ကိုဗစ်ကာလ ရန်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းထားရသဖြင့် အုတ်ထုတ်လုပ်ငန်းများထိခိုက်

ကိုဗစ်ကာလ ရန်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းထားရသဖြင့် အုတ်ထုတ်လုပ်ငန်းများထိခိုက်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းက အုတ်လုပ်ငန်းလုပ်ကိုင်သူတွေဟာ ကိုဗစ်ကာလ အတွင်းမှာ ဈေးကွက်ဝယ်လိုအားကျဆင်းလာမှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဆိုပါ အုတ်လုပ်ငန်း လုပ်ကိုင်သူတွေထံမှ သိရပါတယ်။
တိုက်ကြီးမြို့နယ်အတွင်းက ထုတ်လုပ်လိုက်တဲ့ အုတ်တွေကို ရန်ကုန်မြို့အတွင်းက ဆောက်လုပ်ရေး လုပ်ငန်း တွေ ဆီကို အဓိကထားတင်ပို့ရတာဖြစ်ပြီး ရန်ကုန်မြို့ မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ အများစု ရပ်နားထားရ တာကြောင့် ဈေးကွက်ဝယ်လိုအားမှာ ယခင်နှစ်တွေထက် ကျဆင်းလာခြင်းဖြစ်တယ်လို့ အုတ်လုပ် ငန်းပိုင်ရှင် တစ်ဦးက ဆိုပါတယ်။
“လက်ရှိ ကိုရိုနာဗိုင်းရပ် ရောဂါဖြစ်နေတဲ့ကာလတလျှောက်ဆိုတော့ ကျွန်တော်တို့ရဲ့ လက်ရှိလုပ်ငန်း ကလည်း ရန်ကုန်မြို့ကို အဓိက အားထားပြီးလုပ်ကိုင်ရတာဖြစ်တဲ့အတွက် ရန်ကုန်မြို့မှာ လော့ခ်ဒေါင်းချတယ် လုပ်ငန်း တွေ ခဏ ရပ်ဆိုင်းထားတယ်ဆိုရင် ကျွန်တော်တို့ဒီဘက်မှာ အရောင်းအဝယ်က တန့်သွားပြန်ရော။ ရန်ကုန်မြို့မှာ ဖြေလျှော့ မှုတွေရှိလို့ လမ်းပန်းဆက်သွယ်ရေး ပြန်ပွင့်လာတယ်ဆိုရင် အရောင်းအဝယ်က ပုံမှန်ပြန်ဖြစ်တယ်ပေါ့။

အရောင်းအဝယ်က အရင်နှစ်တွေနဲ့ယှဉ်ရင် သုံးပုံတစ်ပုံလောက်ကျသွားတယ်။ ဥပမာ အရင်နှစ်တွေက အုတ် တစ်သိန်းရောင်းရရင် ဒီနှစ်မှာတော့ ၆သောင်းလောက်ပဲ ရောင်းရတယ်ပေါ့။ ကျွန်တော် တို့လုပ်ငန်းက ရန်ကုန် မြို့ကို အဓိကအားကိုးပြီးတော့ လည်ပတ်နေရတာဖြစ်တဲ့အတွက် ဟိုဘက်က ဝယ်လို အားတန့်သွားတာနဲ့ ကျွန်တော်တို့ဘက်ကလည်း အသေးစားလုပ်ငန်းဖြစ်တဲ့အတွက် လုပ်ငန်းရှင် တော်တော် များများက မတောင့်ခံ နိုင်ကြဘူး။  လက်ရှိရှိနေတဲ့ အလုပ်သမားတွေအဆင်ပြေဖို့အတွက် ထုတ်ကုန်က တော့မပြတ်ထုတ်ပေးနေရ တာပေါ့”လို့ တိုက်ကြီးမြို့နယ်ထဲက အုတ်လုပ်ငန်းပိုင်ရှင် ဦးအောင်ဇော်လင်းကဆိုပါတယ်။

