နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၊ဖွဲ့စည်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၊ဖွဲ့စည်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့်အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ဖွဲ့စည်းတာဝန်ပေးအပ်သည့်အမိန့်စာအားနိုင်ငံတော်သမ္မတရုံးမှယနေ့(ဧပြီ-၂၅)ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ သမ္မတရုံးဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ညွန်ကြားရေးမှူးချုပ်ဦးဇော်ဌေးထံမှသိရှိရပါတယ်။

Covid-19ရောဂါအရေးပေါ်တုံပြန်နိုင်ရေး အတွက်နိုင်ငံတော်အစိုးရ၏မူဝါဒနှင့်အညီဆောင်ရွက် နိုင်ရန်မိမိ၏အ ချိန်၊လုပ်အား၊ကျွမ်းကျင်မှု၊ အကြံဥဏ်စသည်များကို အခကြေးငွေ မယူဘဲ အသင်းအဖွဲ့တစ်ခု၊လုပ်ငန်စဉ်တစ်ရပ်၊ လိုအပ်သည့်အခြေအနေ တစ်ရပ်တွင် အချိန်ပိုင်းဖြစ်စေ၊ သတ်မှတ် တာဝန်ပိုင်းအရ ဖြစ်စေ၊အမြဲတမ်းဖြစ်စေ မိမိ၏ဆန္ဒအရ ပါဝင်ဆောင်ရွက်ပေးနိုင်သော စေတနာဝန်ထမ်း(Volunteer)များကို စနစ်တကျ လေ့ကျင့်ပါဝင်စေရန် ရည်ရွယ်လျက် အမျိုးသား အဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထား ပါတယ်။

ယင်းအမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့တွင်ဥက္ကဋ္ဌအဖြစ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ဒေါ်အောင်ဆန်းစုကြည်၊အဖွဲ့ဝင်များအဖြစ်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များအားလုံး၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊အတွင်းရေးမှူးအဖြစ်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊အတွင်းရေးမှူး(၁)အဖြစ်ညွန်ကြားရေးမှူးချုပ်၊လူမှုဝန်ထမ်းဦးစီးဌာန၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အတွင်းရေးမှူး(၂)တာဝန်ပေးအပ်သူတစ်ဦးလူမှုဝန်ထမ်းဦးစီးဌာန၊လူမှုဝန်ထမ်း၊ကယ်ဆည်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့်ဖွဲ့စည်းထားကြောင်းသိရှိရပါတယ်။

အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏လုပ်ငန်းတာဝန်များကိုနေပြည်တော်ကောင်စီ၊တိုင်းဒေသကြီးပြည်နယ် လူမှုရေးဝန်ကြီးများမှမြို့နယ်အလိုက် Quarantine Center များတွင် လက်ရှိဆောင်ရွက်နေသော၊ပါဝင် ဆောင်ရွက်ရန်ဆန္ဒပြုထားသော စေတနာဝန်ထမ်း (Volunteer) များ ကိုကွင်းဆင်းကောက်ယူသွားခြင်း၊ စေတနာဝန်ထမ်း (Volunteer)များ အတွက် ဘဏ္ဍာငွေရှာဖွေရေးနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များမှဆောင်ရွက်ရာတွင်လိုအပ်သည်များကူညီပံ့ပိုးပေးခြင်း၊စေတနာဝန်ထမ်း(Volunteer)များအား ကျန်းမာရေး အခမဲ့စစ်ဆေးပေးခြင်း၊ လိုအပ်ပါကဆေးကုသပေးခြင်း၊ လိုအပ် သည့် အကာအကွယ်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး၊ လိုအပ်သည်များ ကူညီပံ့ပိုး ကူညီညှိ့နှိုင်းဆောင်ရွက်ပေးခြင်းစသည့်များအပါအဝင်အချက်(၉)ချက်ဖြင့်ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပါတယ်။

KO                                               
နေပြည်တော်၊ဧပြီ-၂၅။

(  Zawgyi  )

 ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ေဒၚေအာင္ဆန္းစုၾကည္ဥကၠ႒အျဖစ္ဦးေဆာင္သည့္အမ်ိဳးသားအဆင့္ေစတနာ့ဝန္ထမ္းဦးေဆာင္အဖြဲ႕၊ဖြဲ႕စည္းတာဝန္ေပးအပ္သည့္အမိန႔္စာအားႏိုင္ငံေတာ္သမၼတ႐ုံးမွယေန႔(ဧၿပီ-၂၅)ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ေၾကျငာခဲ့ေၾကာင္း၊ သမၼတ႐ုံးဝန္ႀကီးဌာန ေျပာေရး ဆိုခြင့္ ရွိသူ ၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးထံမွသိရွိရပါတယ္။

