မန္တလေးက ကိုဗစ်ရောဂါဆိုင်ရာဓာတ်ခွဲခန်းအတွက် ယူနန်ပြည်နယ်အစိုးရက ကျပ်သိန်း ၃၇၅၀ ကျော်တန်ဖိုးရှိသောစက်ပစ္စည်းများ လှူဒါန်း

မန္တလေးက ကိုဗစ်ရောဂါဆိုင်ရာဓာတ်ခွဲခန်းအတွက် ယူနန်ပြည်နယ်အစိုးရက ကျပ်သိန်း ၃၇၅၀ ကျော်တန်ဖိုးရှိသော စက်ပစ္စည်း များ လှူဒါန်း

မန္တလေးမြို့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုစစ်ဆေးပေးမယ့်ဓာတ်ခွဲခန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက ဒီကနေ့မနက်ပိုင်းမှာပဲ လာရောက်လှူဒါန်းပေးခဲ့ပါတယ်။

စုစုပေါင်းမြန်မာငွေကျပ်သိန်း ၃၇၅၀ ကျော်တန်ဖိုးရှိတဲ့စက်ပစ္စည်းတွေပဲဖြစ်ပြီး ယူနန်ပြည်နယ် အစိုးရက မန္တလေးတိုင်းဒေသကြီးအ စိုးရအဖွဲ့ဆီလှူဒါန်းတဲ့အစီအစဉ်ဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာ တရုတ်နိုင်ငံကအခုလိုလာရောက်လှူဒါန်းတာဟာ ကာလဒါနအလှူတစ်ခုလို့ပဲ မှတ်ချက်ပြုရမှာဖြစ်ပါတယ် လို့ ဒီလှူဒါန်းမှုနဲ့ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်ကပြောပါ တယ်။

ဒီစက်ပစ္စည်းတွေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့ရဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအစီအစဉ်နဲ့ ယူနန်ပြည်နယ်အစိုးရကလှူဒါန်းပေးတာလို့လည်းသိရပြီး ဒါနဲ့ပတ်သက်လို့ လည်း ပြီးခဲ့တဲ့မေလ ၂၀ ရက်နေ့က မြန်မာသမ္မတနဲ့ကျွန်တော်တို့သမ္မတဖုန်းဆက်သွယ်ပြောဆိုတဲ့အချိန် ကိုဗစ်နဲ့ ပတ်သက်လို့ တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေ လုပ်ပေးသွားမယ်လို့ ပြောဆိုခဲ့တာအပေါ် လှူဒါန်းဖြစ်တာပါ လို့ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ဦးခင်စိန်က ပြောပါတယ်။

စက်ပစ္စည်းလှူဒါန်းမှုအစီအစဉ်ကို မန္တလေးမြို့က Pullman Hotel မှာ အခမ်းအနားနဲ့ တစ်ကွ ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ယူနန်ပြည်နယ်အစိုးရက စက်ပစ္စည်းတွေနဲ့အတူ ယူနန်ဆေးပညာအဖွဲ့ ကိုလည်း စေလွှတ်လိုက်တာဖြစ်ပြီး ၎င်းတို့အနေနဲ့ မန္တလေးမြို့အပြင် တောင်ကြီးမြို့နဲ့ မော်လမြိုင်မြို့တို့က ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကိုဗစ်ရောဂါအတည်ပြုစစ်ဆေးမယ့် ဓာတ်ခွဲခန်းအတွက် သင်တန်းတွေပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

မန္တလေးနဲ့အထက်မြန်မာပြည်အတွက် ကိုဗစ်-၁၉ ရောဂါအတည်ပြုစစ်ဆေးပေးမယ့် ဓာတ်ခွဲခန်း တစ်ခုကို မန္တလေး မဟာအောင်မြေ မြို့နယ် ၃၅ လမ်း၊ ၆၄ လမ်းနဲ့ ၆၆ လမ်းကြားက FDA ရုံးဟောင်းမှာစီစဉ်ထားရှိထားတာဖြစ်ပြီး အခုလအတွင်း စတင်စစ်ဆေးပေးနိုင် တော့မှာဖြစ်တယ် လို့ မန္တလေးတိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေကပြောထားပါတယ်။

KT
မန္တလေး ၊ မေ ၂၃

(  Zawgyi  )

 မႏၲေလးၿမိဳ႕က ကိုဗစ္-၁၉ ေရာဂါ အတည္ျပဳစစ္ေဆးေပးမယ့္ဓာတ္ခြဲခန္းအတြက္ လိုအပ္တဲ့ စက္ပစၥည္းကိရိယာေတြကို တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္အစိုးရက ဒီကေန႔မနက္ပိုင္းမွာပဲ လာေရာက္လႉဒါန္းေပးခဲ့ပါတယ္။

