ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်(၂)အောက်ကလေးများကို ငွေကြေးထောက်ပံ့မှုအစီအစဉ် ဧရာဝတီနှင့်ရှမ်း အထိ တိုးချဲ့ဆောင်ရွက်မည်

ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်(၂)အောက်ကလေးများကို ငွေကြေးထောက်ပံ့မှုအစီအစဉ် ဧရာဝတီနှင့်ရှမ်း အထိ တိုးချဲ့ဆောင်ရွက်မည်

ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)အောက်ကလေးသူငယ်များငွေကြေးထောက်ပံ့မှုဧရာဝတီတိုင်းနှင့်ရှမ်းပြည်နယ်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာ၊လူမှုဝန်ထမ်းဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးမှပြောပါတယ်။ "မိမိတို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနဟာ၂၀၁၇/၂၀၁၈ဘဏ္ဍာရေးနှစ်မှစတင်ပြီးလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၎င်းတို့အထဲမှကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့သည့်အစီအစဉ်ကိုဧရာဝတီတိုင်းနှင့်ရှမ်းပြည် နယ် မှာယခု၂၀၁၉/၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်းမှာတိုးချဲ့ဆောင်ရွက်ရန်ဆောင်ရွက်လျက်ရှိပါတယ်"ဟု ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးမှပြောပါတယ်။
            

ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ပေးခြင်းအစီအစဉ်အားမဟာဗျူဟာစီမံချက်ပါလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၂၀၁၇/၁၈ခု၊ဘဏ္ဍာရေးနှစ်တွင်ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင်လည်းကောင်း၊၂၀၁၈/၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီး၂၀၁၉/၂၀၂၀ဘဏ္ဍာရေးနှစ်တွင်နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေနှင့်ကမ္ဘာ့ဘဏ်၏IDAချေးငွေတို့ဖြင့်ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့အသက်(၂)နှစ်အထိတစ်လလျှင်ငွေကျပ်(၁၅၀၀၀)နဲ့(၃)လတစ်ကြိမ်ပုံမှန်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း၊ ကိုဗစ်အနေအထားကြောင့်ဧရာဝတီတိုင်းဒေသကြီးနှင်ရှမ်းပြည်နယ်မှ မိုဘိုင်းလ်းပေးနှင့်ပေးသွားမည် ဖြစ်ကာ၊ ကိုယ်ဝန်ဆောင် သက်(၆)လရှိသည့်မိခင်နှင့်ဧပြီလ(၁)ရက်နေ့ထဲကမွေးပြီးသည့်ကလေးများအားအသက်အရွယ်လိုက်ပြီးတွက်ချက်ပြီးပေးမှာဖြစ်ပါကြောင်း၊ ယင်းငွေကြေးထောက်ပံ့သည့် အစီအစဉ်၏ငွေကြေးလွဲပြောင်းခြင်းအတွက်ဝန်ဆောင်မှုပေးခြင်းကိုဧရာဝတီဘဏ်နှင့်KBZ Bankတို့မှာတာဝန်ယူဆောင် ရွက်သွား မည်ဖြစ်ကြောင်းသိရှိရပါတယ်။

ယနေ့နံနက်ပိုင်း၊နေပြည်တော်၊M Gallery Hotelတွင်ကျင်းပသည့်ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် MCCT အစီအစဉ် ငွေကြေး လွဲပြောင်းခြင်းဆိုင်ရာသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

KO
နေပြည်တော်၊သြဂုတ်-၁၃

(  Zawgyi  )

 ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္၎တို႔မွေမြးဖြားလာေသာအသက္(၂)ေအာက္ကေလးသူငယ္မ်ားေငြေၾကးေထာက္ပံ့မႈဧရာဝတီတိုင္းႏွင့္ရွမ္းျပည္နယ္တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာ၊လူမႈဝန္ထမ္းဦးစီးဌာန၊ၫြန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာစန္းစန္းေအးမွေျပာပါတယ္။ "မိမိတို႔လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ လူမႈဝန္ထမ္း ဦးစီးဌာနဟာ၂၀၁၇/၂၀၁၈ဘ႑ာေရးႏွစ္မွစတင္ၿပီးလူမႈကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိၿပီး၎တို႔အထဲမွကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္၎တို႔မွေမြးဖြားလာေသာအသက္(၂)ေအာက္ကေလးသူငယ္မ်ားအားေငြေၾကးေထာက္ပံ့သည့္အစီအစဥ္ကိုဧရာဝတီတိုင္းႏွင့္ရွမ္းျပည္ နယ္ မွာယခု၂၀၁၉/၂၀၂၀ဘ႑ာေရးႏွစ္အတြင္းမွာတိုးခ်ဲ႕ေဆာင္႐ြက္ရန္ေဆာင္႐ြက္လ်က္ရွိပါတယ္"ဟု ၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ စန္းစန္းေအးမွေျပာပါတယ္။
            

ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္၎တို႔မွေမြးဖြားလာေသာအသက္(၂)ႏွစ္ေအာက္ကေလးသူငယ္မ်ားအားေငြေၾကးေထာက္ပံ့ေပးျခင္းအစီအစဥ္အားမဟာဗ်ဴဟာစီမံခ်က္ပါလုပ္ငန္းစဥ္တစ္ခုျဖစ္ၿပီး၂၀၁၇/၁၈ခု၊ဘ႑ာေရးႏွစ္တြင္ခ်င္းျပည္နယ္၊ရခိုင္ျပည္နယ္၊စစ္ကိုင္းတိုင္းေဒသႀကီးနာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔တြင္လည္းေကာင္း၊၂၀၁၈/၂၀၁၉ဘ႑ာေရးႏွစ္တြင္ ကရင္ျပည္နယ္၊ ကယားျပည္နယ္တို႔တြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ခဲ့ၿပီး၂၀၁၉/၂၀၂၀ဘ႑ာေရးႏွစ္တြင္ႏိုင္ငံေတာ္၏ဘ႑ာရန္ပုံေငြႏွင့္ကမာၻ႔ဘဏ္၏IDAေခ်းေငြတို႔ျဖင့္ဧရာဝတီတိုင္းေဒသႀကီးႏွင့္ရွမ္းျပည္နယ္တို႔တြင္တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၫြန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာစန္းစန္းေအးမွ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔အသက္(၂)ႏွစ္အထိတစ္လလွ်င္ေငြက်ပ္(၁၅၀၀၀)နဲ႔(၃)လတစ္ႀကိမ္ပုံမွန္ေထာက္ပံ့ေပးသြားမည္ျဖစ္ ေၾကာင္း၊ ကိုဗစ္အေနအထားေၾကာင့္ဧရာဝတီတိုင္းေဒသႀကီးႏွင္ရွမ္းျပည္နယ္မွ မိုဘိုင္းလ္းေပးႏွင့္ေပးသြားမည္ ျဖစ္ကာ၊ ကိုယ္ဝန္ေဆာင္ သက္(၆)လရွိသည့္မိခင္ႏွင့္ဧၿပီလ(၁)ရက္ေန႔ထဲကေမြးၿပီးသည့္ကေလးမ်ားအားအသက္အ႐ြယ္လိုက္ၿပီးတြက္ခ်က္ၿပီးေပးမွာျဖစ္ပါေၾကာင္း၊ ယင္းေငြေၾကးေထာက္ပံ့သည့္ အစီအစဥ္၏ေငြေၾကးလြဲေျပာင္းျခင္းအတြက္ဝန္ေဆာင္မႈေပးျခင္းကိုဧရာဝတီဘဏ္ႏွင့္KBZ Bankတို႔မွာတာဝန္ယူေဆာင္ ႐ြက္သြား မည္ျဖစ္ေၾကာင္းသိရွိရပါတယ္။

ယေန႔နံနက္ပိုင္း၊ေနျပည္ေတာ္၊M Gallery Hotelတြင္က်င္းပသည့္ဧရာဝတီတိုင္းေဒသႀကီးႏွင့္ရွမ္းျပည္နယ္ MCCT အစီအစဥ္ ေငြေၾကး လြဲေျပာင္းျခင္းဆိုင္ရာသေဘာတူညီမႈစာခ်ဳပ္လက္မွတ္ေရးထိုးျခင္းအခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

KO
ေနျပည္ေတာ္၊ၾသဂုတ္-၁၃