【 နိုင်ငံတကာ 】 လီချန်သည် ဆီရာလီယွန် သမ္မတနှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 လီချန်သည် ဆီရာလီယွန် သမ္မတနှင့် တွေ့ဆုံ

ပေကျင်း၊ ဖေဖော်ဝါရီ - ၂၉

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ယခုလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဆီရာလီယွန် သမ္မတ Bio နှင့် ပေကျင်း၌ တွေ့ဆုံခဲ့ပါတယ်။

လီချန်က တရုတ်နိုင်ငံသည် ဆီရာလီယွန်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာများ ချိတ်ဆက်မှု ခိုင်မာစေပြီး အဓိကပရောဂျက်များ တည်ဆောက်ရေးကို စနစ်တကျတွန်းအားပေးကာ စိုက်ပျိုးရေး၊ စီးပွားကုန်သွယ်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ပြီး လူငယ်၊ ပညာရေး၊ ဆေးဝါးကုသရေး စသည့် လူမှုယဉ်ကျေးမှု ဖလှယ်မှုများ အားသစ်လောင်းပေးကာ အပြန်အလှန်အကျိုးနှင့် ရလဒ်ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Bio က ဆီရာလီယွန်နိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့်အတူ “Belt and Road” နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ မူဘောင်အောက်တွင် နယ်ပယ်အသီးသီး၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ပြီး ဆီရာလီယွန်-တရုတ် ဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေးလိုကြောင်း ပြောကြားတယ်လို့ China Media Group သတင်းအရ သိရပါတယ်။