【 နိုင်ငံတကာ 】 တရုတ်နှင့် နိုင်ငံအချို့တို့အကြား ဗီဇာဆိုင်ရာ အဆင်ပြေစေရေး ဆောင်ရွက်ချက်များ ကျင့်သုံးခြင်းသည် ပြည်တွင်း၊ ပြည်ပ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်မည်

【 နိုင်ငံတကာ 】 တရုတ်နှင့် နိုင်ငံအချို့တို့အကြား ဗီဇာဆိုင်ရာ အဆင်ပြေစေရေး ဆောင်ရွက်ချက်များ ကျင့်သုံးခြင်းသည် ပြည်တွင်း၊ ပြည်ပ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်မည်

ပေကျင်း၊ ဖေဖော်ဝါရီ - ၁၂
 
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ မှစ၍ တရုတ် နိုင်ငံသည် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဟော်လန်၊ စပိန်နှင့် မလေးရှား ၆ နိုင်ငံတို့မှ သာမန်ပတ်စ်ပို့ ရှိသူများအား တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို စမ်းသပ်ကျင့်သုံးခဲ့ပါတယ်။
 
ယခုနှစ် ဇန်နဝါရီလ အလယ်တွင် တရုတ်နိုင်ငံက ဆွစ်ဇာလန်နှင့် အိုင်ယာလန် နှစ်နိုင်ငံတို့အား တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်ပေးကြောင်း ကြေညာခဲ့ပါတယ်။
 
မကြာခင်က တရုတ်နိုင်ငံသည် စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် သာမန်ပတ်စ်ပို့ရှိသူများအား ဗီဇာကင်းလွတ်ခွင့် အပြန်အလှန်ပေးခြင်း သဘောတူစာချုပ်များကို ရှေ့ဆင့်နောက်ဆင့် ချုပ်ဆိုခဲ့ပါတယ်။
 
တရုတ်နှင့် နိုင်ငံအချို့တို့အကြား ဗီဇာဆိုင်ရာ အဆင်ပြေစေရေး ဆောင်ရွက်ချက်များ ကျင့်သုံးခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကျယ်ပြန့်စွာ ကြိုဆိုမှု ရရှိခဲ့ပါတယ်။
 
နိုင်ငံများစွာမှ ပုဂ္ဂိုလ်များက ယင်းဆောင်ရွက်ချက်များသည် တရုတ်ပြည်တွင်း၊ ပြည်ပ ဝန်ထမ်းသွားလာမှုကို တစ်ဆင့်တိုး အဆင်ပြေစေပြီး ကမ္ဘာ့ခရီးသွား လုပ်ငန်း အရှိန်မြင့် နာလန်ပြန်ထူရန် အထောက်အကူဖြစ်စေကာ တရုတ်ပြည်တွင်း၊ ပြည်ပ အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း နက်ရှိုင်းစေရေးအတွက် ပိုမိုများပြားသော အခွင့်ကောင်းသစ်များကို ဆောင်ကြဉ်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။