နိုင်ငံတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားများ၏ လုံခြုံရေး၊ စိတ်ချမ်းသာရေးအတွက် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးတွဲလုပ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း

နိုင်ငံတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားများ၏ လုံခြုံရေး၊ စိတ်ချမ်းသာရေးအတွက် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးတွဲလုပ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း

နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံသူနိုင်ငံသားများ၏ လုံခြုံရေး၊ စိတ်ချမ်းသားရေးအတွက် နိုင်ငံတော်အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးတွဲပြီးလုပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့နံနက်ပိုင်း၊ နေပြည်တော်၊ MICC-2 မှာ ပြုလုပ်ကျင်းပတဲ့ Myanmar Entrepreneurship Summit 2018 ဖွင့်ပွဲအခမ်းအနားမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ပရဟိတ၊ အတ္တဟိတ နှစ်ခုစလုံးကိုကြည့်ပြီး လုပ်ရတယ်ထင်တာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အရေးအကြီးဆုံးဘဲလို့ ပြောချင်ပါတယ်။ဘာဖြစ်လို့လည်းဆိုရင် စီးပွားရေးလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ ကိုယ့်ရဲ့လုပ်ငန်းကို အောင်မြင်အောင် လုပ်နိုင်မှ ကိုယ့်လုပ်ငန်းရဲ့ အကျိုးစီးပွားအတွက် လုပ်နိုင်မှ ကိုယ့်ပတ်ဝန်းကျင် အကျိုးစီးပွားကို လုပ်နိုင်မှာ။ဒါကြောင့်မိုလို့ စီးပွားရေးလုပ်နေတဲ့ ပုဂ္ဂိုလ်များအတွက် အတ္တဟိတ၊ ပရဟိတ္တ နှစ်ခုစလုံးကို အစဉ်အမြဲ တွဲပြီးကြည့်ဖို့က အရေးကြီးပါတယ်။ကိုယ့်အတွက်ဘဲကိုယ် ကြည့်လို့ကတော့ ရတာပေါ့။ဒါပေမဲ့ ကျွန်မတို့လို တိုးတက်နေစ နိုင်ငံမှာ အားလုံးကဝိုင်းပြီး အများအကျိုးအတွက်ပါ စဉ်းစားပေးမှ ကျွန်မတို့ နိုင်ငံဟာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ကျွန်မတို့နိုင်ငံ တိုးတက်ဖို့ဆိုရင် ဘာတွေလိုလဲဆိုတော့ ရိုးရိုပိုက်ဆံရှိရုံနဲ့လည်း မလုံလောက်ပါဘူး။ကျွန်မတို့ စီးပွားရေးအောင်မြင်တယ်ဆိုတာ ဘာအတွက်လည်း။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် မလုံလောက်ပါဘူး၊ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားအားလုံး စိတ်ပိုင်းဆိုင်ရာလုံခြုံမှု လိုအပ်ပါတယ်။စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက်ဆိုတာ စီးပွားရေးတစ်ခုထဲနဲ့ မပြီးပါဘူး။ကျန်းမာရေး၊ ပညာရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။လူတစ်ယောက်ဟာ ကျန်းမာမှ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် စိတ်ချရမှ စိတ်လုံခြုံပါတယ်။ပြီးတော့ ကိုယ်ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ စွမ်းရည်တွေရှိမှ စိတ်လုံနိုင်တာ။

