【 နိုင်ငံတကာ 】ရှင်ကျန်းဒေသရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အမေရိကန်အစိုးရအရာရှိဟောင်းနှစ်ဦးဖွင့်ချမှု

【 နိုင်ငံတကာ 】ရှင်ကျန်းဒေသရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အမေရိကန်အစိုးရအရာရှိဟောင်းနှစ်ဦးဖွင့်ချမှု

တရုတ်၏ စီးပွားရေးပြိုင်ဘက်ကြီးဖြစ်တဲ့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်တွင် တရုတ်ဟာ ရှင်ကျန်းရှိ မူဆလင်များ ဖြစ်သော ဝီဂါလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်များကို ပြင်းထန်စွာ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်၏ စွပ်စွဲချက်များဟာ အတည်ပြုလို့မရသော အချက်အလက်များပေါ်အခြေခံထားတာ ဖြစ်တယ်ဆိုပါတယ်။

 “၂၀၁၇ မတ်လနောက်ပိုင်း တရုတ်အစိုးရ၏ ရှင်ကျန်းဒေသရှိ တုံ့ပြန်မှုများကို လေ့လာမှုမှ ရရှိထားသော အတည်ပြုချက်အရ ဒေသဆိုင်ရာ အစိုးရဟာ ဝီဂါလူမျိုးများအပေါ် ကြီးမားသော ဖိနှိပ်မှုများကို ကျူးလွန်ထားပြီး အခြားလူမျိုးစုများဖြစ်တဲ့ ကာဇက်လူမျိုးနှင့် ကာရ်ကစ်လူမျိုးများအပေါ်မှာလည်း ထိုနည်းတူ ကျူးလွန်ထားကြောင်းကို တွေ့ရှိခဲ့ပါတယ်” ဟု အမေရိကန်၏ စွပ်စွဲချက်အပေါ်တွင် ဖော်ပြထားပါတယ်။

အတင်းအကျပ်ခိုင်းစေမှုကိုတားမြစ်ထားသော နိုင်ငံတကာ လူ့အခွင့်အရေးကို ချိုးဖောက်ကာ တရုတ်ဟာ ထောင်ပေါင်းများစွာရှိသော ဝီဂါလူမျိုးများကို စက်ရုံနှင့် လယ်ကွင်းထဲတွင် အတင်းအကျပ် အလုပ်ခိုင်းစေမှု ပြုလုပ်ကြောင်း အမေရိကန်က စွပ်စွဲခဲ့ပါတယ်။ ယခင်က ဂွန်ကျူးရှိ ကောင်စစ်ဝန်ရုံးတွင် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဆီးလားကယ်ရီနှင့် အင်ဒရူးချီရားတို့က ၂၀၂၁ တုန်းက ထုတ်ဖော်ပြောကြားချက်အရ ဝီဂါလူမျိုးများ အတင်းအဓမ္မခိုင်းစေမှု၊ လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူ့အခွင့်အ ရေးချိုးဖောက်မှုများ ခံနေရကြောင်း ဝါဒဖြန့်ရသည့်အကြောင်းအရင်းကတော့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်စေရန် ဟန့်တားသော နည်းတစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ နောက်ဆုံးရည်မှန်းချက်ကတော့ တရုတ်ကို နိုင်ငံတကာတွင် မျက်နှာပျက်စေလိုသော ရည်ရွယ်ချက်ဖြစ်ပါတယ်။

ယခုလို အမေရိကန်သံတမန်ဟောင်းနှစ်ဦး၏ အမှန်တရားထုတ်ဖော်ပြောကြားမှုများဟာ ရိုးရှင်းတာထက် ပိုပါတယ်။ အမေရိကန်နိုင်ငံဟာ ရှင်ကျန်းဒေသက အတင်းအဓမ္မခိုင်းစေမှုအကြောင်းဖြင့် တရုတ်ကို စွပ်စွဲပြောဆိုရန် ပြင်ဆင်လာတာ ကြာခဲ့ပြီဖြစ်ပါတယ်၊ ထိုနည်းဖြင့်တရုတ်၏ တည်ငြိမ်စွာ တိုးတက်နေမှုကို ဟန့်တားရန် ကြိုးပမ်းလာပါတယ်။ လိမ်ညာမှုများကို ဖန်တီးခြင်းအားဖြင့် အမေရိကန်ဟာ စီးပွားရေးအကျိုးအမြတ်ရရှိလိမ့်မည်ဟု တွက်ဆထားခဲ့ပါတယ်။ တကယ်တော့ တစ်ဦးကိုတစ်ဦးသတ်ပုတ်ကြပြီး ပရိသတ်များကို ဖျော်ဖြေနေကြတာနဲ့ ပိုတူပါတယ်။

နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ရူးသွပ်နေပြီး ရှင်ကျန်း ပြဿနာဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြိုးပမ်းနေကြောင်း ဆိုပါတယ်။ ရှင်ကျန်းကို သွားရောက်လည်ပတ်ခဲ့သော နောက်ထပ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့သော အရာများမရှိကြောင်းနှင့် ညှင်းပန်းနှိပ်စက်မှုလည်း မရှိကြောင်းဆိုပါတယ်။ လူတစ်ယောက်၏ မဟုတ်မမှန်စွပ်စွဲချက်ဖြင့် ကျွန်တော်တို့အားလုံးဟာ လိမ်ညာသူများသာဖြစ်လာကြောင်းဆိုပါတယ်။

လွတ်လပ်သော နိုင်ငံတကာက ဖိုရမ်များဟာ တရုတ်နိုင်ငံတွင် အတင်းအကျပ်ခိုင်းစေမှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် အကျယ်ချုပ်စခန်း အစရှိသောအရာများရှိကြောင်း ဘယ်တုန်းကမှ သက်သေမပြနိုင်ခဲ့ပါဘူး။ အခြေအနေကြောင့် လိုအပ်သော အရာများတချို့ကြောင့် ဒါတွေဟာ တကယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်လည်း အမှန်ဖြစ်မသွားပါဘူး။

အနောက်နိုင်ငံက မီဒီယာများဟာ နှစ်ပေါင်းများစွာ လူများ၏ အတွေးအခေါ်နှင့် အယူအဆများကို ပြောင်းလဲစေရာတွင် အရေးကြီးသော နေရာကိုယူထားပါတယ်။ အနောက်နိုင်ငံများမှာတော့ ခေါင်းဆောင်များဟာ သတင်းမီဒီယာများ၏‌ ရေးသားချက်အပေါ်မူတည်ပြီး သူတို့ဟာ ဆုံးဖြတ်ချက်များကို ပြုလုပ်လေ့ရှိပါတယ်။ သို့သော်လည်း အနောက်နိုင်ငံများနဲ့ ဆက်စပ်နေသောသူများ ပြုလုပ်ထားသော သုတေသနများကို သတိမထားပဲ နေလို့မရပါဘူး အထူးသဖြင့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် အတင်းအကျပ်ခိုင်းစေမှုဆိုတဲ့ စွပ်စွဲချက်များဖြစ်ပါတယ်။

ဝါရှင်တန်မြို့တွင် အခြေစိုက်ထားသော Newsline Institute ဟာ ရှင်ကျန်းဒေသက လူ့အခွင့်အရေးများနဲ့ ပတ်သက်ပြီး လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူတို့၏ လေ့လာချက်ဟာ နိုင်ငံတကာ သတင်းစာများတွင်လည်း ပါဝင်ဖော်ပြခဲ့ပါတယ်။ သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ထိုလေ့လာချက်အစီရင်ခံစာကို ပယ်ချခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ထိုအစီအရင်ခံစာကို ပြုလုပ်သော အဖွဲ့ဟာ အချိန်ပြည့် အလုပ်လုပ်သော အဖွဲ့ဝင် ၈ ဦးသာရှိသောကြောင့် ဟုဆိုပါတယ်။

“ရှင်ကျန်းက ပြဿနာမဟုတ်ဘူး၊ တကယ်တော့ ဒီဒေသဟာ တိုးတက်နေပြီး ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိတယ်ဆိုတာဟာ ရှင်ကျန်းဒေသကို နိုင်ငံတကာစီးပွားရေးနဲ့ အဆက်အသွယ်ဖြတ်ပေးလိုက်တာနဲ့ တူပါတယ်။ ဒီလို စွပ်စွဲမှုများ ပြုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဝီဂါလူမျိုးများကို ဝမ်းနည်းစေပါလိမ့်မယ်၊ ပြီးတော့ လူမျိုးစုများအကြား ရှိနေသော ဆက်ဆံရေးများကိုလည်း ဖျက်ဆီးရာရောက်ပြီး ရှင်ကျန်းဒေသခံများ ဆင်းရဲခြင်းနှင့် တွင်းထဲတွန်းချသလို ဖြစ်ပါလိမ့်မယ်” ဟု ဆီးလားကယ်ရီနှင့် အင်ဒရူးချီရာတို့က ပြောပါတယ်။

Naing

Ref: Pakobserver-ne :   The Truth of Xinjiang: U.S. Officials Spoke Reality at a Cocktail   

ပေကျင်း၊ ဇွန် ၂၃