မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မှန်တံတား စီမံကိန်းစတင်ပြီ

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မှန်တံတား စီမံကိန်းစတင်ပြီ

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်တံတားအနီးတည်ဆောက်မယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မှန်တံတားကို အခုလကစလို့ စီမံကိန်းစတင်လုပ်ဆောင်နေပြီလို့ စီမံကိန်းရဲ့ ကုမ္ပဏီဒါရိုက်တာ ဦးမြတ်ဦး က ပြောပါတယ်။

 
"မှန်တံတားဆောက်ရတဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာမရှိသေးတဲ့ မှန်တံတားကို တည်ဆောက် ချင်တဲ့ရည်ရွယ်ချက်ရယ်၊ နောက်တစ်ခုက ဂုတ်ထိပ်တံတားကြီးကို မသိသေးတဲ့သူတွေအတွက် မှန်တံတားစီမံကိန်းနဲ့ဆွဲဆောင်ပြီး သိစေချင်တာရယ်၊ နောက်တစ်ခုက ဒေသခံတွေ အလုပ်အကိုင် အခွင့် အလမ်းရစေချင်တာရယ်ကြောင့်ပါ" လို့ ၎င်းကပြောပါတယ်။
 
မြန်မာနိုင်ငံရဲ့ အထင်ကရ ကမ္ဘာကျော်ဂုတ်ထိပ်တံတားအနီးမှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် တည်ဆောက်မယ့် ဒီမှန်တံတားစီမံကိန်းကို တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး မြန် 
မာနိုင်ငံဘက်က ဂုတ်ထိပ်ချယ်ရီမူဆယ် မှန်သားပြင်လျှောက်လမ်းတံတားစီမံကိန်း ကုမ္ပဏီက တာဝန်ယူတာဖြစ်ပါတယ်။
 
မှန်တံတားနဲ့အတူ အပန်းဖြေဥယျာဥ်၊ ခေတ်မီကစားကွင်း အစရှိသဖြင့် ခရီးသွားဧည့်သည်တွေအတွက် စိတ်ဝင်စားဖွယ် အစီအစဥ်တွေလည်း ပါဝင်မှာဖြစ်ပြီး စီမံကိန်းကာလကိုတော့ ၂ နှစ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။
 
"၂ နှစ်ဆိုပြီးတော့ စီမံကိန်းကို သတ်မှတ်ထားပါတယ်။ ၂၀၂၁ ဇန်နဝါရီလကနေစပြီးတော့ စတင်အကောင် အထည်ဖော်တာပါ" လို့လည်း ၎င်းကပြောပါတယ်။
 
မှန်တံတားစီမံကိန်း တည်ဆောက်ပြီးစီးသွားလို့ လုပ်ငန်းစတင်လည်ပတ်နိုင်ပြီဆိုရင် ဝန်ထမ်းသုံးရာကျော် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်မှာဖြစ်သလို ဒေသတွင်းခရီးသွားဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အထောက်အကူပြုစေမှာဖြစ်တယ်လို့ သိရပါတယ်။
 
KT
မန္တလေး၊ ဇန်နဝါရီ - ၇
 
( Zawgyi )
 
ရွမ္းျပည္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ ဂုတ္ထိပ္တံတားအနီးတည္ေဆာက္မယ့္ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးေသာ မွန္တံတားကို အခုလကစလို႔ စီမံကိန္းစတင္လုပ္ေဆာင္ေနၿပီလို႔ စီမံကိန္းရဲ႕ ကုမၸဏီဒါ႐ိုက္တာ ဦးျမတ္ဦး က ေျပာပါတယ္။
 
"မွန္တံတားေဆာက္ရတဲ့ ရည္႐ြယ္ခ်က္က ျမန္မာျပည္မွာမရွိေသးတဲ့ မွန္တံတားကို တည္ေဆာက္ ခ်င္တဲ့ရည္႐ြယ္ခ်က္ရယ္၊ ေနာက္တစ္ခုက ဂုတ္ထိပ္တံတားႀကီးကို မသိေသးတဲ့သူေတြအတြက္ မွန္တံတားစီမံကိန္းနဲ႔ဆြဲေဆာင္ၿပီး သိေစခ်င္တာရယ္၊ ေနာက္တစ္ခုက ေဒသခံေတြ အလုပ္အကိုင္ အခြင့္ အလမ္းရေစခ်င္တာရယ္ေၾကာင့္ပါ" လို႔ ၎ကေျပာပါတယ္။
 
ျမန္မာႏိုင္ငံရဲ႕ အထင္ကရ ကမာၻေက်ာ္ဂုတ္ထိပ္တံတားအနီးမွာ ခရီးသြားဧည့္သည္ေတြကို ဆြဲေဆာင္ႏိုင္ဖို႔အတြက္ တည္ေဆာက္မယ့္ ဒီမွန္တံတားစီမံကိန္းကို တ႐ုတ္ႏိုင္ငံက ကြၽမ္းက်င္ပညာရွင္ေတြနဲ႔ တည္ေဆာက္သြားမွာျဖစ္ၿပီး ျမန္ 
မာႏိုင္ငံဘက္က ဂုတ္ထိပ္ခ်ယ္ရီမူဆယ္ မွန္သားျပင္ေလွ်ာက္လမ္းတံတားစီမံကိန္း ကုမၸဏီက တာဝန္ယူတာျဖစ္ပါတယ္။
 
မွန္တံတားနဲ႔အတူ အပန္းေျဖဥယ်ာဥ္၊ ေခတ္မီကစားကြင္း အစရွိသျဖင့္ ခရီးသြားဧည့္သည္ေတြအတြက္ စိတ္ဝင္စားဖြယ္ အစီအစဥ္ေတြလည္း ပါဝင္မွာျဖစ္ၿပီး စီမံကိန္းကာလကိုေတာ့ ၂ ႏွစ္သတ္မွတ္ထားတယ္လို႔ သိရပါတယ္။
 
"၂ ႏွစ္ဆိုၿပီးေတာ့ စီမံကိန္းကို သတ္မွတ္ထားပါတယ္။ ၂၀၂၁ ဇန္နဝါရီလကေနစၿပီးေတာ့ စတင္အေကာင္ အထည္ေဖာ္တာပါ" လို႔လည္း ၎ကေျပာပါတယ္။
 
မွန္တံတားစီမံကိန္း တည္ေဆာက္ၿပီးစီးသြားလို႔ လုပ္ငန္းစတင္လည္ပတ္ႏိုင္ၿပီဆိုရင္ ဝန္ထမ္းသုံးရာေက်ာ္ အလုပ္အကိုင္ အခြင့္အလမ္းရရွိႏိုင္မွာျဖစ္သလို ေဒသတြင္းခရီးသြားဖြံ႕ၿဖိဳးတိုးတက္မႈ အတြက္လည္း အေထာက္အကူျပဳေစမွာျဖစ္တယ္လို႔ သိရပါတယ္။
 
KT
မႏၲေလး၊ ဇန္နဝါရီ - ၇