【 နိုင်ငံတကာ 】 တရုတ်-အမေရိကန် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်ဆို

【 နိုင်ငံတကာ 】 တရုတ်-အမေရိကန် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်ဆို

ပေကျင်း၊ မတ် - ၄

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ ၄ ရက်နေ့တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးမှာ ကျင်းပခဲ့ပတယ်။

ပြောရေးဆိုခွင့်ရှိသူ Lou Qinjian က တရုတ်-အမေရိကန် ဆက်ဆံမှု ကောင်းမွန်တည်ငြိမ်လာခြင်းအပေါ် အားလုံးမျှော်လင့်ကြကြောင်း၊ တရုတ်နိုင်ငံသည် သမ္မတ ရှီကျင့်ဖျင်မှ ဖော်ပြခဲ့သော အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ပြီး win-win ရရှိရေးဟူသော အခြေခံမူ ၃ ရပ်အတိုင်း လိုက်နာဆောင်ရွက်ပြီး နှစ်နိုင်ငံဆက်ဆံမှု စဉ်ဆက်မပြတ် ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ ယင်းသည် တရုတ် နိုင်ငံ အမြဲတစေ စွဲကိုင်ထားရှိသည့် သဘောထား ရပ်တည်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် အမေရိကန်သည် ကတိပြုချက်အတိုင်း လိုက်နာဆောင်ရွက်ပြီး San Francisco တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များရရှိခဲ့သော သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်ဟု China Media Group သတင်းအရ သိရပါတယ်။