ထိုင်းနိုင်ငံတွင် လူသတ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်သူ ထိုင်းနိုင်ငံသားကို မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံတွင် လူသတ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်သူ ထိုင်းနိုင်ငံသားကို မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိ

ပြီးခဲ့တဲ့လက ထရန်ပြည်နယ် (Trang) အရက်ဆိုင်တစ်ခုထဲ တစ်ဦး သေ၊ ရှစ်ဦး ဒဏ်ရာရစေတဲ့ သေနတ်ပစ်ခတ်မှုက ကျူးလွန်သူ ထိုင်းနိုင်ငံသား သေနတ်သမားကို ဖမ်းဆီးရမိခဲ့ပြီလို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

တရားခံဖြစ်သူ အသက် ၃၄ နှစ်အရွယ် ထရန်ဒေသခံ ချာရပူလ် ဆီရာမိုင် (Chaiyapol Siammai) လို့ အမည်ရသူကို တာချီလိတ်နယ်စပ် စစ်ဆေးရေးဂိတ်မှာ အင်္ဂါနေ့ညနေ ၅ နာရီလောက်က ဖမ်းမိတယ်လို့ ထိုင်းရဲတွေက ပြောကြားခဲ့ပါတယ်။

သေနတ်ပစ်ခတ်မှုဟာ နိုဝင်ဘာ ၅ ရက်က မူအန်ခရိုင် (Muang) ထာသီအန်မြို့က (Thap Thiang) မဟာနခွန် (Mahanakhon) အရက်ဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။ချာရပူလ် ဆီရာမိုင် ကို  ထရန်ခရိုင်တရားရုံးက လူသတ်မှုနှင့် လူသတ်ရန်ကြံစည်မှု၊ မတရားလက်နက် လက်ဝယ်ထားရှိမှုနှင့် တရားမဝင် ကိုင်ဆောင်မှု စတာတွေနဲ့ တရားစွဲဆိုကာ နိုဝင်ဘာ ၆ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ပြစ်မှုစစ်ဆေးသူတွေဟာ တရားခံ မြန်မာဘက်ကို ထွက်ပြေးကြောင်း သတင်းရပြီးနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ တရားခံကို မြန်မာ-ထိုင်း နယ်စပ်မှာ ဖမ်းမိလိုက်တာပါ။

မြန်မာရဲတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က တာချီလိပ်နယ်စပ်ဂိတ်မှာ ယာဉ်တစ်စီးကို စစ်ဆေးကြည့်ရာ မြန်မာနိုင်ငံသားနှစ်ဦးနှင့် ထိုင်းနိုင်ငံသားသုံးဦး စီးလာတဲ့ ယာဉ်ပေါ်မှာ သူ့ကိုဖမ်းလိုက်တာပါ။၎င်းတို့ထဲကနေ အမေရိကန်နိုင်ငံထုတ် COLTS (.45 Automatic Caliber) ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်း ကျည် ၁၂ တောင့်နှင့် အီတလီနိုင်ငံထုတ် PIETRO BERETTA(PB) ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၄ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

CSD (crime suppression division) ရဲ့ ရဲမှူးချူပ် ပိုလ်မာတ်ဂျင် ဂျေ ( Pol Maj Gen Jirabhop -Bhuridej) က ထိုင်းနိုင်ငံက ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံရဲ့ ရဲ့တပ်ဖွဲ့နှင့် ပူးပေါင်းပြီး ထိုင်းနိုင်ငံမှာ တရားရင်ဆိုင်နိုင်ဖို့ စေလွှတ်ခဲ့ပါတယ်။

တရားခံဟာ ယခင်ပြစ်မှုကျူးလွန်တဲ့ မှတ်တမ်းတွေ ရှိထားသူဖြစ်ပြီး ၂၀၀၃ ကနေ ၂၀၁၇ အတွင်း ကိုယ်ထိလက်ရောက် ပြစ်မှူကျူးလွန်မှုနှင့် လူသတ်ရန် ကြံစည်မှုတွေနဲ့ အဖမ်းခံရဖူးသူလို့ သိရပါတယ်။

Willinson
ဘန်ကောက်၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

ၿပီးခဲ့တဲ့လက ထရန္ျပည္နယ္ (Trang) အရက္ဆိုင္တစ္ခုထဲ တစ္ဦး ေသ၊ ရွစ္ဦး ဒဏ္ရာရေစတဲ့ ေသနတ္ပစ္ခတ္မႈက က်ဴးလြန္သူ ထိုင္းႏိုင္ငံသား ေသနတ္သမားကို ဖမ္းဆီးရမိခဲ့ၿပီလို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