Covid-19ေရာဂါအေရးေပၚတုံျပန္ႏိုင္ေရး အတြက္ႏိုင္ငံေတာ္အစိုးရ၏မူဝါဒႏွင့္အညီေဆာင္႐ြက္ ႏိုင္ရန္မိမိ၏အ ခ်ိန္၊လုပ္အား၊ကြၽမ္းက်င္မႈ၊ အႀကံဥဏ္စသည္မ်ားကို အခေၾကးေငြ မယူဘဲ အသင္းအဖြဲ႕တစ္ခု၊လုပ္ငန္စဥ္တစ္ရပ္၊ လိုအပ္သည့္အေျခအေန တစ္ရပ္တြင္ အခ်ိန္ပိုင္းျဖစ္ေစ၊ သတ္မွတ္ တာဝန္ပိုင္းအရ ျဖစ္ေစ၊အၿမဲတမ္းျဖစ္ေစ မိမိ၏ဆႏၵအရ ပါဝင္ေဆာင္႐ြက္ေပးႏိုင္ေသာ ေစတနာဝန္ထမ္း(Volunteer)မ်ားကို စနစ္တက် ေလ့က်င့္ပါဝင္ေစရန္ ရည္႐ြယ္လ်က္ အမ်ိဳးသား အဆင့္ ေစတနာ့ဝန္ထမ္းဦးေဆာင္အဖြဲ႕ကို ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း ေဖာ္ျပထား ပါတယ္။

ယင္းအမ်ိဳးသားအဆင့္ေစတနာ့ဝန္ထမ္းဦးေဆာင္အဖြဲ႕တြင္ဥကၠ႒အျဖစ္ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ေဒၚေအာင္ဆန္းစုၾကည္၊အဖြဲ႕ဝင္မ်ားအျဖစ္ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး၊ေနျပည္ေတာ္ေကာင္စီဥကၠ႒၊တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္မ်ားအားလုံး၊ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနအၿမဲတမ္းအတြင္းဝန္၊က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအၿမဲတမ္းအတြင္းဝန္၊အတြင္းေရးမႉးအျဖစ္လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး၊အတြင္းေရးမႉး(၁)အျဖစ္ၫြန္ၾကားေရးမႉးခ်ဳပ္၊လူမႈဝန္ထမ္းဦးစီးဌာန၊လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊အတြင္းေရးမႉး(၂)တာဝန္ေပးအပ္သူတစ္ဦးလူမႈဝန္ထမ္းဦးစီးဌာန၊လူမႈဝန္ထမ္း၊ကယ္ဆည္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတို႔ႏွင့္ဖြဲ႕စည္းထားေၾကာင္းသိရွိရပါတယ္။

အမ်ိဳးသားအဆင့္ေစတနာ့ဝန္ထမ္းဦးေဆာင္အဖြဲ႕၏လုပ္ငန္းတာဝန္မ်ားကိုေနျပည္ေတာ္ေကာင္စီ၊တိုင္းေဒသႀကီးျပည္နယ္ လူမႈေရးဝန္ႀကီးမ်ားမွၿမိဳ႕နယ္အလိုက္ Quarantine Center မ်ားတြင္ လက္ရွိေဆာင္႐ြက္ေနေသာ၊ပါဝင္ ေဆာင္႐ြက္ရန္ဆႏၵျပဳထားေသာ ေစတနာဝန္ထမ္း (Volunteer) မ်ား ကိုကြင္းဆင္းေကာက္ယူသြားျခင္း၊ ေစတနာဝန္ထမ္း (Volunteer)မ်ား အတြက္ ဘ႑ာေငြရွာေဖြေရးႏွင့္ ပတ္သက္၍ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး ျပည္နယ္ အစိုးရအဖြဲ႕မ်ားမွေဆာင္႐ြက္ရာတြင္လိုအပ္သည္မ်ားကူညီပံ့ပိုးေပးျခင္း၊ေစတနာဝန္ထမ္း(Volunteer)မ်ားအား က်န္းမာေရး အခမဲ့စစ္ေဆးေပးျခင္း၊ လိုအပ္ပါကေဆးကုသေပးျခင္း၊ လိုအပ္ သည့္ အကာအကြယ္ပစၥည္းမ်ား ျဖည့္ဆည္းေပးႏိုင္ေရး၊ လိုအပ္သည္မ်ား ကူညီပံ့ပိုး ကူညီညႇိ႔ႏႈိင္းေဆာင္႐ြက္ေပးျခင္းစသည့္မ်ားအပါအဝင္အခ်က္(၉)ခ်က္ျဖင့္ထုတ္ျပန္ထားသည္ကိုေတြ႕ရွိရပါတယ္။

KO                                               
ေနျပည္ေတာ္၊ဧၿပီ-၂၅။