
【 နိုင်ငံတကာ 】 ယခုသီတင်းပတ် အိန္ဒိယက လက်ခံကျင်းပမည့် အွန်လိုင်း G-20 ထိပ်သီးအစည်းအဝေးတွင် ပူတင် မိန့်ခွန်းပြောမည်
နယူးဒေလီ၊ နိုဝင်ဘာ - ၂၁
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် စက်တင်ဘာလက နယူးဒေလီတွင် လူကိုယ်တိုင်တက်ရောက်ရသည် ထိပ်သီးအစည်းအဝေးကို ရှောင်လွှဲပြီးနောက် ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် virtual G-20 ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။
ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က “ဟုတ်ကဲ့၊ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်” လို့ သတင်းထောက်များကို ပြောခဲ့ပါတယ်။
“အစီအစဉ်က ရှင်းပါတယ်။လက်ရှိအခြေအနေမှာ အလွန်တုန်လှုပ်ချောက်ချားစရာ ဖြစ်နေပါတယ်။ဟုတ်ပါတယ်၊ ရုရှားရဲ့ ရပ်တည်ချက်ကို အကြမ်းဖျဉ်း ဖော်ပြလိမ့်မယ်၊ ဒါဟာ အတော်လေး လူသိပြီးသားပါ။မျှတသလို တစ်သမတ်တည်းရှိပါတယ်” လို့လည်း သူကဆက်ပြောပါတယ်။
ပူတင်သည် ၂၀၂၂ ခုနှစ် အင်ဒိုနီးရှားနှင့် ယခုနှစ် အိန္ဒိယတွင် ကျင်းပခဲ့သော G-20 အဖွဲ့၏ နောက်ဆုံးနှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကို မတက်ရောက်ခဲ့ပေ။ယင်းအစား ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်သာ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
ရုရှားသမ္မတနှင့် အနောက်နိုင်ငံများမှ ခေါင်းဆောင်များသည် အချိန်ကြာမြင့်စွာ မတွေ့ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်မည့် အွန်လိုင်းအစည်းအဝေးတွင် ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ဖွယ်ရှိကြောင်း ရုရှားပြည်သူ့ရုပ်သံက တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ပူတင်က NATO အဖွဲ့ကို ကိယက်ဗ်အား လက်နက်ထောက်ပံ့ခြင်းဖြင့် ယူကရိန်းပဋိပက္ခကို ချဲ့ထွင်နေကြောင်း စွပ်စွဲခဲ့ပါတယ်။သူက အနောက်နိုင်ငံများကို ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးမှာ လက်တွေ့ကျကျ နားလည်သဘောပေါက်ဖို့ ကရင်မလင်၏ အခြေအနေများကို လက်ခံရန် တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံးက ပူတင်ကို ယူကရိန်းတွင် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများဖြင့် မတ်လက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
G-20 အွန်လိုင်းအစည်းအဝေးကို အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အိန္ဒိယသည် ယင်းအစုအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ရုရှားနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။
စိုးချစ်
သတင်းရင်းမြစ် - Laprensalatina