【 နိုင်ငံတကာ 】 အင်ဒိုနီးရှား သမ္မတလောင်း သတင်းလွတ်လပ်ခွင့်အခမ်းအနား မတက်ရောက်

【 နိုင်ငံတကာ 】 အင်ဒိုနီးရှား သမ္မတလောင်း သတင်းလွတ်လပ်ခွင့်အခမ်းအနား မတက်ရောက်

ဂျကာတာ၊ ဖေဖော်ဝါရီ - ၁၂
 
အင်ဒိုနီးရှား သမ္မတလောင်း ၃ ဦးအနက် ၂ ဦးက ကမ္ဘာ့တတိယအကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ရန် ယခုအပတ်ကုန်ကကျင်းပသည့် အခမ်းအနားတွင် ကတိပြုကြသော်လည်း သမ္မတလောင်းများတွင် ထိပ်ဆုံးရောက်နေသူ ပရာဘိုဝို ဆူဘီယန်တိုသည် ထိုအခမ်းအနားသို့ တက်ရောက်ခြင်း မရှိပေ။
 
နိုင်ငံတွင် ခက်ခက်ခဲခဲရရှိထားသော ဒီမိုရေစီလွတ်လပ်မှုများ ဆုံးရှုံးမည်ကို အင်ဒိုနီးရှား နိုင်ငံသားအချို့ စိုးရိမ်နေစဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုအတွင် အထက်ပါ အခမ်းအနား ကျင်းပခြင်းဖြစ်ပါတယ်။
 
ရာထူးမှ နုတ်ထွက်ရတော့မည့် သမ္မတ ဂျိုကို ဝီဒိုဒို၏ နိုင်ငံရေးအရ စွက်ဖက်မှုအပေါ် ဝေဖန်မှုများရှိနေပါတယ်။ဂျိုကိုသည် ပရာဘိုဝိုကို တိတ်တဆိတ် ထောက်ခံနေသူဖြစ်ပါတယ်။
 
ယခင်က လက်ရှိသမ္မတများသည် ရာထူးဒုတိယသက်တမ်း ကုန်ဆုံးသောအခါ ဘက်မလိုက်ဘဲ ကြားနေခဲ့ကြပါတယ်။
 
မဲဆွယ်ပွဲ နောက်ဆုံးနေ့တွင် ဂျကာတာမြို့တော်ဝန်ဟောင်း အနိစ် ဘက်စ်ဝီဒန်နှင့် ဗဟို ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရန်နိုဝိုတို့သည် အမျိုးသား သတင်းကောင်စီ၏ ဒီမိုကရေစီနှင့်သတင်းလွတ်လပ်ခွင့် ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
 
ထိုအခမ်းအနားသို့ ပရာဘိုဝို၏ မဲဆွယ်ပွဲအဖွဲ့ခေါင်းဆောင်က သူ့အစား တက်ရောက် လက်မှတ်ထိုးခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရပေ။
 
သူ၏မဲဆွယ်အဖွဲ့က လတ်တလော အကြောင်းမပြန်သေးပေ။
 
စိုးချစ်
သတင်းရင်းမြစ် - Straitstimes