နိုင်ခဲ့တယ်။ ဒါဟာ မယုံနိုင်စရာ အောင်မြင်မှု ဖြစ်တယ်။ စတော့ဈေးကွက်က စံချိန်တွေ တခုပြီးတခုချိုးတယ်။ တိုတောင်းတဲ့ကာလအတွင်းမှာ စတော့ဈေးကွက်မြင့်မားမှု ၁၄၈ ကြိမ်ဖြစ်ခဲ့ပြီး တနိုင်ငံလုံးက အလုပ်ကြိုးစားတဲ့ နိုင်ငံသားတွေအတွက် အငြိမ်းစားလစာငွေကို မြှင့်တင်ပေးခဲ့တယ်။ လေးသိန်းတစ်သောင်းဆိုတဲ့ အဆင့်ကို သူတို့အရင်ကမရောက်ဖူးဘူး” ဟု သူပြောသည်။

ကိုဗစ်နိုင်တင်းကာကွယ်ဆေးဖေါ်ထုတ်နိုင်ခြင်းအတွက်လည်း ထရမ့်ဂုဏ်ယူပြီး ဆေးပညာလောက၏ မယုံနိုင်လောက်သော အောင်မြင်မှုဖြစ်ကြောင်းပြောသည်။

ဖက်ဒရယ် တရားရေးရာထူး လစ်လပ်နေရာ ၃၀၀ ကိုဖြည့်ဆည်းခြင်းနှင့် တရားရုံးချုပ် တရားသူကြီးများ ခန့်အပ်ရာတွင် အောင်မြင်ခဲ့ကြောင်း ထရမ့် မှတ်ချက်ချသည်။

သူ၏ရာထူးသက်တမ်းအတွင် အမေရိကန်နယ်စပ်သည် သမိုင်းတွင် အလုံခြုံဆုံးဖြစ်ခဲ့ကြောင်းလည်း သူပြောသည်။

ပြည်ပတွင် အောင်မြင်မှုများအဖြစ် အီရတ်၊ ဆီးရီးယား အစ္စလမ်မစ် နိုင်ငံခေါင်းဆောင်နှင့် အီရန်ဗိုလ်ချုပ် ကဆမ် ဆိုလေမန်နီ တို့ကို သတ်ဖြတ်ခဲ့သော စစ်ဆေင်ရေးများကို သူပြောသည်။ ထိုသူများသည် ကမ္ဘာ့ထိပ်တန်း အကြမ်းဖက် သမားများဖြစ်ကြောင်း သူပြောသည်။

အစ္စရေးရှိ အမေရိကန် သံရုံးကို ဂျေရုဆလင်သို့ပြောင်းရွှေ့ခြင်းနှင့် အာရပ်နိုင်ငံ ၅ နိုင်ငံတို့ အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ခြင်း အောင်မြင်အောင်လုပ်နိုင်သောကြောင့် ဂုဏ်ယူကြောင်းလည်း သူပြောသည်။

“အရှေ့အလယ်ပိုင်းရဲ့ အာရုဏ်ဦးသစ်မှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ စစ်သားတွေကို အိမ်ပြန်ခေါ်နိုင်ခဲ့တယ်။ ဆယ်စုနှစ်များစွာအတွင်း စစ်ပွဲသစ်တွေ မစတင်ခဲ့တဲ့ ပထမဆုံး သမ္မတဖြစ်ရတာ ကျနော်ဂုဏ်ယူတယ်” ဟု သူပြောသည်။

နိုင်ငံရင်ဆိုင်နေရသည် ခြိမ်းခြောက်မှုမှာ မိမိတို့ကို မိမိတို့ယုံကြည်မှု ကင်းမဲ့နေခြင်းနှင့် အမျိုးသားကြီးမြတ်မှုကို ယုံကြည်မှု ဆုံးရှုံးနေခြင်း ဖြစ်ကြောင်းသူပြောသည်။

နိုင်ငံရေးဆင်ဆာဖြတ်တောက်မှုနှင့် အမည်ပျက်စာရင်းသွင်းခြင်းတို့ အမေရိကတွင် ဖြစ်ပေါ်နေသည်ကို ခွင့်မပြုရန် သူက သတိပေးခဲ့သည်။

“လွတ်လပ်ပွင့်လင်းစွာ ငြင်းခုန်ဆွေးနွေးမှုကို ပိတ်ပင်တာဟာ ကျနော်တို့ရဲ့အဓိကတန်ဖိုးနဲ့ သက်တမ်းအရှည်ဆုံး အစဉ်အလာတွေကို ချိုးဖေါက်တာပဲ” ဟု သူပြောသည်။

“ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန်မှာ အစိုးရသစ်ကို အာဏာလွှဲပေးဖို့ အခုပြင်ဆင်နေရင်း ကျနော်တို့စတင်ခဲ့တဲ့လှုပ်ရှားမှုဟာ အခုမှ အစပဲရှိသေးတယ်ဆိုတာ ခင်များတို့ကို ကျနော်သိစေချင်တယ်။ တခါမှ ဒါမျိုးမဖြစ်ဖူးဘူး။ နိုင်ငံဟာ နိုင်ငံသားတွေအတွက် ထမ်းဆောင်ပေးရမယ် ဆိုတဲ့ယုံကြည်ချက်က ဘယ်တော့မှ မပြိုကွဲဘဲ နေ့စဉ် ခိုင်မာလာတယ်” ဟု သူပြောသည်။

“အမေရိကန်ပြည်သူတွေဟာ နှလုံးသားကိုနက်ရှိုင်းစွာထားပြီး နိုင်ငံကို မြှုပ်နှံချစ်ခင်နေသမျှ ဒီနိုင်ငံအနေနဲ့ မအောင်မြင် မရယူနိုင်တာဘာမှမရှိဘူး။ ကျနော်တို့ လူမှု အသိုင်းအဝန်းဟာ အောင်မြင်ကြွယ်ဝမယ်။ ကျနော်တို့ရဲ့ အစဉ်အလာတွေကို ချစ်မြတ်နိုးကြမယ်။ ကျနော်တို့ရဲ့ယုံကြည်မှုက ခိုင်မာမယ်။ ကျနော်တို့ရဲ့ အနာဂါတ်က အရင်ထက်တောက်ပမယ်.” ဟုလည်းပြောသည်။

“ကျနော်ကတော့ ဒီ ကြီးကျယ်ခမ်းနားတဲ့နေရာကနေ သစ္စာရှိပြီး ပျော်ရွှင်တဲ့နှလုံးသား၊ အကောင်းမြင်တဲ့ စိတ်၊ ကျနော်တို့ နိုင်ငံအတွက် ကျနော်တို့ ကလေးတွေးအတွက် အကောင်းဆုံးတွေ ဖြစ်လာဦးမယ်ဆိုတဲ့ယုံကြည်ချက်နဲ့  ထွက်ခွာသွားပါ တော့မယ်” ဟုလည်း သူပြောသည်။

Linko
 Ref: IJR

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀

 

(   Zawgyi  )

 

 သမၼတေဒၚနယ္ထရမ္က သူ၏ ေနာက္ဆုံးမိန႔္ခြန္းတြင္ သမၼတေ႐ြးေကာက္ခံရသူ ဂ်ိဳးဘိုင္ဒင္အတြက္ ဆုမြန္ေကာင္း ေတာင္းေပးၿပီး သူ၏ရာထူးသက္တမ္း ၄ ႏွစ္အတြင္းေအာင္ျမင္မႈမ်ားကို ဂုဏ္ယူေျပာၾကားသည္။

