【 နိုင်ငံတကာ 】 ရှီနှင့် အင်ဒိုနီးရှား သမ္မတရွေးချယ်ခံရသူတို့ ပေကျင်းမှာ ဆွေးနွေး

【 နိုင်ငံတကာ 】 ရှီနှင့် အင်ဒိုနီးရှား သမ္မတရွေးချယ်ခံရသူတို့ ပေကျင်းမှာ ဆွေးနွေး

ပေကျင်း၊ ဧပြီ - ၂

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းသို့ ရောက်ရှိနေသည့် အင်ဒိုနီးရှား သမ္မတအဖြစ် ရွေးချယ်ခံရသူနှင့် မဟာ အင်ဒိုနီးရှားလှုပ်ရှားမှုပါတီ ဥက္ကဋ္ဌ ပရာဘိုဝို ဆူဘီယန်တိုကို တနင်္လာနေ့တွင် တွေ့ဆုံခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရသောကြောင့် ရှီက ပရာဘိုဝိုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး သမ္မတ ဂျိုကို ဝီဒိုဒိုထံ ဆုမွန်ကောင်းများ ဆောင်ယူသွားပေးရန် ပြောခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အလျင်အမြန်တိုးတက်လာသော အကျိုးရှိသည့် ဆက်ဆံရေးကို ပြန်လည်ပြောကြားရင်း ရှီက ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် နှစ်နိုင်ငံ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှု ဥပမာဖြစ်ပြီး ဘုံအနာဂတ်ရှိသော လူမှုအသိုက်အဝန်း တည်ဆောက်ရေး ခေတ်သစ်သို့ ရောက်လာကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနှင့် ဆက်ဆံရေးကို သေနင်္ဂဗျူဟာကျပြီး ရေရှည်အမြင်ဖြင့် ရှုမြင်ကာ အင်ဒိုနီးရှားနှင့် ဘက်စုံသေနင်္ဂဗျူဟာကျကျ နက်ရှိုင်းစေရန် စိတ်အားထက်သန်ကြောင်း ပြောပါတယ်။

နှစ်နိုင်ငံပြည်သူများ ပိုမိုအကျိုးရှိပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝရေးကို အကျိုးပြုရန် ဒေသတွင်းနှင့် ကမ္ဘာ့သြဇာရှိသည့် ဘုံအနာဂတ်ရှိသော တရုတ်-အင်ဒိုနီးရှား လူမှုအသိုက်အဝန်းထူထောင်ရေးတွင် တရုတ်သည် အင်ဒိုနီးရှားနှင့် လုပ်ကိုင်မည်ဟု ရှီက ပြောခဲ့ပါတယ်။

အောင်မြင်သော တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးအတွက် သော့ချက်မှာ သေနင်္ဂဗျူဟာ လွတ်လပ်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ကူညီမှု၊ နှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု၊ သမာသမတ်ရှိမှုနှင့် တရားမျှတမှုဖြစ်ကြောင်း ရှီက ပြောခဲ့ပါတယ်။

တရုတ်နှင့် အင်ဒိုနီးရှားတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကကျသည့် ကိုယ်စားလှယ်များနှင့် ထွန်းသစ်စ ဈေးကွက်များဖြစ်ကြောင်း ရှီ ပြောခဲ့ပါတယ်။

အတိတ်တွင် ၂ နိုင်ငံတို့သည် အမျိုးသားလွတ်လပ်ရေးနှင့် တိုးတက်ရေးတွင် အပြန်အလှန်ကူညီခဲ့ကြောင်း သူပြောပြီး အနာဂတ်တွင် နှစ်နိုင်ငံတို့သည် နှစ်ဘက်အကျိုးရှိသော တိုးတက်မှုနှင့် ဘုံတိုးတက်မှုအတွက် စံနမူနာချမှတ်ရန် သဘောရိုးဖြင့် ညီညွတ်သင့်ကြောင်းနှင့် တောင်ပိုင်းဆက်ဆံရေးတွင် လမ်းကြောင်းချသည့် နိုင်ငံများ ဖြစ်လာသင့်ကြောင်း ပြောခဲ့ပါတယ်။