အဲ့ဒါက ပညာရေးနဲ့ဆိုင်တာပေါ့နော်၊ ကျန်းမာရေးကတော့ ကျန်းမာရေးနဲ့ဆိုင်တယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်တွေကို ကျွန်မတို့နိုင်ငံကို မတူတဲ့ပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ကို စဉ်းစားစေချင်တယ်၊ တစ်ခြားနိုင်ငံတွေနဲ့ မတူအောင်၊ ဘယ်လိုဘဲပြောပြော ကမ္ဘာကြီးဟာ တစ်ခုနဲ့တစ်ခု တစ်နေရာနဲ့တစ်နေရာ ဆက်နွယ်မှုအများကြီး ရှိနေတဲ့အခါ ကျွန်မတို့ လူငယ်တွေဟာ တစ်ခြားနိုင်ငံတွေက လူငယ်တွေနဲ့ နည်းနည်းတူချင်တဲ့ နေရာတွေကို တူချင်မှာဘဲ။ဒီဟာကို ဟန့်တားလို့လည်း မသင့်တော်ဘူး။ဟန့်တားစရာ အကြောင်းလည်းမရှိဘူး။ဒီလိုဘဲ ကမ္ဘာကြီးကပြောင်းသွားမှာ။ကျွန်မတို့ လူငယ်တွေကို အထူးတိုက်တွန်းချင်တာက ကျွန်မတို့နိုင်ငံအတွက် အချက် (၂) ခုကို တိုက်တွန်းချင်ပါတယ်။ပထမတစ်ခုက တီထွင်တဲ့စိတ်ရှိရမယ်၊ အသစ်မြင်တဲ့စိတ်ရှိရမယ်။နောက်ဒုတိယက ကျွန်မတို့နိုင်ငံကို တကယ့်ကို ကိုယ့်ကိုကိုယ်အားကိုးနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်စေချင်တယ်။ကျွန်မတို့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်က လွတ်လပ်ရေးဖခင်ကြီးက ကြွေးကြော်တာက ကိုယ့်ရဲ့ကံကြမ္မာကို ဖန်တီးနိုင်ရမယ်၊ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ဖို့ဆိုတာ နိုင်ငံရေးတစ်ခုနဲ့လည်း မပြီးပါဘူး။စီးပွားရေးလည်း အရေးကြီးပါတယ်။
စီးပွားရေးတောင့်တင်းမှလည်း ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ့်လက်ထဲမှာ စွဲစွဲမြဲမြဲဆုပ်ကိုင်ထားနိုင်မှာပါ။အဲ့ဒီဟာအတွက် ကျွန်မတို့ လူငယ်လုပ်ငန်းရှင်များက ပံ့ပိုးပေးစေချင်ပါတယ်။စီးပွားရေးဆိုတာ စီးပွားရေးသက်သက်လည်း မရပ်တည်နိုင်ဘူး၊ စီးပွားရေးအောင်မြင်ဖို့ဆိုတာ အစိုးရရဲ့ မူဝါဒတွေနဲ့လည်း သက်ဆိုင်တယ်၊ ထိုနည်းလည်းကောင်းဘဲ အစိုးရတစ်ခုရဲ့ အောင်မြင်မှုဆိုတာကလည်း စီးပွားရေးလုပ်ငန်းတွေနဲ့လည်း ဆက်စပ်နေပါတယ်၊ ဒါကြောင့် ကျွန်မတို့ အတူတူပူးတွဲပြီး လုပ်ကြစို့။နိုင်ငံတော်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ပူးတွဲပြီးလုပ်တယ်ဆိုတာ ဘာအတွက်လည်းဆိုတာ နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံသူနိုင်ငံသားများရဲ့ လုံခြုံရေး၊ စိတ်ချမ်းသာရေးအတွက်ဘဲ ဖြစ်ပါတယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

 

ယနေ့နံနက်ပိုင်း၊ နေပြည်တော်၊ MICC-2 တွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပပြုလုပ်သည့် Myanmar Entrepreneurship Summit 2018 ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လူငယ်စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

ႏိုင္ငံတိုးတက္ေရးအတြက္ ႏိုင္ငံသူႏိုင္ငံသားမ်ား၏ လုံၿခဳံေရး၊ စိတ္ခ်မ္းသားေရးအတြက္ ႏိုင္ငံေတာ္အစိုးရႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ပူးတြဲၿပီးလုပ္ၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ယေန႔နံနက္ပိုင္း၊ ေနျပည္ေတာ္၊ MICC-2 မွာ ျပဳလုပ္က်င္းပတဲ့ Myanmar Entrepreneurship Summit 2018 ဖြင့္ပြဲအခမ္းအနားမွာ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

