
【 နိုင်ငံတကာ 】 ယူကရိန်းလူမျိုးတုံးသတ်ဖြတ်မှု ရုရှားကန့်ကွက်ချက်ကို ကမ္ဘာ့တရားရုံး ကြားနာမည်
သည်ဟိဂ်၊ စက်တင်ဘာ - ၁၈
ရုရှားနှင့် ယူကရိန်းတို့သည် ရုရှားကပြောဆိုထားသည့် ၎င်းတို့၏ ယူကရိန်းစစ်သည် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်ဖြစ်သည်ဆိုသည့် အမှုနှင့်ပတ်သက်ပြီး တနင်္လာနေ့ နိုင်ငံတကာတရားရုံးတွင် ငြင်းခုံကြမှာဖြစ်ပါတယ်။
ထိုအမှုကို လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရုရှားကျူးကျော်မှုအပြီး ရက်ပိုင်းအတွင်း ယူကရိန်းက ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးတွင် စွဲဆိုခြင်းဖြစ်ပါတယ်။
ရုရှားသည် ယူကရိန်းအရှေ့ပိုင်းကို ၎င်းတို့ကျူးကျော်မှု တရားမျှတကြောင်း ပြသရန် နိုင်ငံတကာဥပဒေကို အလွဲသုံးစားလုပ်နေသည်ဟု ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။
ရုရှားအရာရှိများက ယူကရိန်းသည် လူမျိုးတုံးသတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေသည်ဟု စွပ်စွဲခဲ့ပါတယ်။
ရုရှားက ထိုအမှုကိုပယ်ချပြီး နိုင်ငံတကာတရားရုံး၏ စီရင်ပိုင်ခွင့် ပြင်ပမှ အမှုဖြစ်ကြောင်း ပြောပါတယ်။ထိုအမှုကို စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဆက်လက်ကြားနာမည်ဖြစ်ပြီး အမှုအကြောင်းလေ့လာမည်မဟုတ်ဘဲ စီရင်ပိုင်ခွင့်ကြောင်းကိုသာ ဥပဒေကြောင်းအရ ဆွေးနွေးငြင်းခုံမည်ဖြစ်ပါတယ်။
မော်စကိုက ယူကရိန်းသည် ထိုအမှုကိုအသုံးချပြီး ရုရှား၏ စစ်ဆင်ရေး တရားဝင်၊ မဝင် ဆုံးဖြတ်ရန် ကြိုးစားသည်ဟု စွပ်စွဲခဲ့ပါတယ်။
နိုင်ငံတကာတရားရုံးက လွန်ခဲ့သောနှစ် မတ်လတွင် ထိုအမှုအတွက် ယူကရိန်းတင်ပြသည့်အတိုင်း ဆုံးဖြတ်ပြီးဖြစ်သောကြောင့် ယူကရိန်းအတွက် အခက်အခဲတစ်ခု ကျော်လွှားပြီးဖြစ်ပါတယ်။
ထိုဆုံးဖြတ်ချက်ကို အခြေခံပြီး နိုင်ငံတကာတရားရုံးက ယူကရိန်းမှ ရုရှားစစ်ဆင်ရေးများ ချက်ခြင်းရပ်ရန် အမိန့်ချထားပြီးဖြစ်ပါတယ်။
Linko
Ref - Reuters