【 နိုင်ငံတကာ 】 ယူကရိန်းကို အကူညီဆက်ပေးမည်ဟု ပင်တဂွန်အကြီးအကဲ ဆက်အာမခံ

【 နိုင်ငံတကာ 】 ယူကရိန်းကို အကူညီဆက်ပေးမည်ဟု ပင်တဂွန်အကြီးအကဲ ဆက်အာမခံ

ကိယက်ဗ်၊ နိုဝင်ဘာ - ၂၁

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်သည် တနင်္လာနေ့တွင် ကိယက်ဗ်မြို့သို့ အံ့အားသင့်ဖွယ် လာရောက်လည်ပတ်ခဲ့ပြီး အမေရိကန်က ရုရှားကျူးကျော်မှုကို ခုခံကာကွယ်ရန် ယူကရိန်းအစိုးရအား ဆက်လက်ကူညီသွားမည်ဟု အာမခံခဲ့ရာ ဝါရှင်တန်၏ နိုင်ငံရေးတိုက်ပွဲထဲ ပင်တဂွန်ပါဝင်လာခဲ့ရာ ယူကရိန်းအတွက် အထောက်အပံ့အဖြစ် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပါတယ်။

“ယခုရော အနာဂတ်မှာပါ ရုရှားရဲ့ ရန်လိုမှုကို ဆန့်ကျင်တဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ ယူကရိန်းနဲ့အတူ အမေရိကန်က ဆက်လက်ရပ်တည်သွားမှာပါ” ဟု ကိယက်ဗ်သို့ ရောက်ရှိလာချိန်မှာ အော်စတင်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အော်စတင်သည် ရမ်စတိမ်းအစည်းအဝေးဟု သိကြသည် ယူကရိန်းကာကွယ်ရေးဆက်သွယ်ရေးအုပ်စု အစည်းအဝေးမတိုင်မီ နှစ်ရက်အလိုတွင် ကိယက်ဗ်သို့ ရောက်လာခြင်းဖြစ်ပြီး ယင်းအစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန် စီစဉ်ထားပါတယ်။

၎င်းသည် ယူကရိန်းအတွက် စစ်ရေးအကူအညီများ ညှိနှိုင်းဆောင်ရွက်ရန် နိုင်ငံပေါင်း ၅၀ ခန့်နှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

ကိယက်ဗ်တွင် အော်စတင်သည် ယူကရိန်းတပ်ဖွဲ့များအတွက်  ယခုဆောင်းရာသီတွင် ၎င်းတို့လိုအပ်နေသော စစ်မြေပြင်စွမ်းရည်များရှိစေရေးနှင့် အနာဂတ် ရုရှားခြိမ်းခြောက်မှုများမှ နိုင်ငံကိုကာကွယ်ရန်အပါအဝင် အမေရိကန်နှင့် ယူကရိန်းကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် အာရုံစိုက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အော်စတင်က ကွန်ဂရက်သို့ ယူကရိန်းနှင့် အစ္စရေးတို့အား အကူအညီများပေးရန် တောင်းဆိုထားပြီး ယူကရိန်းအတွက် ကမ္ဘာ့အကြီးဆုံး စစ်ဘက်ဆိုင်ရာ ထောက်ပံ့သူဖြစ်သည့် အမေရိကန်အနေဖြင့် အားလျော့မည် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Politico