“ပရဟိတ၊ အတၱဟိတ ႏွစ္ခုစလုံးကိုၾကည့္ၿပီး လုပ္ရတယ္ထင္တာ စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ အေရးအႀကီးဆုံးဘဲလို႔ ေျပာခ်င္ပါတယ္။ဘာျဖစ္လို႔လည္းဆိုရင္ စီးပြားေရးလုပ္တဲ့ စီးပြားေရးလုပ္ငန္းရွင္ဆိုတာ ကိုယ့္ရဲ႕လုပ္ငန္းကို ေအာင္ျမင္ေအာင္ လုပ္ႏိုင္မွ ကိုယ့္လုပ္ငန္းရဲ႕ အက်ိဳးစီးပြားအတြက္ လုပ္ႏိုင္မွ ကိုယ့္ပတ္ဝန္းက်င္ အက်ိဳးစီးပြားကို လုပ္ႏိုင္မွာ။ဒါေၾကာင့္မိုလို႔ စီးပြားေရးလုပ္ေနတဲ့ ပုဂၢိဳလ္မ်ားအတြက္ အတၱဟိတ၊ ပရဟိတၱ ႏွစ္ခုစလုံးကို အစဥ္အၿမဲ တြဲၿပီးၾကည့္ဖို႔က အေရးႀကီးပါတယ္။ကိုယ့္အတြက္ဘဲကိုယ္ ၾကည့္လို႔ကေတာ့ ရတာေပါ့။ဒါေပမဲ့ ကြၽန္မတို႔လို တိုးတက္ေနစ ႏိုင္ငံမွာ အားလုံးကဝိုင္းၿပီး အမ်ားအက်ိဳးအတြက္ပါ စဥ္းစားေပးမွ ကြၽန္မတို႔ ႏိုင္ငံဟာ တိုးတက္ႏိုင္မွာ ျဖစ္ပါတယ္။ကြၽန္မတို႔ႏိုင္ငံ တိုးတက္ဖို႔ဆိုရင္ ဘာေတြလိုလဲဆိုေတာ့ ႐ိုး႐ိုပိုက္ဆံရွိ႐ုံနဲ႔လည္း မလုံေလာက္ပါဘူး။ကြၽန္မတို႔ စီးပြားေရးေအာင္ျမင္တယ္ဆိုတာ ဘာအတြက္လည္း။ ႐ုပ္ပိုင္းဆိုင္ရာ လုံၿခဳံမႈအတြက္ မလုံေလာက္ပါဘူး၊ ကြၽန္မတို႔ ႏိုင္ငံသူႏိုင္ငံသားအားလုံး စိတ္ပိုင္းဆိုင္ရာလုံၿခဳံမႈ လိုအပ္ပါတယ္။စိတ္ပိုင္းဆိုင္ရာလုံၿခဳံမႈအတြက္ဆိုတာ စီးပြားေရးတစ္ခုထဲနဲ႔ မၿပီးပါဘူး။က်န္းမာေရး၊ ပညာေရးဟာ အင္မတန္မွ အေရးႀကီးပါတယ္။လူတစ္ေယာက္ဟာ က်န္းမာမွ ကိုယ့္ရဲ႕ က်န္းမာေရးအတြက္ စိတ္ခ်ရမွ စိတ္လုံၿခဳံပါတယ္။ၿပီးေတာ့ ကိုယ္ရင္ဆိုင္ရမဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္တဲ့ စြမ္းရည္ေတြရွိမွ စိတ္လုံႏိုင္တာ။