နှစ်နိုင်ငံတို့သည် ၎င်းတို့၏ အမျိုးသားရေးအခြေအနေနှင့် ကိုက်ညီသည့် တိုးတက်ရေးလမ်းကြောင်းကို အခိုင်အမာလိုက်နာပြီး အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် တိုးတက်ရေး အကျိုးစီးပွားများကို ကာကွယ်ရာတွင် အပြန်အလှန်ထောက်ခံကာ တစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများနှင့် စိုးရိမ်ပူပန်မှုများကို နားလည်ထောက်ခံသင့်ကြောင်း ရှီက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနှင့် အပြန်အလှန်ဆက်ဆံရေး ထိန်းသိမ်းရန်၊ အုပ်ချုပ်ရေးအတွေ့အကြုံများ မျှဝေရန်၊ တိုးတက်ရေး သေနင်္ဂဗျူဟာများ ပူးပေါင်းအားကောင်းစေရန်၊ နိုင်ငံ ၂ ခု ဥယျာဉ် ၂ ခု တည်ဆောက်ရေးအစီအစဉ်ကို ပိုမိုအားပေးရန်နှင့် ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေးစင်္ကြံကို အားပေးရန်နှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေလိုကြောင်း ပြောခဲ့ပါတယ်။

တရုတ်သည် ဆင်းရဲနွမ်းပါးမှု လျှော့ချရာတွင် အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်မှု ကြံ့ခိုင်စေလိုကြောင်း သူပြောပြီး ထိုကိစ္စအတွက် အထောက်အကူပြုမည်ဟု သူက ပြောခဲ့ပါတယ်။

လက်ရှိအချိန်တွင် ကမ္ဘာသည် ရာစုနှစ်တစ်ခုအတွင်း မတွေ့ကြုံဖူးသည့် အရေးပါသည့် အပြောင်းအလဲများကို ရင်ဆိုင်နေရကြောင်း ရှီ ပြောကြားပြီး နှစ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို အကောင်အထည်ဖော်ကာ ဘန်ဒေါင်း သွေးစည်းခိုင်မာရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို အားပေးကာ အားလုံးကို အကျိုးရှိစေသည့် တန်းတူညီမျှ အားလုံးအကျုံးဝင်သည့် ဝင်ရိုးအများအပြားရှိသော ကမ္ဘာ့စီးပွားရေး ဆက်စပ်ပြောင်းလဲမှုကို မြှင့်တင်ကာ အပြန်အလှန်ညှိနှိုင်းမှု တောင့်တင်းစေပြီး ဖွံဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရမည်ဟု ရှီက ပြောခဲ့ပါတယ်။

တရုတ်သည် ASEAN ညီညွတ်ရေးနှင့် ဗဟိုပြုမှုကို မြှင့်တင်ရန် အင်ဒိုနီးရှားနှင့် အတူလုပ်ဆောင်ရန်၊ ပွင့်လင်းပြီး အားလုံးအကျုံးဝင်သည့် ဒေသတွင်းစနစ်တည်ဆောက်ရန်နှင့် ဘုံအနာဂတ်ရှိသော တရုတ်-ASEAN လူမှုအသိုက်အဝန်း တည်ဆောက်ရန် အသင့်ရှိသည်ဟု ရှီက ပြောခဲ့ပါတယ်။

ပရာဘိုဝိုက သမ္မတ ဂျိုကိုဝီဒိုဒို၏ နှုတ်ခွန်းဆက်စကားကို သယ်ဆောင်လာပြီး ရွေးကောက်ခံရပြီး ပထမဆုံးခရီးအဖြစ် တရုတ်သို့ လာရောက်ရသောကြောင့် ဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။

တရုတ်သည် အဓိကသြဇာကြီးမားသည့် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံတို့သည် တစ်ဘက်နှင့် တစ်ဘက် အမြဲလေးစားကာ တန်းတူညီမျှ ဆက်ဆံသင့်သည်ဟု သူကပြောခဲ့ပါတယ်။

ရှီ၏ ခေါင်းဆောင်မှုအောက်မှ တရုတ်ပြည်သူများ လုပ်ဆောင်ခဲ့သည့် အောင်မြင်မှုများကို လေးစားကြောင်း သူပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အတွေ့အကြုံများကို လေ့လာပြီး အုပ်ချုပ်ရေးကိစ္စများတွင် အမြင်ဖလှယ်လိုကြောင်း သူကပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG