မန္တလေးက ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၁၃၂ ၏ ဆေးစစ်ချက် နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရတော့

မန္တလေးက ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၁၃၂ ၏ ဆေးစစ်ချက် နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရတော့

မန္တလေးမြို့က ကိုဗစ်-၁၉ အတည်ပြုလူနာ Case 132 ရဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေက နှစ်ကြိမ်ဆက်တိုက် Negative အဖြေ ထွက်တာကြောင့် ဆေးရုံကဆင်းခွင့်ရမယ့်အခြေအနေဖြစ်သွားပြီလို့ သိရပါတယ်။

"မိသားစု၀င်တွေဆီကတစ်ဆင့်သိရတာက နှစ်ကြိမ်ဆက်တိုက် Negative အဖြေထွက်တာဆိုတော့ ဆေးရုံဆင်းလို့ရပြီထင်ပါတယ်" လို့ မတ္ထရာမြို့က မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်အေးကပြောပါတယ်။

လူနာဟာ ပြီးခဲ့တဲ့ဧပြီလ ၂၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိမှုနဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကနေ ကန် တော်နဒီဆေးရုံဆီ ပို့ဆောင်ကုသမှုခံယူနေတာဖြစ်ပါတယ်။

ကန်တော်နဒီဆေးရုံမှာ မေလ ၂ ရက်နေ့က ဒုတိယအကြိမ်နဲ့ မေလ ၄ ရက်နေ့က တတိယအကြိမ် ဆေးစစ်ချက်တွေအရ နှစ်ကြိမ်ဆက်တိုက် Negative အဖြေထွက်တာ လည်းဖြစ်ပြီး ဒါနဲ့ပတ်သက်လို့လည်း ဆေးရုံအုပ်ကြီးဒေါက်တာခင်ကျော်က Negative နှစ်ကြိမ်ဆက်တိုက်အဖြေထွက်ကြောင်း အတည်ပြုပြောပါတယ်။

လက်ရှိမှာတော့ လူနာဆေးရုံဆင်းခွင့်ရဖို့ ၎င်းရဲ့မိသားစု၀င်တွေဘက်ကစီစဉ်နေကြတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ရဲ့ ပြောပြချက်အရသိရပြီး လူနာနဲ့အနီးကပ်ထိတွေ့ခဲ့သူတွေအားလုံးလည်း ဆေးစစ်ချက် Negative အဖြေထွက်ထားပြီးသားဖြစ် တယ်လို့လည်းသိရပါတယ်။

မန္တလေးမြို့မှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၃ ဦးရှိနေပြီး ပထမဦးဆုံးအတည်ပြုလူနာဖြစ်တဲ့ Case 4 ကတော့ ရောဂါပျောက်ကင်းလို့ဆေးရုံကနေဆင်းသွားပြီဖြစ်ကြောင်း၊ ဒုတိယမြောက်အတည်ပြုလူနာဖြစ်တဲ့ Case 82 မှာလည်း ကျန်းမာ ရေးအခြေအနေတည်ငြိမ်ကောင်းမွန်ကြောင်း ကန်တော်နဒီဆေးရုံတာ၀န်ရှိသူတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီကနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၁ ဦးအထိရှိနေပြီး အဲဒီအထဲမှာ ရောဂါပိုးကင်းစင်သူ ၄၉ ဦး၊ သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

KT
မန္တလေး၊ မေ - ၆

( Zawgyi )

မႏၲေလးၿမိဳ႕က ကိုဗစ္-၁၉ အတည္ျပဳလူနာ Case 132 ရဲ႕ ဓာတ္ခြဲစစ္ေဆးခ်က္အေျဖက ႏွစ္ႀကိမ္ဆက္တိုက္ Negative အေျဖ ထြက္တာေၾကာင့္ ေဆး႐ုံကဆင္းခြင့္ရမယ့္အေျခအေနျဖစ္သြားၿပီလို႔ သိရပါတယ္။

"မိသားစု၀င္ေတြဆီကတစ္ဆင့္သိရတာက ႏွစ္ႀကိမ္ဆက္တိုက္ Negative အေျဖထြက္တာဆိုေတာ့ ေဆး႐ုံဆင္းလို႔ရၿပီထင္ပါတယ္" လို႔ မတၳရာၿမိဳ႕က မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္ေမာင္ေအးကေျပာပါတယ္။

လူနာဟာ ၿပီးခဲ့တဲ့ဧၿပီလ ၂၃ ရက္ေန႔က ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိမႈနဲ႔ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးကေန ကန္ ေတာ္နဒီေဆး႐ုံဆီ ပို႔ေဆာင္ကုသမႈခံယူေနတာျဖစ္ပါတယ္။

ကန္ေတာ္နဒီေဆး႐ုံမွာ ေမလ ၂ ရက္ေန႔က ဒုတိယအႀကိမ္နဲ႔ ေမလ ၄ ရက္ေန႔က တတိယအႀကိမ္ ေဆးစစ္ခ်က္ေတြအရ ႏွစ္ႀကိမ္ဆက္တိုက္ Negative အေျဖထြက္တာ လည္းျဖစ္ၿပီး ဒါနဲ႔ပတ္သက္လို႔လည္း ေဆး႐ုံအုပ္ႀကီးေဒါက္တာခင္ေက်ာ္က Negative ႏွစ္ႀကိမ္ဆက္တိုက္အေျဖထြက္ေၾကာင္း အတည္ျပဳေျပာပါတယ္။

လက္ရွိမွာေတာ့ လူနာေဆး႐ုံဆင္းခြင့္ရဖို႔ ၎ရဲ႕မိသားစု၀င္ေတြဘက္ကစီစဥ္ေနၾကတယ္လို႔လည္း လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ ေျပာျပခ်က္အရသိရၿပီး လူနာနဲ႔အနီးကပ္ထိေတြ႕ခဲ့သူေတြအားလုံးလည္း ေဆးစစ္ခ်က္ Negative အေျဖထြက္ထားၿပီးသားျဖစ္ တယ္လို႔လည္းသိရပါတယ္။

မႏၲေလးၿမိဳ႕မွာ ဒီကေန႔အထိ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕လူနာ ၃ ဦးရွိေနၿပီး ပထမဦးဆုံးအတည္ျပဳလူနာျဖစ္တဲ့ Case 4 ကေတာ့ ေရာဂါေပ်ာက္ကင္းလို႔ေဆး႐ုံကေနဆင္းသြားၿပီျဖစ္ေၾကာင္း၊ ဒုတိယေျမာက္အတည္ျပဳလူနာျဖစ္တဲ့ Case 82 မွာလည္း က်န္းမာ ေရးအေျခအေနတည္ၿငိမ္ေကာင္းမြန္ေၾကာင္း ကန္ေတာ္နဒီေဆး႐ုံတာ၀န္ရွိသူေတြကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီကေန႔အထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၁၆၁ ဦးအထိရွိေနၿပီး အဲဒီအထဲမွာ ေရာဂါပိုးကင္းစင္သူ ၄၉ ဦး၊ ေသဆုံးသူ ၆ ဦးရွိတယ္လို႔ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

KT
မႏၲေလး၊ ေမ - ၆