【 နိုင်ငံတကာ 】 အမ်မာစတုန်း၊ အီဗာ လောင်ဂေါ်ရီယာနှင့် ဂရက်တာ ဂါးဝစ်တို့ Directors Guild Of America Awards ဆုပေးပွဲ တက်ရောက်

【 နိုင်ငံတကာ 】 အမ်မာစတုန်း၊ အီဗာ လောင်ဂေါ်ရီယာနှင့် ဂရက်တာ ဂါးဝစ်တို့ Directors Guild Of America Awards ဆုပေးပွဲ တက်ရောက်

နယူးယောက်၊ ဖေဖော်ဝါရီ - ၁၂
 
စနေနေ့က ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် Directors Guild Of America Awards ဆုပေးပွဲတွင် အမ်မာ စတုန်း၊ အီဗာ လောင်ဂေါ်ရီယာနှင့် ဂရက်တာ ဂါးဝစ်တို့ တက်ရောက်ခဲ့ပါတယ်။
 
ဟောလီးဝုဒ်မှ ထိုအလှမယ် ၃ ဦးသည် ဗီဘာလီဟေးလ်မှ ဗီဘာလီ ဟီလ်တန်ဟိုတယ်တွင် ကျင်းပသည့် ယခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ရိုက်ကူးမှုပညာပွဲကို လှပသော ဝတ်စုံများဖြင့် ကူညီကျင်းပခြင်းဖြစ်ပါတယ်။
 
Poor Things ဇာတ်ကားသရုပ်ဆောင် အသက် ၃၅ အရွယ် အမ်မာသည် ပန်းရောင်ဝတ်စုံကို ဝတ်ဆင်တက်ရောက်ပြီး အခမ်းအနားအတွင်း အနက်ရောင် ဘလေဇာဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ခဲ့ပါတယ်။
 
Desperate Housewifes ဇာတ်ကားတွဲ သရုပ်ဆောင် အသက် ၄၈ နှစ်အရွက် အီဗာလောင်ဂေါ်ရီယာသည် ရွှေရောင်တောက်ပသည့် ဝတ်စုံဖြင့် တက်ရောက်ပြီး ကော်ဇော်နီကို ကျက်သရေတိုးစေခဲ့ပါတယ်။
 
Barbie ဒါရိုက်တာ ဂရက်တာ ဂါးဝစ်သည် ငွေကြယ်သီးများတပ်ဆင်ထားသည့် ကြက်သွေးရောင်ဝတ်စုံဖြင့် တက်ရောက်ခဲ့ပါတယ်။သူသည် DGA ဆုအတွက် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။
 
ဆုချီးမြှင့်ပွဲတွင် ခရစ်စတိုဖာနိုလန်က Oppenheimer ဇာတ်ကားအတွက် ယော်ဂို့စ် လန်သီမော့စ်က Poor Things ဇာတ်ကားအတွက်နှင့် မာတင် စကော့စီးက Killers of the Flower Moon ဇာတ်ကားအတွက်ဆုများရခဲ့ပါတယ်။
 
ဂရက်တာ ဂါးဝစ်က Barbie ဇာတ်ကားအတွက် နှင့် အလက်ဇန္ဒား ပိန်းက The Holdovers ဇာတ်ကားအတွက် ဆုများရရှိကြပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Dailymail