【 နိုင်ငံတကာ 】 CPPCC နှစ်ပတ်လည် အစည်းအဝေး ပေကျင်းတွင် စတင်ကျင်းပ

【 နိုင်ငံတကာ 】 CPPCC နှစ်ပတ်လည် အစည်းအဝေး ပေကျင်းတွင် စတင်ကျင်းပ

ပေကျင်း၊ မတ် - ၄

မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီတွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ (CPPCC) ဒုတိယအကြိမ် အစည်းအဝေးကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့ပါတယ်။

စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးအပါအဝင် လုပ်ငန်းနယ်ပယ် ၃၄ ခုမှ ကော်မတီဝင် ၂၁၀၀ ကျော် အစည်းအဝေးသို့ တက်ရောက်ပြီး တရုတ်အသွင်ပုံစံခေတ်မီရေး တည်ဆောက်မှုအတွက် အကြံဉာဏ်ကောင်းများ ပေးကြသည်ဟု China Media Group သတင်းအရ သိရပါတယ်။