အဂၤါေန႔က ႀကိဳတင္႐ိုက္ကူးထားသည့္ မိန႔္ခြန္းတြင္ ထရမ့္က “အေမရိကန္ျပည္ေထာင္စုရဲ႕ ၄၅ ေယာက္ေျမာက္ သမၼတ သက္တမ္းကို က်ေနာ္နိဂုံးခ်ဳပ္ရင္းနဲ႔ က်ေနာ္တို႔အတူတကြ ရယူေအာင္ျမင္ခဲ့တာေတြအတြက္ က်ေနာ္ ခင္မ်ားေရွ႕မွာ ဂုဏ္ယူစြာရပ္တည္ေနပါတယ္။ က်ေနာ္တို႔ဟာ က်ေနာ္တို႔လုပ္ရမယ့္အလုပ္ကို လုပ္ခဲ့တယ္။ ဒီထက္မက အမ်ားႀကီး လုပ္ခဲ့တယ္” ဟု သူေျပာသည္။

“ဒီအပါတ္အတြင္ က်ေနာ္တို႔ဟာ အစိုးရသစ္ကို ႀကိဳဆိုၿပီး အေမရိက လုံၿခဳံႂကြယ္ဝခ်မ္းသာမႈကို ဆက္လက္ထိန္းသိမ္းေရး ေအာင္ျမင္ဖို႔ဆုေတာင္းၾကမယ္။ က်ေနာ္အေကာင္းဆုံး ဆုမြန္ေတာင္ေပးမယ္။ သူတို႔ေတြကံေကာင္းပါေစ။ ဒါဟာအရမ္းကို အေရးႀကီးတဲ့စကားပဲ” ဟု ထရမ့္ဆက္ေျပာသည္။

ထိုေနာက္ထရမ့္က ေက်းဇူးတင္ေၾကာင္းေျပာရာတြင္ သူ႔ကိုေထာက္ခံျခင္းအတြက္ မိသားစုက၊ သူ႔ကိုအကာအကြယ္ေပးျခင္း အတြက္ တႏိုင္ငံလုံးမွ လွ်ိဳ႕ဝွက္ေထာက္လွမ္းေရး၊ လက္နက္ကိုင္တပ္မ်ားႏွင့္ တရားဥပေဒစိုးမိုးေရးအရာရွိမ်ားကို ထည့္သြင္းေျပာၾကားသည္။

“အားလုံးထဲမွာ အေမရိကန္ ျပည္သူေတြကို ေက်းဇူးအတင္ခ်င္ဆုံးပဲ။ ခင္မ်ားတို႔ရဲ႕ သမၼတအျဖစ္တာဝန္ ထမ္းေဆာင္ ရတာဟာ စကားနဲ႔ေဖၚျပလို႔မရတဲ့ ဂုဏ္ယူမႈပဲ။ ဒီထူးျခားတဲ့အခြင့္အေရးအတြက္ ခင္မ်ားတို႔ကို ေက်းဇူးတင္တယ္။ ဒါဟာ ထူးျခားတဲ့အခြင့္အေရးနဲ႔ ႀကီးျမတ္တဲ့ ဂုဏ္သိကၡာျဖစ္တယ္” ဟု သူဆက္ေျပာသည္။

ထိုေနာက္ထရမ့္က အခြန္ျဖတ္ေတာက္မႈကို အတည္ျပဳျခင္း၊ လုပ္ထုံးလုပ္နည္းမ်ား ျဖတ္ေတာက္ျခင္း၊ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္မ်ား ညႇိႏႈိင္းျခင္း၊ ပါရီ ရာသီဥတု သေဘာတူစာခ်ဳပ္မွ ႏုတ္ထြက္ျခင္းႏွင့္ စီးပြားေရးတိုးတက္မႈ စသည့္ ေအာင္ျမင္မႈမ်ားကို ျပန္လည္ေျပာျပသည္။