တရားခံျဖစ္သူ အသက္ ၃၄ ႏွစ္အ႐ြယ္ ထရန္ေဒသခံ ခ်ာရပူလ္ ဆီရာမိုင္ (Chaiyapol Siammai) လို႔ အမည္ရသူကို တာခ်ီလိတ္နယ္စပ္ စစ္ေဆးေရးဂိတ္မွာ အဂၤါေန႔ညေန ၅ နာရီေလာက္က ဖမ္းမိတယ္လို႔ ထိုင္းရဲေတြက ေျပာၾကားခဲ့ပါတယ္။

ေသနတ္ပစ္ခတ္မႈဟာ ႏိုဝင္ဘာ ၅ ရက္က မူအန္ခ႐ိုင္ (Muang) ထာသီအန္ၿမိဳ႕က (Thap Thiang) မဟာနခြန္ (Mahanakhon) အရက္ဆိုင္မွာ ျဖစ္ပြားခဲ့တာပါ။ခ်ာရပူလ္ ဆီရာမိုင္ ကို  ထရန္ခ႐ိုင္တရား႐ုံးက လူသတ္မႈႏွင့္ လူသတ္ရန္ႀကံစည္မႈ၊ မတရားလက္နက္ လက္ဝယ္ထားရွိမႈႏွင့္ တရားမဝင္ ကိုင္ေဆာင္မႈ စတာေတြနဲ႔ တရားစြဲဆိုကာ ႏိုဝင္ဘာ ၆ ရက္မွာ ဖမ္းဝရမ္းထုတ္ခဲ့ပါတယ္။

ျပစ္မႈစစ္ေဆးသူေတြဟာ တရားခံ ျမန္မာဘက္ကို ထြက္ေျပးေၾကာင္း သတင္းရၿပီးေနာက္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕နဲ႔ ခ်ိတ္ဆက္ကာ တရားခံကို ျမန္မာ-ထိုင္း နယ္စပ္မွာ ဖမ္းမိလိုက္တာပါ။

ျမန္မာရဲတပ္ဖြဲ႕ဝင္ေတြဟာ ဒီဇင္ဘာ ၁၁ ရက္ေန႔က တာခ်ီလိပ္နယ္စပ္ဂိတ္မွာ ယာဥ္တစ္စီးကို စစ္ေဆးၾကည့္ရာ ျမန္မာႏိုင္ငံသားႏွစ္ဦးႏွင့္ ထိုင္းႏိုင္ငံသားသုံးဦး စီးလာတဲ့ ယာဥ္ေပၚမွာ သူ႔ကိုဖမ္းလိုက္တာပါ။၎တို႔ထဲကေန အေမရိကန္ႏိုင္ငံထုတ္ COLTS (.45 Automatic Caliber) ပစၥတိုေသနတ္ ၁ လက္၊ ၎က်ည္အိမ္ ၁ ခု၊ ၎ က်ည္ ၁၂ ေတာင့္ႏွင့္ အီတလီႏိုင္ငံထုတ္ PIETRO BERETTA(PB) ပစၥတိုေသနတ္ ၂ လက္၊ ၎က်ည္အိမ္ ၂ ခု၊ ၎က်ည္ ၂၄ ေတာင့္တို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ပါတယ္။

CSD (crime suppression division) ရဲ႕ ရဲမႉးခ်ဴပ္ ပိုလ္မာတ္ဂ်င္ ေဂ် ( Pol Maj Gen Jirabhop -Bhuridej) က ထိုင္းႏိုင္ငံက ရဲတပ္ဖြဲ႕ကို ျမန္မာႏိုင္ငံရဲ႕ ရဲ႕တပ္ဖြဲ႕ႏွင့္ ပူးေပါင္းၿပီး ထိုင္းႏိုင္ငံမွာ တရားရင္ဆိုင္ႏိုင္ဖို႔ ေစလႊတ္ခဲ့ပါတယ္။

တရားခံဟာ ယခင္ျပစ္မႈက်ဴးလြန္တဲ့ မွတ္တမ္းေတြ ရွိထားသူျဖစ္ၿပီး ၂၀၀၃ ကေန ၂၀၁၇ အတြင္း ကိုယ္ထိလက္ေရာက္ ျပစ္မႉက်ဴးလြန္မႈႏွင့္ လူသတ္ရန္ ႀကံစည္မႈေတြနဲ႔ အဖမ္းခံရဖူးသူလို႔ သိရပါတယ္။

Willinson
ဘန္ေကာက္၊ ဒီဇင္ဘာ - ၁၄