【 နိုင်ငံတကာ 】 အမေရိကန်ပြည်ထောင်စုနှင့် သတင်းစကားဖလှယ်ခဲ့ဟု အီရန်ပြော

【 နိုင်ငံတကာ 】 အမေရိကန်ပြည်ထောင်စုနှင့် သတင်းစကားဖလှယ်ခဲ့ဟု အီရန်ပြော

တီဟီရန်၊ ဖေဖော်ဝါရီ - ၁၂
 
ဂါဇာရှိ ဟားမတ်စ်အဖွဲ့ကို အစ္စရေးက စစ်ရေးအရ အရေးယူသည့် ကာလတစ်လျှောက်လုံး အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့ လက်ဘနွန် လက်နက်ကို ဟစ်ဇ်ဘိုလာအကြောင်းအပါအဝင် သတင်းစကား ဖလှယ်ခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် ပြောကြားလိုက်ပါတယ်။
 
“ဒီစစ်ပွဲအတွင်းနဲ့ မကြာသေးမီ ရက်သတ္တပတ်တွေမှာ အီရန်နဲ့ အမေရိကန်အကြား သတင်းစကားဖလှယ်ခဲ့တယ်” ဟု ဟိုစိန် အေမာရက်ဒိုလာဟိုင်ရန်က ဘေရွတ်သို့ တစ်ရက်ကြာ သွားရောက်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စကားပြန်မှတစ်ဆင့် ပြောပါတယ်။
 
အစ္စရေးကို တိုက်ခိုက်ရာတွင် အပြည့်အ၀ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ပတ်သက်ခြင်း မပြုရေးအတွက် ဟစ်ဇ်ဘိုလာကို ပြောပေးရန် အမေရိကန်က အီရန်ကို မေတ္တာရပ်ခံသည်ဟု သူက ပြောပါတယ်။
 
ဟစ်ဇ်ဘိုလာသည် ပါလက်စတိုင်း မဟာမိတ် ဟားမတ်စ်ကို ထောက်ခံသည့်အနေဖြင့် အစ္စရေး-လက်ဘနွန် နယ်စပ်တွင် နေ့စဉ်နီးပါး အစ္စရေး စစ်တပ်ကို တိုက်ခိုက်ပြီး အစ္စရေးက လက်ဘနွန်ကို အပြည့်အ၀စစ်ပွဲ ဆင်နွှဲက ချေမှုန်းပစ်မည်ဟု ကြိမ်းဝါးခဲ့ပါတယ်။
 
လက်ဘနွန်ကို ပိုမိုကျယ်ပြန့်သည့် စစ်မဆင်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးကို သတိပေးပြီး ထိုသို့လုပ်သည့်နေ့သည် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၏ နောက်ဆုံးနေ့ ဖြစ်လိမ့်မည်ဟု ပြောခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG