ကိုဗစ်ကာလအတွင်း အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေးများ ရောင်းအားကောင်း

ကိုဗစ်ကာလအတွင်း အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေးများ ရောင်းအားကောင်း 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ အကိုက်အခဲပျောက်ဆေးနဲ့ ပိုးသတ်ဆေးတွေ ရောင်းအားကောင်းနေတယ်လို့ ရန်ကုန်မြို့ရှိ ဆေးဆိုင်များထံမှ သိရပါတယ်။

 
ကပ်ရောဂါကာလအတွင်းမှာ အများပြည်သူတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်းများကို အလွယ်တကူမသွားချင်တာကြောင့် နီးစပ်ရာဆေးဆိုင်များမှ ဝယ်ယူသုံးစွဲကြပြီး အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေးနှင့် ပိုးသတ်ဆေးများ သုံးစွဲမှုပိုများလာတယ်လို့ သိရပါတယ်။ 
 
“ဆေးဆိုင်တွေမှာရောင်းနေတဲ့ ဆေးတွေထဲက ပြည်သူလူထုအသုံးများတာတွေကတော့ ဖျားနာတာ ကိုယ်လက်ကိုက်ခဲတာတွေအတွက် Paracetamol တို့ ပိုးသတ်ဆေးဆိုလည်း Amoxicilin တို့ ဒါမျိုးလေးတွေ ၀ယ်သောက်ကြတာများတယ်။တချို့ နှလုံးနဲ့ပတ်သက်တဲ့ဆေးတွေဆီးချိုနဲ့ပတ်သက်တဲ့ ဆေးတွေကတော့ ဆရာဝန်ညွှန်ကြားတဲ့ဆေးမှ သောက်ဖို့သင့်တယ်။
 
Paracetamol လောက်ကတော့ ဘေးထွက်ဆိုးကျိုးအန္တရာယ် သိပ်မရှိဘူး။ဒါပေမယ့် တခြား နှလုံးတို့ကျောက်ကပ်တို့ အစာအိမ်နဲ့ပတ်သက်တဲ့ ဆေးတွေကျတော့ အလွှတ်မဲ့ မသောက်သင့်ဘူး။ဆရာဝန်ညွှန်ကြားမှ သောက်သင့်တယ်။မြင့်တဲ့ဆေးတွေသောက်လာရင် ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တယ်။မိမိသဘောနဲ့ စိတ်ကြိုက် သူများညွှန်လို့ သောက်တာ မလုပ်သင့်ဘူး” လို့ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာခင်မောင်လွင် က ဆိုပါတယ်။
 
လက်ရှိ ကိုဗစ်ကာလအတွင်း ဆီးချိုကျဆေးနဲ့ သွေးတိုးကျဆေးတွေလည်း စျေးကွက်အတွင်းမှာ ရောင်းအားကောင်းလာပေမယ့် ဆေးဝါးအမျိုးအစားအားလုံးရဲ့ ရောင်းအားကတော့ ကိုဗစ်မတိုင်ခင်ကာလထက် ရောင်းအားကျသွားတယ်လို့ ရွှေအာယုဆေးဆိုင်ပိုင်ရှင် မလာလာဝင်း က ပြောပါတယ်။
 
အာယုဆေးဆိုင်ပိုင်ရှင် မလာလာဝင်းမှ “လက်ရှိကာလမှာတော့ ဆီးချိုဆေးတို့ သွေးကျဆေးတွေ အများဆုံးရောင်းရတယ်။တစ်ခါတစ်လေကျရင်တော့ နှလုံးဆေးတို့ ဘာတို့ ရောင်းရတယ်။အရောင်းအဝယ်ကတော့ အရင်ကထက်တော့ နည်းနည်းတော့ကျတာပေါ့။မနှစ်ကတော့ ပိုရောင်းရတယ်။ဒီနှစ်ကတော့ အရောင်းအဝယ်ကျတယ်။အရောင်းပါးတာ ကျတာကတော့ ထက်ဝက်လောက်ကျသွားတယ်၊ အရင်နှစ်တွေကနဲ့ ယှဉ်မယ်ဆိုရင်ပေါ့လေ၊ နိုင်ငံခြားဆေးတွေကျတော့ အရင်တုန်းကဆိုရင် နှစ်ပတ်တစ်ခါလောက် သွားဝယ်ရတယ်၊ အခုကတော့ တစ်လလောက်နေမှ ဆေးကရတာတွေ ရှိတယ်။စျေးနှုန်းက တချို့ဆေးတွေကတော့ ပုံမှန်ပဲ အရမ်းစျေးအပြောင်းအလဲတော့ မရှိပါဘူး။” လို့ ဆိုပါတယ်။
 
လက်ရှိ ကိုဗစ်ကာလမှာ အများပြည်သူအနေနဲ့ ဆေးရုံ၊ ဆေးခန်းများကို အလွယ်တကူမသွားချင်တာကြောင့် နီးစပ်ရာဆေးဆိုင်များမှ စပ်ဆေးများကို အလွယ်တကူဝယ်ယူသုံးစွဲခြင်း မပြုသင့်ဘူးလို့လည်း ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင် က ပြောပါတယ်။ 
 
မြန်မာနိုင်ငံတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ ဆေးဝါးအမျိုးအစား ၃၆၀ ကျော် ထုတ်လုပ်နေပြီး ပြည်တွင်းလိုအပ်ချက်ရဲ့ ရာခိုင်နှုန်း ၂၀ အောက်သာရှိပြီး မြန်မာနိုင်ငံတွင်သုံးစွဲသည့် ဆေးပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကျော်ကို နိုင်ငံခြားစျေးကွက်များမှ တဆင့် တင်သွင်းတာဖြစ်ပါတယ်။ 
 
မြန်မာနိုင်ငံသို့ အိန္ဒိယမှ ဆေးဝါးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး အခြားသော တရုတ်၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တရုတ် (တိုင်ပေ) နှင့် ထိုင်းနိုင်ငံမှ ဆေးဝါးများကိုလည်း တင်သွင်းတယ်လို့ သိရပါတယ်။ 
 
မင်းသုတ၊ ပြေသိမ်း၊ ဘိုဘိုသိန်း
ရန်ကုန်၊ ဇန်နဝါရီ - ၃၁
 
( Zawgyi )
 
ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားေနတဲ့ကာလအတြင္းမွာ အကိုက္အခဲေပ်ာက္ေဆးနဲ႕ ပိုးသတ္ေဆးေတြ ေရာင္းအားေကာင္းေနတယ္လို႔ ရန္ကုန္ၿမိဳ႕ရွိ ေဆးဆိုင္မ်ားထံမွ သိရပါတယ္။
 
ကပ္ေရာဂါကာလအတြင္းမွာ အမ်ားျပည္သူေတြအေနနဲ႕ ေဆး႐ုံ၊ ေဆးခန္းမ်ားကို အလြယ္တကူမသြားခ်င္တာေၾကာင့္ နီးစပ္ရာေဆးဆိုင္မ်ားမွ ဝယ္ယူသုံးစြဲၾကၿပီး အထူးသျဖင့္ အကိုက္အခဲ ေပ်ာက္ေဆးႏွင့္ ပိုးသတ္ေဆးမ်ား သုံးစြဲမႈပိုမ်ားလာတယ္လို႔ သိရပါတယ္။ 
 
“ေဆးဆိုင္ေတြမွာေရာင္းေနတဲ့ ေဆးေတြထဲက ျပည္သူလူထုအသုံးမ်ားတာေတြကေတာ့ ဖ်ားနာတာ ကိုယ္လက္ကိုက္ခဲတာေတြအတြက္ Paracetamol တို႔ ပိုးသတ္ေဆးဆိုလည္း Amoxicilin တို႔ ဒါမ်ိဳးေလးေတြ ၀ယ္ေသာက္ၾကတာမ်ားတယ္။တခ်ိဳ႕ ႏွလုံးနဲ႕ပတ္သက္တဲ့ေဆးေတြဆီးခ်ိဳနဲ႕ပတ္သက္တဲ့ ေဆးေတြကေတာ့ ဆရာဝန္ၫႊန္ၾကားတဲ့ေဆးမွ ေသာက္ဖို႔သင့္တယ္။
 
Paracetamol ေလာက္ကေတာ့ ေဘးထြက္ဆိုးက်ိဳးအႏၲရာယ္ သိပ္မရွိဘူး။ဒါေပမယ့္ တျခား ႏွလုံးတို႔ေက်ာက္ကပ္တို႔ အစာအိမ္နဲ႕ပတ္သက္တဲ့ ေဆးေတြက်ေတာ့ အလႊတ္မဲ့ မေသာက္သင့္ဘူး။ဆရာဝန္ၫႊန္ၾကားမွ ေသာက္သင့္တယ္။ျမင့္တဲ့ေဆးေတြေသာက္လာရင္ ေဘးထြက္ဆိုးက်ိဳးေတြရွိလာနိုင္တယ္။မိမိသေဘာနဲ႕ စိတ္ႀကိဳက္ သူမ်ားၫႊန္လို႔ ေသာက္တာ မလုပ္သင့္ဘူး” လို႔ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနရဲ႕ လက္ေထာက္ၫႊန္ၾကားေရးမႉး၊ ေဒါက္တာခင္ေမာင္လြင္ က ဆိုပါတယ္။
 
