တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် လာဘ်စားမှုနဲ့ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံရ

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် လာဘ်စားမှုနဲ့ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံရ

အဂတိလိုက်စားမှု လေးမှုနဲ့ တရားစွဲခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အမှုတစ်ခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် အနှစ် ၃၀ ကျခံရမယ်လို့ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က ဒီကနေ့ မေလ ၂၂ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

အမှုလေးမှုအတွက် တစ်မှုကို ထောင် ၁၀ နှစ်စီနဲ့ အနှစ် ၄၀ ချမှတ်ရာမှာ GGS ကုမ္ပဏီ နဲ့ ပတ်သက်တဲ့အမှုနှစ်မှုကို တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချလိုက်တဲ့အတွက် စုစုပေါင်း ထောင်အနှစ် ၄၀ အစား အနှစ် ၃၀ ကျခံရမှာဖြစ်ပါတယ်။ ပြစ်ဒဏ်တွေထဲ ကနေ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရှိတယ်လို့ တရားရုံးက စီရင်ချက်ချခဲ့ပါတယ်။

အဂတိလိုက်စားမှုမှာ ပါဝင်ခဲ့တဲ့ GGS ကုမ္ပဏီမှ မန်းနေဂျင် ဒါရိုက်တာ ဦးသိန်းထွေး နှင့် ဦးအောင်မြတ်ကို အမှုနှစ်ခုအတွက် ထောင်ဒဏ် ၁၀ နှစ် စီ တပေါင်းတည်း ကျခံဖို့ အမိန့်ချမှတ် ခဲ့ပါတယ်။ စွဲဆိုခံထားရတဲ့ စတုတ္ထအမှုမှာ ပါဝင်ခဲ့တဲ့ GGS ကုမ္ပဏီး မန်နေဂျာ ဦးသူရအုံတော့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပါတယ်။

စတုတ္ထအမှုမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင် သရက်ချောင်းနေအိမ်ကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းယူဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါက်တာဒေါ်လဲ့လဲ့မော်ရဲ့ အမှုကို တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ဒေါက်တာ ဒေါ်လဲ့လဲ့မော် ပိုင် နေအိမ်ခြံစည်းရိုးကာရံရာမှာ ပြည်သူ့ဘဏ္ဍာသုံးစွဲခဲ့တဲ့အမှု၊  ထားဝယ် လေယာဉ်ကွင်း မှာ ခြုံနွယ်ရှင်းလင်းတဲ့ကိစ္စ၊ ထားဝယ်မှာ GGS ကုမ္ပဏီကို လျှပ်စစ်မီး ဖြန့်ဖြူး ခွင့်ပေးရာမှာ အဂတိလိုက်စားမှုတွေရှိခဲ့တဲ့ အမှုနဲ့၊ သူပိုင်နေအိမ်ကို အဲဒီကုမ္ပဏီကို ကျပ်သိန်း နှစ်ထောင်နဲ့ ဝယ်စေပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေပြန်ချပေးခဲ့တာ စတဲ့ အမှုလေးမှုနဲ့ ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ၂၀၁၉ ခုနှစ်၊ မတ်လမှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အထက်ပါအမှုလေးမှုလုံးအတွက် ဒေါက်တာလဲ့လဲ့မော်ကို အဂလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စွဲချက်တင် ထားတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းကို တရားစွဲတဲ့ အဂတိ ပုဒ်မက နိုင်ငံဝန်ထမ်းတွေ အဂတိလိုက်စားရင် စွဲဆိုတဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင် ၁၅ နှစ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ဒေါက်တာလဲ့လဲ့မော်ဟာ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် သုံးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သရက်ချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီကနေမှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာတာ ဖြစ်ပါတယ်။ဒေါက်တာဒေါ်လဲ့လဲ့မော် ရဲ့ ခယ်အိုဖြစ်သူ ဦးအောင်စိုးဟာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ဖူးသူ ဖြစ်ပြီး NLD နာယက ဦးဝင်းထိန်နဲ့ နီးစပ်သူတစ်ဦးဖြစ်ပါတယ်။ ဒေါက်တာဒေါ်လဲ့လဲ့မော်ရဲ့ အမှု ပေါ်ပေါက် ခဲ့ပြီးနောက် သူ့ရဲ့ ခယ်အိုဖြစ်သူ ဦးအောင်စိုးဟာ NLD ပါတီကနေ နှုတ်ထွက်စာ တင်ပြီး ပါတီကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဇေယျာမော်
ရန်ကုန် ၊ မေ ၂၂
photo Credit:Wikipedia

(  Zawgyi  )

 အဂတိလိုက္စားမႈ ေလးမႈနဲ႔ တရားစြဲခံထားရတဲ့ တနသၤာရီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ လဲ့လဲ့ေမာ္ကို အမႈတစ္ခုစီအတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္စီနဲ႔ စုစုေပါင္း ေထာင္ဒဏ္ အႏွစ္ ၃၀ က်ခံရမယ္လို႔ တနသၤာရီတိုင္းေဒသႀကီး တရားလႊတ္ေတာ္က ဒီကေန႔ ေမလ ၂၂ ရက္ေန႔မွာ အမိန႔္ခ်မွတ္လိုက္ပါတယ္။

