【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်၏ အရေးကြီးမိန့်ခွန်းနှင့်ပတ်သက်ပြီး ဆင်ဟွာသတင်းဌာန သတင်းဆောင်းပါးများ ရေးသားထုတ်ပြန်

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်၏ အရေးကြီးမိန့်ခွန်းနှင့်ပတ်သက်ပြီး ဆင်ဟွာသတင်းဌာန သတင်းဆောင်းပါးများ ရေးသားထုတ်ပြန်

ပေကျင်း၊ ဧပြီ - ၂

မတ်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ အလည်အပတ်ရောက်ရှိနေသော အမေရိကန် စက်မှုနှင့် ကုန်သွယ်ရေးလောကနှင့် မဟာဗျူဟာပညာရှင်လောကမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနှုတ်ဆက်ပြီး တရုတ်နိုင်ငံ၏ အမေရိကန်နှင့် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး သဘောထား ရပ်တည်ချက်နှင့် ခံယူချက်များကို နက်ရှိုင်းစွာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

၎င်းတွေ့ဆုံနှုတ်ဆက်မှုတွင် သမ္မတ ရှီကျင့်ဖျင်၏ အရေးကြီးမိန့်ခွန်းနှင့်ပတ်သက်၍ ဆင်ဟွာသတင်းဌာနသည် သတင်းဆောင်းပါး ၄ ပုဒ်ကို ရေးသားဖော်ပြခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။

မှန်ကန်သည့် မဟာဗျူဟာမြောက် အသိအမြင် ထူထောင်ရေး၊ အပြန်အလှန်အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ တိုးချဲ့ဖန်တီးရေး၊ ပြည်သူချင်း စိတ်ချင်းဆက်နွယ်စေရေး အားဖြည့်ဆောင်ရွက်ရေးနှင့် တရုတ်နှင့် အမေရိကန်တို့ win-win ရရှိလျှင် ကမ္ဘာအနေနှင့် အနိုင်ရရှိခြင်းဖြစ်ပြီး ကဏ္ဍ ၄ ခုမှနေ တရုတ်-အမေရိကန် ဆက်ဆံရေး ပိုမိုကောင်းမွန်သည့်အနာဂတ် မည်သို့ရရှိနိုင်မည်နည်းနှင့် စပ်လျဉ်း၍  သတင်းဆောင်းပါးများတွင် ဖော်ပြခဲ့ပါတယ်။