【 နိုင်ငံတကာ 】 CMG ၏ တရုတ်ရိုးရာ နဂါးနှစ် နွေဦးပွဲတော် အကြိုနေ့ ညပဒေသာကပွဲ ကြည့်ရှုသူ ဦးရေ စံချိန်သစ်တင်

【 နိုင်ငံတကာ 】 CMG ၏ တရုတ်ရိုးရာ နဂါးနှစ် နွေဦးပွဲတော် အကြိုနေ့ ညပဒေသာကပွဲ ကြည့်ရှုသူ ဦးရေ စံချိန်သစ်တင်

ပေကျင်း၊ ဖေဖော်ဝါရီ - ၁၁
 
ယခုလ ၉ ရက်နေ့ ညတွင် China Media Group ၏ ၂၀၂၄ ခုနှစ် နွေဦးပွဲတော် အကြိုနေ့ ည ပဒေသာကပွဲကို စီစဉ်ထားသည့်အတိုင်း ပြည်တွင်း၊ ပြည်ပ ပရိသတ်များအား ထုတ်လွှင့်ပြသပြီး စိတ်ရင်းစေတနာဖြင့် ပြည်သူလူထု အတွက် စိတ်လှုပ်ရှားစရာကောင်းသော “ယဉ်ကျေးမှုပွဲတော်” တစ်ခုကို ထောက်ပံ့ပေးခဲ့ပါတယ်။
 
၁၀ ရက်နေ့ နံနက်လင်းအားကြီးချိန်အထိ မီဒီယာ မျိုးစုံမှတစ်ဆင့် ပဒေသာကပွဲ စုစုပေါင်း ကြည့်ရှုမှု အကြိမ်ရေ ၁၄.၂ ဘီလီယံရှိပြီး ဆိုရှယ်မီဒီယာများတွင် သက်ဆိုင်ရာ comment စုစုပေါင်း အရေအတွက်မှာ ၂၆.၇၇၇ ဘီလီယံရှိကာ မီဒီယာသစ် Live ထုတ်လွှင့်မှုနှင့် ပင်လယ်ရပ်ခြားထုတ်လွှင့်မှုပမာဏတို့ အသီးသီး စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ China Media Group သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။