“ ႏွစ္အနည္းငယ္အတြင္းမွာ ဝင္ေငြေတြ တိုးလာတယ္၊ လုပ္အားခေတြ ျမင့္မားလာတယ္၊ အေမရိကန္ အိပ္မက္ကို ျပန္လည္ ထိန္းသိမ္းႏိုင္ခဲ့တယ္၊ သန္းေပါင္းမ်ားစြာကို ဆင္းရဲႏြမ္းပါးမႈကေန ကယ္တင္ႏိုင္ခဲ့တယ္။ ဒါဟာ မယုံႏိုင္စရာ ေအာင္ျမင္မႈ ျဖစ္တယ္။ စေတာ့ေဈးကြက္က စံခ်ိန္ေတြ တခုၿပီးတခုခ်ိဳးတယ္။ တိုေတာင္းတဲ့ကာလအတြင္းမွာ စေတာ့ေဈးကြက္ျမင့္မားမႈ ၁၄၈ ႀကိမ္ျဖစ္ခဲ့ၿပီး တႏိုင္ငံလုံးက အလုပ္ႀကိဳးစားတဲ့ ႏိုင္ငံသားေတြအတြက္ အၿငိမ္းစားလစာေငြကို ျမႇင့္တင္ေပးခဲ့တယ္။ ေလးသိန္းတစ္ေသာင္းဆိုတဲ့ အဆင့္ကို သူတို႔အရင္ကမေရာက္ဖူးဘူး” ဟု သူေျပာသည္။

ကိုဗစ္ႏိုင္တင္းကာကြယ္ေဆးေဖၚထုတ္ႏိုင္ျခင္းအတြက္လည္း ထရမ့္ဂုဏ္ယူၿပီး ေဆးပညာေလာက၏ မယုံႏိုင္ေလာက္ေသာ ေအာင္ျမင္မႈျဖစ္ေၾကာင္းေျပာသည္။

ဖက္ဒရယ္ တရားေရးရာထူး လစ္လပ္ေနရာ ၃၀၀ ကိုျဖည့္ဆည္းျခင္းႏွင့္ တရား႐ုံးခ်ဳပ္ တရားသူႀကီးမ်ား ခန႔္အပ္ရာတြင္ ေအာင္ျမင္ခဲ့ေၾကာင္း ထရမ့္ မွတ္ခ်က္ခ်သည္။

သူ၏ရာထူးသက္တမ္းအတြင္ အေမရိကန္နယ္စပ္သည္ သမိုင္းတြင္ အလုံၿခဳံဆုံးျဖစ္ခဲ့ေၾကာင္းလည္း သူေျပာသည္။

ျပည္ပတြင္ ေအာင္ျမင္မႈမ်ားအျဖစ္ အီရတ္၊ ဆီးရီးယား အစၥလမ္မစ္ ႏိုင္ငံေခါင္းေဆာင္ႏွင့္ အီရန္ဗိုလ္ခ်ဳပ္ ကဆမ္ ဆိုေလမန္နီ တို႔ကို သတ္ျဖတ္ခဲ့ေသာ စစ္ေဆင္ေရးမ်ားကို သူေျပာသည္။ ထိုသူမ်ားသည္ ကမာၻ႔ထိပ္တန္း အၾကမ္းဖက္ သမားမ်ားျဖစ္ေၾကာင္း သူေျပာသည္။

အစၥေရးရွိ အေမရိကန္ သံ႐ုံးကို ေဂ်႐ုဆလင္သို႔ေျပာင္းေ႐ႊ႕ျခင္းႏွင့္ အာရပ္ႏိုင္ငံ ၅ ႏိုင္ငံတို႔ အစၥေရးႏွင့္ ပုံမွန္ဆက္ဆံေရး ထူေထာင္ျခင္း ေအာင္ျမင္ေအာင္လုပ္ႏိုင္ေသာေၾကာင့္ ဂုဏ္ယူေၾကာင္းလည္း သူေျပာသည္။

“အေရွ႕အလယ္ပိုင္းရဲ႕ အာ႐ုဏ္ဦးသစ္မွာ က်ေနာ္တို႔ဟာ က်ေနာ္တို႔ရဲ႕ စစ္သားေတြကို အိမ္ျပန္ေခၚႏိုင္ခဲ့တယ္။ ဆယ္စုႏွစ္မ်ားစြာအတြင္း စစ္ပြဲသစ္ေတြ မစတင္ခဲ့တဲ့ ပထမဆုံး သမၼတျဖစ္ရတာ က်ေနာ္ဂုဏ္ယူတယ္” ဟု သူေျပာသည္။