တိုက်ကြီးမြို့နယ်အတွင်းမှာ မြေအုတ်လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်ပေါင်း ရာဂဏန်းကျော်ရှိပြီး ဈေးကွက်လို အပ်မှုထက် ထုတ်လုပ်မှုကပိုများလာတာကြောင့် အုတ်လုပ်ငန်းလုပ်ကိုင်သူတွေအတွက် ဈေးကွက် အတွင်း အကျိုး အမြတ်ရရှိမှုကလည်း ယခင်နှစ်တွေထက်ပိုနည်းလာနေတယ်လို့ အုတ်လုပ်ငန်းများကဆိုပါတယ်။လက်ရှိမှာ တိုက်ကြီးမြို့နယ်အတွင်း က ထွက်ရှိတဲ့ အုတ်တွေကို ရန်ကုန်ကို အရောက်ပို့ဆောင်ပေးရာတွင် အုတ် အမျိုးအစားပေါ်မူတည်ပြီး ကျပ်၉၀ မှ ၁၀၅ကျပ်အထိ အရောင်းအဝယ် ဖြစ်နေပြီး ယခင်နှစ်များထက် ဈေးနှုန်း အနည်းငယ်ကျဆင်းသွားတယ်လို့ သိရပါတယ်။

တိုက်ကြီးမြို့နယ်မှ ထွက်ရှိတဲ့ မြေအုတ်အမျိုးအစားကို ရန်ကုန်မြို့အတွင်းသို့ အဓိက တင်ပို့ရောင်းချရပြီး ဧရာဝ တီတိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်းအနောက်ခြမ်းရှိမြို့နယ်အချို့ကိုလည်း တင်ပို့ရောင်းချရတယ်လို့ သိရပါတယ်။ လက်ရှိကိုဗစ်ကာလမှတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြင်ပမြို့နယ် များကို တင်ပို့ရောင်းချမှုကို ရပ်နားထားရတယ်လို့ သိရပါတယ်။  

စိုးမင်းအောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

( Zawgyi )

 ရန္ကုန္တိုင္းေဒသႀကီး တိုက္ႀကီးၿမိဳ႕နယ္အတြင္းက အုတ္လုပ္ငန္းလုပ္ကိုင္သူေတြဟာ ကိုဗစ္ကာလ အတြင္းမွာ ေဈးကြက္ဝယ္လိုအားက်ဆင္းလာမႈေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ အဆိုပါ အုတ္လုပ္ငန္း လုပ္ကိုင္သူေတြထံမွ သိရပါတယ္။
တိုက္ႀကီးၿမိဳ႕နယ္အတြင္းက ထုတ္လုပ္လိုက္တဲ့ အုတ္ေတြကို ရန္ကုန္ၿမိဳ႕အတြင္းက ေဆာက္လုပ္ေရး လုပ္ငန္း ေတြ ဆီကို အဓိကထားတင္ပို႔ရတာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ မွာလည္း ေဆာက္လုပ္ေရးလုပ္ငန္းေတြ အမ်ားစု ရပ္နားထားရ တာေၾကာင့္ ေဈးကြက္ဝယ္လိုအားမွာ ယခင္ႏွစ္ေတြထက္ က်ဆင္းလာျခင္းျဖစ္တယ္လို႔ အုတ္လုပ္ ငန္းပိုင္ရွင္ တစ္ဦးက ဆိုပါတယ္။
“လက္ရွိ ကို႐ိုနာဗိုင္းရပ္ ေရာဂါျဖစ္ေနတဲ့ကာလတေလွ်ာက္ဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ လက္ရွိလုပ္ငန္း ကလည္း ရန္ကုန္ၿမိဳ႕ကို အဓိက အားထားၿပီးလုပ္ကိုင္ရတာျဖစ္တဲ့အတြက္ ရန္ကုန္ၿမိဳ႕မွာ ေလာ့ခ္ေဒါင္းခ်တယ္ လုပ္ငန္း ေတြ ခဏ ရပ္ဆိုင္းထားတယ္ဆိုရင္ ကြၽန္ေတာ္တို႔ဒီဘက္မွာ အေရာင္းအဝယ္က တန႔္သြားျပန္ေရာ။ ရန္ကုန္ၿမိဳ႕မွာ ေျဖေလွ်ာ့ မႈေတြရွိလို႔ လမ္းပန္းဆက္သြယ္ေရး ျပန္ပြင့္လာတယ္ဆိုရင္ အေရာင္းအဝယ္က ပုံမွန္ျပန္ျဖစ္တယ္ေပါ့။