စုစုေပါင္းျမန္မာေငြက်ပ္သိန္း ၃၇၅၀ ေက်ာ္တန္ဖိုးရွိတဲ့စက္ပစၥည္းေတြပဲျဖစ္ၿပီး ယူနန္ျပည္နယ္ အစိုးရက မႏၲေလးတိုင္းေဒသႀကီးအ စိုးရအဖြဲ႕ဆီလႉဒါန္းတဲ့အစီအစဥ္ျဖစ္တယ္လို႔သိရပါတယ္။ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါျဖစ္ပြားေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံကအခုလိုလာေရာက္လႉဒါန္းတာဟာ ကာလဒါနအလႉတစ္ခုလို႔ပဲ မွတ္ခ်က္ျပဳရမွာျဖစ္ပါတယ္ လို႔ ဒီလႉဒါန္းမႈနဲ႔ပတ္သက္လို႔ မႏၲေလးတိုင္းေဒသႀကီး ေခတၱဝန္ႀကီးခ်ဳပ္ဦးဇာနည္ေအာင္ကေျပာပါ တယ္။

ဒီစက္ပစၥည္းေတြကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္နဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ ရွီက်င့္ဖိန္တို႔ရဲ႕ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈအစီအစဥ္နဲ႔ ယူနန္ျပည္နယ္အစိုးရကလႉဒါန္းေပးတာလို႔လည္းသိရၿပီး ဒါနဲ႔ပတ္သက္လို႔ လည္း ၿပီးခဲ့တဲ့ေမလ ၂၀ ရက္ေန႔က ျမန္မာသမၼတနဲ႔ကြၽန္ေတာ္တို႔သမၼတဖုန္းဆက္သြယ္ေျပာဆိုတဲ့အခ်ိန္ ကိုဗစ္နဲ႔ ပတ္သက္လို႔ တိုက္ဖ်က္ေရးလုပ္ငန္းေတြအတြက္ လိုအပ္တဲ့ေထာက္ပံ့မႈေတြ လုပ္ေပးသြားမယ္လို႔ ေျပာဆိုခဲ့တာအေပၚ လႉဒါန္းျဖစ္တာပါ လို႔ မႏၲေလးၿမိဳ႕အေျခစိုက္ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္ ဦးခင္စိန္က ေျပာပါတယ္။

စက္ပစၥည္းလႉဒါန္းမႈအစီအစဥ္ကို မႏၲေလးၿမိဳ႕က Pullman Hotel မွာ အခမ္းအနားနဲ႔ တစ္ကြ က်င္းပျပဳလုပ္ခဲ့တာပဲျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕တာဝန္ရွိသူေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။ ယူနန္ျပည္နယ္အစိုးရက စက္ပစၥည္းေတြနဲ႔အတူ ယူနန္ေဆးပညာအဖြဲ႕ ကိုလည္း ေစလႊတ္လိုက္တာျဖစ္ၿပီး ၎တို႔အေနနဲ႔ မႏၲေလးၿမိဳ႕အျပင္ ေတာင္ႀကီးၿမိဳ႕နဲ႔ ေမာ္လၿမိဳင္ၿမိဳ႕တို႔က က်န္းမာေရးဝန္ထမ္းေတြကိုလည္း ကိုဗစ္ေရာဂါအတည္ျပဳစစ္ေဆးမယ့္ ဓာတ္ခြဲခန္းအတြက္ သင္တန္းေတြေပးသြားမွာ ျဖစ္တယ္လို႔သိရပါတယ္။

မႏၲေလးနဲ႔အထက္ျမန္မာျပည္အတြက္ ကိုဗစ္-၁၉ ေရာဂါအတည္ျပဳစစ္ေဆးေပးမယ့္ ဓာတ္ခြဲခန္း တစ္ခုကို မႏၲေလး မဟာေအာင္ေျမ ၿမိဳ႕နယ္ ၃၅ လမ္း၊ ၆၄ လမ္းနဲ႔ ၆၆ လမ္းၾကားက FDA ႐ုံးေဟာင္းမွာစီစဥ္ထားရွိထားတာျဖစ္ၿပီး အခုလအတြင္း စတင္စစ္ေဆးေပးႏိုင္ ေတာ့မွာျဖစ္တယ္ လို႔ မႏၲေလးတိုင္းေဒသႀကီး အစိုးရတာဝန္ရွိသူေတြကေျပာထားပါတယ္။

KT
မႏၲေလး ၊ ေမ ၂၃