ႏိုင္ငံရင္ဆိုင္ေနရသည္ ၿခိမ္းေျခာက္မႈမွာ မိမိတို႔ကို မိမိတို႔ယုံၾကည္မႈ ကင္းမဲ့ေနျခင္းႏွင့္ အမ်ိဳးသားႀကီးျမတ္မႈကို ယုံၾကည္မႈ ဆုံးရႈံးေနျခင္း ျဖစ္ေၾကာင္းသူေျပာသည္။

ႏိုင္ငံေရးဆင္ဆာျဖတ္ေတာက္မႈႏွင့္ အမည္ပ်က္စာရင္းသြင္းျခင္းတို႔ အေမရိကတြင္ ျဖစ္ေပၚေနသည္ကို ခြင့္မျပဳရန္ သူက သတိေပးခဲ့သည္။

“လြတ္လပ္ပြင့္လင္းစြာ ျငင္းခုန္ေဆြးေႏြးမႈကို ပိတ္ပင္တာဟာ က်ေနာ္တို႔ရဲ႕အဓိကတန္ဖိုးနဲ႔ သက္တမ္းအရွည္ဆုံး အစဥ္အလာေတြကို ခ်ိဳးေဖါက္တာပဲ” ဟု သူေျပာသည္။

“ဗုဒၶဟူးေန႔ မြန္းတည့္ခ်ိန္မွာ အစိုးရသစ္ကို အာဏာလႊဲေပးဖို႔ အခုျပင္ဆင္ေနရင္း က်ေနာ္တို႔စတင္ခဲ့တဲ့လႈပ္ရွားမႈဟာ အခုမွ အစပဲရွိေသးတယ္ဆိုတာ ခင္မ်ားတို႔ကို က်ေနာ္သိေစခ်င္တယ္။ တခါမွ ဒါမ်ိဳးမျဖစ္ဖူးဘူး။ ႏိုင္ငံဟာ ႏိုင္ငံသားေတြအတြက္ ထမ္းေဆာင္ေပးရမယ္ ဆိုတဲ့ယုံၾကည္ခ်က္က ဘယ္ေတာ့မွ မၿပိဳကြဲဘဲ ေန႔စဥ္ ခိုင္မာလာတယ္” ဟု သူေျပာသည္။

“အေမရိကန္ျပည္သူေတြဟာ ႏွလုံးသားကိုနက္ရႈိင္းစြာထားၿပီး ႏိုင္ငံကို ျမႇဳပ္ႏွံခ်စ္ခင္ေနသမွ် ဒီႏိုင္ငံအေနနဲ႔ မေအာင္ျမင္ မရယူႏိုင္တာဘာမွမရွိဘူး။ က်ေနာ္တို႔ လူမႈ အသိုင္းအဝန္းဟာ ေအာင္ျမင္ႂကြယ္ဝမယ္။ က်ေနာ္တို႔ရဲ႕ အစဥ္အလာေတြကို ခ်စ္ျမတ္ႏိုးၾကမယ္။ က်ေနာ္တို႔ရဲ႕ယုံၾကည္မႈက ခိုင္မာမယ္။ က်ေနာ္တို႔ရဲ႕ အနာဂါတ္က အရင္ထက္ေတာက္ပမယ္.” ဟုလည္းေျပာသည္။

“က်ေနာ္ကေတာ့ ဒီ ႀကီးက်ယ္ခမ္းနားတဲ့ေနရာကေန သစၥာရွိၿပီး ေပ်ာ္႐ႊင္တဲ့ႏွလုံးသား၊ အေကာင္းျမင္တဲ့ စိတ္၊ က်ေနာ္တို႔ ႏိုင္ငံအတြက္ က်ေနာ္တို႔ ကေလးေတြးအတြက္ အေကာင္းဆုံးေတြ ျဖစ္လာဦးမယ္ဆိုတဲ့ယုံၾကည္ခ်က္နဲ႔  ထြက္ခြာသြားပါ ေတာ့မယ္” ဟုလည္း သူေျပာသည္။

Linko
 Ref: IJR

ဝါရွင္တန္၊ ဇန္နဝါရီ ၂၀