【 နိုင်ငံတကာ 】 နွေဦးပွဲတော် အားလပ်ရက်များတွင် သွားလာမှု လုံခြုံပြီး စနစ်တကျရှိစေရေးအတွက် ဒေသအသီးသီး၌ အစီအမံများစွာဆောင်ရွက်နေကြ

【 နိုင်ငံတကာ 】 နွေဦးပွဲတော် အားလပ်ရက်များတွင် သွားလာမှု လုံခြုံပြီး စနစ်တကျရှိစေရေးအတွက် ဒေသအသီးသီး၌ အစီအမံများစွာဆောင်ရွက်နေကြ

ပေကျင်း၊ ဖေဖော်ဝါရီ - ၁၂
 
၂၀၂၄ ခုနှစ် နွေဦးပွဲတော်ခရီးသည် အထွေထွေပို့ဆောင်ရေးလုပ်ငန်းများသီးသန့်အသင်းမှ အချက်အလက်များအရ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တစ်နိုင်ငံလုံးတွင် ဒေသဖြတ်ကျော် သွားလာမှု အကြိမ်ပေါင်း သန်း ၁၉၀ ကျော်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၂၄.၂ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ယင်းအနက် ရထားဖြင့်သွားလာမှုအကြိမ်ရေ ၅ သန်း ၅ သိန်း ၆ သောင်းကျော်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၀၀.၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ ရေကြောင်းဖြင့်သွားလာမှု အကြိမ်ရေ ၅ သိန်း ၈ သောင်း ၃ ထောင်ကျော်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၃၅.၂ ရာခိုင်နှုန်း တိုးလာကြောင်း၊  လေကြောင်းဖြင့်သွားလာမှု အကြိမ်ရေ ၁ သန်း ၉ သိန်း ၂ သောင်း ၇ ထောင်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၀၉.၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရတယ်လို့ China Media Group သတင်းဌာနက ဖော်ပြထားပါတယ်။