အေရာင္းအဝယ္က အရင္ႏွစ္ေတြနဲ႔ယွဥ္ရင္ သုံးပုံတစ္ပုံေလာက္က်သြားတယ္။ ဥပမာ အရင္ႏွစ္ေတြက အုတ္ တစ္သိန္းေရာင္းရရင္ ဒီႏွစ္မွာေတာ့ ၆ေသာင္းေလာက္ပဲ ေရာင္းရတယ္ေပါ့။ ကြၽန္ေတာ္ တို႔လုပ္ငန္းက ရန္ကုန္ ၿမိဳ႕ကို အဓိကအားကိုးၿပီးေတာ့ လည္ပတ္ေနရတာျဖစ္တဲ့အတြက္ ဟိုဘက္က ဝယ္လို အားတန႔္သြားတာနဲ႔ ကြၽန္ေတာ္တို႔ဘက္ကလည္း အေသးစားလုပ္ငန္းျဖစ္တဲ့အတြက္ လုပ္ငန္းရွင္ ေတာ္ေတာ္ မ်ားမ်ားက မေတာင့္ခံ ႏိုင္ၾကဘူး။  လက္ရွိရွိေနတဲ့ အလုပ္သမားေတြအဆင္ေျပဖို႔အတြက္ ထုတ္ကုန္က ေတာ့မျပတ္ထုတ္ေပးေနရ တာေပါ့”လို႔ တိုက္ႀကီးၿမိဳ႕နယ္ထဲက အုတ္လုပ္ငန္းပိုင္ရွင္ ဦးေအာင္ေဇာ္လင္းကဆိုပါတယ္။

တိုက္ႀကီးၿမိဳ႕နယ္အတြင္းမွာ ေျမအုတ္လုပ္ငန္းလုပ္ကိုင္တဲ့ လုပ္ငန္းရွင္ေပါင္း ရာဂဏန္းေက်ာ္ရွိၿပီး ေဈးကြက္လို အပ္မႈထက္ ထုတ္လုပ္မႈကပိုမ်ားလာတာေၾကာင့္ အုတ္လုပ္ငန္းလုပ္ကိုင္သူေတြအတြက္ ေဈးကြက္ အတြင္း အက်ိဳး အျမတ္ရရွိမႈကလည္း ယခင္ႏွစ္ေတြထက္ပိုနည္းလာေနတယ္လို႔ အုတ္လုပ္ငန္းမ်ားကဆိုပါတယ္။လက္ရွိမွာ တိုက္ႀကီးၿမိဳ႕နယ္အတြင္း က ထြက္ရွိတဲ့ အုတ္ေတြကို ရန္ကုန္ကို အေရာက္ပို႔ေဆာင္ေပးရာတြင္ အုတ္ အမ်ိဳးအစားေပၚမူတည္ၿပီး က်ပ္၉၀ မွ ၁၀၅က်ပ္အထိ အေရာင္းအဝယ္ ျဖစ္ေနၿပီး ယခင္ႏွစ္မ်ားထက္ ေဈးႏႈန္း အနည္းငယ္က်ဆင္းသြားတယ္လို႔ သိရပါတယ္။

တိုက္ႀကီးၿမိဳ႕နယ္မွ ထြက္ရွိတဲ့ ေျမအုတ္အမ်ိဳးအစားကို ရန္ကုန္ၿမိဳ႕အတြင္းသို႔ အဓိက တင္ပို႔ေရာင္းခ်ရၿပီး ဧရာဝ တီတိုင္း ေဒသႀကီးနဲ႔ ပဲခူးတိုင္းအေနာက္ျခမ္းရွိၿမိဳ႕နယ္အခ်ိဳ႕ကိုလည္း တင္ပို႔ေရာင္းခ်ရတယ္လို႔ သိရပါတယ္။ လက္ရွိကိုဗစ္ကာလမွေတာ့ လမ္းပန္းဆက္သြယ္ေရး အခက္အခဲေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး ျပင္ပၿမိဳ႕နယ္ မ်ားကို တင္ပို႔ေရာင္းခ်မႈကို ရပ္နားထားရတယ္လို႔ သိရပါတယ္။  

စိုးမင္းေအာင္

ရန္ကုန္၊ ဇန္နဝါရီ ၁၄