【 နိုင်ငံတကာ 】 တရုတ်-အီးယူ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

【 နိုင်ငံတကာ 】 တရုတ်-အီးယူ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ပေကျင်း၊ ဒီဇင်ဘာ - ၄

ကြာသပတေးနေ့တွင် ကျင်းပမည့် ဥရောပသမဂ္ဂနှင့် အဆင့်မြင့်ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံက တနင်္လာနေ့တွင် ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယင်က ၂၄ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေးကို ပေကျင်း၌ ကျင်းပမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။  

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မိုက်ကယ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဟွာက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။

ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံး လူကိုယ်တိုင်တွေ့ဆုံတဲ့ တရုတ်-အီးယူ ထိပ်သီးဆွေးနွေးပွဲလည်းဖြစ်ပါတယ်။တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် အတူ မိုက်ကယ်နှင့် လီယန်းတို့နှင့်အတူ ထိပ်သီးအစည်းအဝေးကို ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။

အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော်ရဲလ်လည်း ယင်းထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဂါဇာရှိ ဖြစ်ပွားနေသော စစ်ပွဲအပါအဝင် အီးယူ-တရုတ် ဆက်ဆံရေးနှင့် နိုင်ငံတကာအရေးကိစ္စများကို နှစ်ဘက်စလုံးက စေ့စေ့စပ်စပ် ဆွေးနွေးကြမည်ဟု မျှော်လင့်ရပါတယ်။

တရုတ်-အီးယူ ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင် ၂၇ ဦးပါ အုပ်စုက ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံမှ လျှပ်စစ်ကားတင်သွင်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို စတင်ပြီးနောက် ဖြစ်လာခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Anadolu Agency