စစ်ကိုင်းတွင် အသက်ခြောက်ဆယ်ကျော်အရွယ် စိတ်မနှံ့သည့်အမျိုးသမီးကြီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

စစ်ကိုင်းတွင် အသက်ခြောက်ဆယ်ကျော်အရွယ် စိတ်မနှံ့သည့်အမျိုးသမီးကြီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

စစ်ကိုင်းမြို့မှာ ယမန်နေ့ညကစိတ်ကျန်းမာရေးချို့တဲ့တဲ့ အသက်ခြောက်ဆယ်ကျော် အရွယ် အမျိုးသမီးကြီး တစ်ဦး  အဓမ္မပြုကျင့်သတ် ဖြတ်ခံလိုက်ရတဲ့ မှုခင်းဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့မ ရဲစခန်းဆီကသိရပါတယ်။

အဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခံလိုက်ရသူဟာ စိတ်ကျန်းမာရေးချို့တဲ့ပြီးရပ်ကွက်ထဲသွားလာနေတဲ့  အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ကြီးတစ်ဦးပဲဖြစ်ပြီး ကျူးလွန်သူလို့သံသယရှိလို့ ဖမ်းဆီး ထားတဲ့ လူငယ်နှစ်ဦးကတော့ အသက် ၁၇ နှစ်အရွယ်နဲ့ အသက် ၂၄ နှစ်အရွယ် တွေပဲဖြစ်တယ်လို့ ရဲစခန်းရဲ့ မှုခင်းမှတ်တမ်းကဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့သိရတာကတော့ ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို့ ဒါးဝယ်ဈေးရပ်ကွက် ငါးထပ်ကြီးဘုရားမြောက်ဖက် ဓမ္မရုံအောက်မှာ အမျိုးသမီးကြီးတစ်ဦး အဓမ္မပြုကျင့်ခံရတဲ့ အနေအထားနဲ့ သေဆုံးလျက်တွေ့ရတယ် လို့သတင်းအရ စစ်ကိုင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတာမှာ အမျိူးသမီးကြီးတစ်ဦး ခြေထောက်နှစ်ချောင်း ကားလျက် အောက်ပိုင်းအဝတ်ဗလာနဲ့ အဓမ္မပြုကျင့် သတ်ဖြတ် ခံထားရတဲ့အနေအထားနဲ့ သေဆုံးနေတာ ကိုတွေ့ရှိရကြောင်း၊ ၎င်းဟ ရပ်ကွက် ထဲလှည့်လည်သွားလာနေတဲ့ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့အသက် ၆၅ နှစ် အရွယ်အမျိုးသမီးကြီးတစ်ဦးဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူတွေလို့ သံသယရှိသူနှစ်ဦးဖြစ်တဲ့ ဇင်မျိုး(ခ)ဂျက်(အသက် ၂၄ နှစ်၊ ရွှေမင်းဝံရပ်ကွက်)နဲ့ အောင်ကျော်ထက်(ခ) စိုးပေ(အ သက် ၁၇ နှစ်၊ ရွှေမင်းဝံရပ်ကွက်) တို့ကို နာရီပိုင်းအတွင်းမှာပဲဖမ်းဆီးရမိထားကြောင်း သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ ကျူးလွန်သူနှစ်ဦးစလုံးကို စစ်ကိုင်းမြို့မရဲစခန်းက (ပ)၄၃၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၃၇၆ တို့နဲ့အမှုဖွင့်ထားပြီ ဖြစ်တယ်လို့လည်း ရဲစခန်းမှုခင်း မှတ်တမ်းက ဖော်ပြထားပါတယ်။

KT
မန္တလေး ၊ မေ ၄
Photo- Ooebo Rescue

( Zawgyi )



ဖြစ်စဉ်နဲ့ပတ်သက်လို့သိရတာကတော့ ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို့ ဒါးဝယ်ဈေးရပ်ကွက် ငါးထပ်ကြီးဘုရားမြောက်ဖက် ဓမ္မရုံအောက်မှာ အမျိုးသမီးကြီးတစ်ဦး အဓမ္မပြုကျင့်ခံရတဲ့ အနေအထားနဲ့ သေဆုံးလျက်တွေ့ရတယ် လို့သတင်းအရ စစ်ကိုင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတာမှာ အမျိုးသမီးကြီးတစ်ဦး ခြေထောက်နှစ်ချောင်း ကားလျက် အောက်ပိုင်းအဝတ်ဗလာနဲ့ အဓမ္မပြုကျင့် သတ်ဖြတ် ခံထားရတဲ့အနေအထားနဲ့ သေဆုံးနေတာ ကိုတွေ့ရှိရကြောင်း၊ ၎င်းဟ ရပ်ကွက် ထဲလှည့်လည်သွားလာနေတဲ့ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့အသက် ၆၅ နှစ် အရွယ်အမျိုးသမီးကြီးတစ်ဦးဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူတွေလို့ သံသယရှိသူနှစ်ဦးဖြစ်တဲ့ ဇင်မျိုး(ခ)ဂျက်(အသက် ၂၄ နှစ်၊ ရွှေမင်းဝံရပ်ကွက်)နဲ့ အောင်ကျော်ထက်(ခ) စိုးပေ(အ သက် ၁၇ နှစ်၊ ရွှေမင်းဝံရပ်ကွက်) တို့ကို နာရီပိုင်းအတွင်းမှာပဲဖမ်းဆီးရမိထားကြောင်း သိရပါတယ်။


KT
မန္တလေး ၊ မေ ၎
Photo- Ooebo Rescue