လက္ရွိ ကိုဗစ္ကာလအတြင္း ဆီးခ်ိဳက်ေဆးနဲ႕ ေသြးတိုးက်ေဆးေတြလည္း ေစ်းကြက္အတြင္းမွာ ေရာင္းအားေကာင္းလာေပမယ့္ ေဆးဝါးအမ်ိဳးအစားအားလုံးရဲ႕ ေရာင္းအားကေတာ့ ကိုဗစ္မတိုင္ခင္ကာလထက္ ေရာင္းအားက်သြားတယ္လို႔ ေ႐ႊအာယုေဆးဆိုင္ပိုင္ရွင္ မလာလာဝင္း က ေျပာပါတယ္။
 
အာယုေဆးဆိုင္ပိုင္ရွင္ မလာလာဝင္းမွ “လက္ရွိကာလမွာေတာ့ ဆီးခ်ိဳေဆးတို႔ ေသြးက်ေဆးေတြ အမ်ားဆုံးေရာင္းရတယ္။တစ္ခါတစ္ေလက်ရင္ေတာ့ ႏွလုံးေဆးတို႔ ဘာတို႔ ေရာင္းရတယ္။အေရာင္းအဝယ္ကေတာ့ အရင္ကထက္ေတာ့ နည္းနည္းေတာ့က်တာေပါ့။မႏွစ္ကေတာ့ ပိုေရာင္းရတယ္။ဒီႏွစ္ကေတာ့ အေရာင္းအဝယ္က်တယ္။အေရာင္းပါးတာ က်တာကေတာ့ ထက္ဝက္ေလာက္က်သြားတယ္၊ အရင္ႏွစ္ေတြကနဲ႕ ယွဥ္မယ္ဆိုရင္ေပါ့ေလ၊ နိုင္ငံျခားေဆးေတြက်ေတာ့ အရင္တုန္းကဆိုရင္ ႏွစ္ပတ္တစ္ခါေလာက္ သြားဝယ္ရတယ္၊ အခုကေတာ့ တစ္လေလာက္ေနမွ ေဆးကရတာေတြ ရွိတယ္။ေစ်းႏႈန္းက တခ်ိဳ႕ေဆးေတြကေတာ့ ပုံမွန္ပဲ အရမ္းေစ်းအေျပာင္းအလဲေတာ့ မရွိပါဘူး။” လို႔ ဆိုပါတယ္။
 
လက္ရွိ ကိုဗစ္ကာလမွာ အမ်ားျပည္သူအေနနဲ႕ ေဆး႐ုံ၊ ေဆးခန္းမ်ားကို အလြယ္တကူမသြားခ်င္တာေၾကာင့္ နီးစပ္ရာေဆးဆိုင္မ်ားမွ စပ္ေဆးမ်ားကို အလြယ္တကူဝယ္ယူသုံးစြဲျခင္း မျပဳသင့္ဘူးလို႔လည္း ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ေမာင္လြင္ က ေျပာပါတယ္။ 
 
ျမန္မာနိုင္ငံတြင္ နိုင္ငံပိုင္ႏွင့္ ပုဂၢလိကပိုင္ ေဆးဝါးစက္႐ုံမ်ားမွ ေဆးဝါးအမ်ိဳးအစား ၃၆၀ ေက်ာ္ ထုတ္လုပ္ေနၿပီး ျပည္တြင္းလိုအပ္ခ်က္ရဲ႕ ရာခိုင္ႏႈန္း ၂၀ ေအာက္သာရွိၿပီး ျမန္မာနိုင္ငံတြင္သုံးစြဲသည့္ ေဆးပစၥည္းမ်ား၏ ၈၀ ရာခိုင္ႏႈန္းေက်ာ္ကို နိုင္ငံျခားေစ်းကြက္မ်ားမွ တဆင့္ တင္သြင္းတာျဖစ္ပါတယ္။ 
 
ျမန္မာနိုင္ငံသို႔ အိႏၵိယမွ ေဆးဝါးပစၥည္းမ်ား အဓိက တင္သြင္းလ်က္ရွိၿပီး အျခားေသာ တ႐ုတ္၊ ဂ်ာမနီ၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ ကိုရီးယား၊ ဘဂၤလားေဒ့ရွ္၊ မေလးရွား၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ တ႐ုတ္ (တိုင္ေပ) ႏွင့္ ထိုင္းနိုင္ငံမွ ေဆးဝါးမ်ားကိုလည္း တင္သြင္းတယ္လို႔ သိရပါတယ္။ 
 
မင္းသုတ၊ ေျပသိမ္း၊ ဘိုဘိုသိန္း
ရန္ကုန္၊ ဇန္နဝါရီ - ၃၁