အဲ့ဒါက ပညာေရးနဲ႔ဆိုင္တာေပါ့ေနာ္၊ က်န္းမာေရးကေတာ့ က်န္းမာေရးနဲ႔ဆိုင္တယ္၊ ၿပီးေတာ့ ကြၽန္မတို႔ရဲ႕ လူငယ္လုပ္ငန္းရွင္ေတြကို ကြၽန္မတို႔ႏိုင္ငံကို မတူတဲ့ပုံစံနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ကို စဥ္းစားေစခ်င္တယ္၊ တစ္ျခားႏိုင္ငံေတြနဲ႔ မတူေအာင္၊ ဘယ္လိုဘဲေျပာေျပာ ကမာၻႀကီးဟာ တစ္ခုနဲ႔တစ္ခု တစ္ေနရာနဲ႔တစ္ေနရာ ဆက္ႏြယ္မႈအမ်ားႀကီး ရွိေနတဲ့အခါ ကြၽန္မတို႔ လူငယ္ေတြဟာ တစ္ျခားႏိုင္ငံေတြက လူငယ္ေတြနဲ႔ နည္းနည္းတူခ်င္တဲ့ ေနရာေတြကို တူခ်င္မွာဘဲ။ဒီဟာကို ဟန႔္တားလို႔လည္း မသင့္ေတာ္ဘူး။ဟန႔္တားစရာ အေၾကာင္းလည္းမရွိဘူး။ဒီလိုဘဲ ကမာၻႀကီးကေျပာင္းသြားမွာ။ကြၽန္မတို႔ လူငယ္ေတြကို အထူးတိုက္တြန္းခ်င္တာက ကြၽန္မတို႔ႏိုင္ငံအတြက္ အခ်က္ (၂) ခုကို တိုက္တြန္းခ်င္ပါတယ္။ပထမတစ္ခုက တီထြင္တဲ့စိတ္ရွိရမယ္၊ အသစ္ျမင္တဲ့စိတ္ရွိရမယ္။ေနာက္ဒုတိယက ကြၽန္မတို႔ႏိုင္ငံကို တကယ့္ကို ကိုယ့္ကိုကိုယ္အားကိုးႏိုင္တဲ့ ႏိုင္ငံတစ္ခု ျဖစ္ေစခ်င္တယ္။ကြၽန္မတို႔ လြတ္လပ္ေရးရဖို႔ ႀကိဳးပမ္းစဥ္က လြတ္လပ္ေရးဖခင္ႀကီးက ေႂကြးေၾကာ္တာက ကိုယ့္ရဲ႕ကံၾကမၼာကို ဖန္တီးႏိုင္ရမယ္၊ ကိုယ့္ရဲ႕ကံၾကမၼာကို ကိုယ္ဖန္တီးႏိုင္ဖို႔ဆိုတာ ႏိုင္ငံေရးတစ္ခုနဲ႔လည္း မၿပီးပါဘူး။စီးပြားေရးလည္း အေရးႀကီးပါတယ္။
စီးပြားေရးေတာင့္တင္းမွလည္း ကိုယ့္ရဲ႕ကံၾကမၼာကို ကိုယ့္လက္ထဲမွာ စြဲစြဲၿမဲၿမဲဆုပ္ကိုင္ထားႏိုင္မွာပါ။အဲ့ဒီဟာအတြက္ ကြၽန္မတို႔ လူငယ္လုပ္ငန္းရွင္မ်ားက ပံ့ပိုးေပးေစခ်င္ပါတယ္။စီးပြားေရးဆိုတာ စီးပြားေရးသက္သက္လည္း မရပ္တည္ႏိုင္ဘူး၊ စီးပြားေရးေအာင္ျမင္ဖို႔ဆိုတာ အစိုးရရဲ႕ မူဝါဒေတြနဲ႔လည္း သက္ဆိုင္တယ္၊ ထိုနည္းလည္းေကာင္းဘဲ အစိုးရတစ္ခုရဲ႕ ေအာင္ျမင္မႈဆိုတာကလည္း စီးပြားေရးလုပ္ငန္းေတြနဲ႔လည္း ဆက္စပ္ေနပါတယ္၊ ဒါေၾကာင့္ ကြၽန္မတို႔ အတူတူပူးတြဲၿပီး လုပ္ၾကစို႔။ႏိုင္ငံေတာ္အစိုးရနဲ႔ စီးပြားေရးလုပ္ငန္းရွင္မ်ား ပူးတြဲၿပီးလုပ္တယ္ဆိုတာ ဘာအတြက္လည္းဆိုတာ ႏိုင္ငံတိုးတက္ေရးအတြက္ ႏိုင္ငံသူႏိုင္ငံသားမ်ားရဲ႕ လုံၿခဳံေရး၊ စိတ္ခ်မ္းသာေရးအတြက္ဘဲ ျဖစ္ပါတယ္” လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္း၊ ေနျပည္ေတာ္၊ MICC-2 တြင္ ျမန္မာႏိုင္ငံ လူငယ္စြန႔္ဦးတီထြင္ လုပ္ငန္းရွင္မ်ားအသင္းမွ ႀကီးမႉးက်င္းပျပဳလုပ္သည့္ Myanmar Entrepreneurship Summit 2018 ဖြင့္ပြဲအခမ္းအနားသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္မ်ားႏွင့္ လူငယ္စြန႔္ဦးတီထြင္သူ လုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၄