
【 နိုင်ငံတကာ 】 ရုရှားက ဖျက်အားပြင်း လက်နက်သစ် ထုတ်သုံး
လန်ဒန်၊ နိုဝင်ဘာ - ၂၁
စစ်ဖြစ်နေသည့် ယူကရိန်းတောင်ပိုင်းတွင် ရုရှားက ပြုပြင်ပြောင်းလဲထားသည့် ဆင့်ကွဲဗုံးများကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြောင်း ဗီဒီယိုများနှင့် သတင်းများက ပြသနေပါတယ်။
မော်စကို စစ်ဘက်နှင့်ပတ်သက်နေသည်ဟု ယူဆရသည့် ရုရှားတယ်လီဂရမ်မှ ဖြန့်ချိပြီး အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုတွင် ဆင့်ကွဲဗုံးများဖြင့် ယူကရိန်းကျေးလက်ကို တိုက်ခိုက်ပြီး အဆက်မပြတ်ပေါက်ကွဲမှု ဒါဇင်ပေါင်းများစွာကို ပြသထားပါတယ်။သို့သော် ထိုဗီဒီယိုနှင့်ပတ်သက်သည့် အသေးစိတ်များကို မသိရဘဲ နယူးစ်ဝိခ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိပေ။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ယူကရိန်းစစ်ဦးစီးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ရုရှားမှ သြဇာကြီးမားသော ဘလော့ဂါအသိုက်အဝန်းက မော်စကို တပ်များသည် ဒွန်နက်စ်တောင်ပိုင်းတွင် RBK-500 ဆင့်ကွဲဗုံးကို ကြဲချကြောင်း တနင်္ဂနွေနေ့တွင် ဖော်ပြသည်ဟု စစ်လေ့လာရေးအင်စတီကျုက ဖော်ပြထားပါတယ်။
RBK-500 ဗုံးများကို ဒွန်နက်စ်မှ စတာရိုမာရော့ကျေးရွာအနီး ကြဲချသည်ဟု အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ စစ်လေ့လာရေးအင်စတီကျုက ဖော်ပြထားပါတယ်။
ထိုကျေးရွာသည် တောင်ပိုင်း ဇာပိုရီဇီးယား နယ်စပ်တွင် တည်ရှိပြီး ယူကရိန်းတပ်များက ပြန်လည်သိမ်းပိုက်ထားသည့် ဒေသဖြစ်ပါတယ်။
စိုးချစ်
သတင်းရင်းမြစ် - Newsweek