အမႈေလးမႈအတြက္ တစ္မႈကို ေထာင္ ၁၀ ႏွစ္စီနဲ႔ အႏွစ္ ၄၀ ခ်မွတ္ရာမွာ GGS ကုမၸဏီ နဲ႔ ပတ္သက္တဲ့အမႈႏွစ္မႈကို တစ္ေပါင္းတည္း က်ခံေစဖို႔ အမိန႔္ခ်လိုက္တဲ့အတြက္ စုစုေပါင္း ေထာင္အႏွစ္ ၄၀ အစား အႏွစ္ ၃၀ က်ခံရမွာျဖစ္ပါတယ္။ ျပစ္ဒဏ္ေတြထဲ ကေန ခ်ဳပ္ရက္ကို ထုတ္ႏုတ္ခံစားခြင့္ရွိတယ္လို႔ တရား႐ုံးက စီရင္ခ်က္ခ်ခဲ့ပါတယ္။

အဂတိလိုက္စားမႈမွာ ပါဝင္ခဲ့တဲ့ GGS ကုမၸဏီမွ မန္းေနဂ်င္ ဒါ႐ိုက္တာ ဦးသိန္းေထြး ႏွင့္ ဦးေအာင္ျမတ္ကို အမႈႏွစ္ခုအတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္ စီ တေပါင္းတည္း က်ခံဖို႔ အမိန႔္ခ်မွတ္ ခဲ့ပါတယ္။ စြဲဆိုခံထားရတဲ့ စတုတၳအမႈမွာ ပါဝင္ခဲ့တဲ့ GGS ကုမၸဏီး မန္ေနဂ်ာ ဦးသူရအုံေတာ့ ေထာင္ဒဏ္ ငါးႏွစ္ခ်မွတ္ခဲ့ပါတယ္။

စတုတၳအမႈမွာ ပါဝင္ခဲ့တဲ့ ေဒါက္တာလဲ့လဲ့ေမာ္မိသားစုပိုင္ သရက္ေခ်ာင္းေနအိမ္ကို ျပည္သူ႔ ဘ႑ာအျဖစ္ သိမ္းယူဖို႔ တရား႐ုံးက ဆုံးျဖတ္ခဲ့ပါတယ္။ ေဒါက္တာေဒၚလဲ့လဲ့ေမာ္ရဲ႕ အမႈကို တစ္ႏွစ္ေက်ာ္ၾကာ စစ္ေဆးၿပီးေနာက္ အမိန႔္ခ်မွတ္ခဲ့တာလည္း ျဖစ္ပါတယ္။ေဒါက္တာ ေဒၚလဲ့လဲ့ေမာ္ ပိုင္ ေနအိမ္ၿခံစည္း႐ိုးကာရံရာမွာ ျပည္သူ႔ဘ႑ာသုံးစြဲခဲ့တဲ့အမႈ၊  ထားဝယ္ ေလယာဥ္ကြင္း မွာ ၿခဳံႏြယ္ရွင္းလင္းတဲ့ကိစၥ၊ ထားဝယ္မွာ GGS ကုမၸဏီကို လွ်ပ္စစ္မီး ျဖန႔္ျဖဴး ခြင့္ေပးရာမွာ အဂတိလိုက္စားမႈေတြရွိခဲ့တဲ့ အမႈနဲ႔၊ သူပိုင္ေနအိမ္ကို အဲဒီကုမၸဏီကို က်ပ္သိန္း ႏွစ္ေထာင္နဲ႔ ဝယ္ေစၿပီး ေဆာက္လုပ္ေရးလုပ္ငန္းေတြျပန္ခ်ေပးခဲ့တာ စတဲ့ အမႈေလးမႈနဲ႔ ေဒၚလဲ့လဲ့ေမာ္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ၂၀၁၉ ခုႏွစ္၊ မတ္လမွာ တရားစြဲခဲ့တာ ျဖစ္ပါတယ္။

အထက္ပါအမႈေလးမႈလုံးအတြက္ ေဒါက္တာလဲ့လဲ့ေမာ္ကို အဂလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ နဲ႔ စြဲခ်က္တင္ ထားတာျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္းကို တရားစြဲတဲ့ အဂတိ ပုဒ္မက ႏိုင္ငံဝန္ထမ္းေတြ အဂတိလိုက္စားရင္ စြဲဆိုတဲ့ပုဒ္မျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ အနည္းဆုံး ေထာင္ ၁၅ ႏွစ္ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ပါတယ္။ေဒါက္တာလဲ့လဲ့ေမာ္ဟာ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ သုံးႏွစ္ေက်ာ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

သူဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက သရက္ေခ်ာင္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္တင္ေျမႇာက္ခံခဲ့ရတာျဖစ္ပါတယ္။ အဲဒီကေနမွ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ျဖစ္လာတာ ျဖစ္ပါတယ္။ေဒါက္တာေဒၚလဲ့လဲ့ေမာ္ ရဲ႕ ခယ္အိုျဖစ္သူ ဦးေအာင္စိုးဟာ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ ဖူးသူ ျဖစ္ၿပီး NLD နာယက ဦးဝင္းထိန္နဲ႔ နီးစပ္သူတစ္ဦးျဖစ္ပါတယ္။ ေဒါက္တာေဒၚလဲ့လဲ့ေမာ္ရဲ႕ အမႈ ေပၚေပါက္ ခဲ့ၿပီးေနာက္ သူ႔ရဲ႕ ခယ္အိုျဖစ္သူ ဦးေအာင္စိုးဟာ NLD ပါတီကေန ႏႈတ္ထြက္စာ တင္ၿပီး ပါတီကေန ထြက္ခြာသြားခဲ့ပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္ ၊ ေမ ၂၂
photo Credit:Wikipedia