မြန်မာ့မီးရထားက မန္တလေး-ရန်ကုန်နှင့်မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတို့တွင် ဇွန် ၁၆ ရက်မှစ၍ ရထားတစ်စီးစီထပ်တိုးပြေးဆွဲသွားရန် စီစဉ်

မြန်မာ့မီးရထားက မန္တလေး-ရန်ကုန်နှင့်မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတို့တွင် ဇွန် ၁၆ ရက်မှစ၍ ရထားတစ်စီးစီ ထပ်တိုး ပြေးဆွဲသွားရန် စီစဉ်

မြန်မာ့မီးရထားအနေနဲ့ ကိုဗစ်ကာလအတွင်း ခရီးသွားပြည်သူတွေအဆင်ပြေစေဖို့အတွက်ဆိုပြီး မန္တလေး-ရန်ကုန်နဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ ရထားတစ်စီးစီ ထပ်တိုးပြေးဆွဲပေးသွားဖို့ စီစဉ်လိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့(ဇွန်လ ၁၆ ရက်)ကစလို့ ကိုဗစ်ကာလပုံမှန်ပြေးဆွဲနေကျ ခရီးစဉ်အပြင် နောက်ထပ်တစ်စီး ထပ်တိုးပြေးဆွဲပေးသွားဖို့စီစဉ်လိုက် တာလို့ သိရပြီး ဒါဟာ ခရီးသွားပြည်သူတွေ အဆင်ပြေလွယ်ကူစေဖို့အတွက် ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ ဝန်ဆောင်မှု ပေးသွားမှာလည်းဖြစ်တယ်လို့ မြန်မာ့မီးရထား(မန္တလေးဘူတာကြီး)မှ အထွေထွေ မန်နေဂျာဦးမျိုးဝင်းကပြောပါတယ်။

"အဓိကကတော့ ခရီးသွားတွေအဆင်ပြေစေဖို့အတွက်ပါပဲ၊ ကျန်းမာရေးညွှန်ကြားချက်နဲ့အညီဖြစ်ဖို့အတွက်တော့ အားလုံးလိုက်နာပေး ကြဖို့လိုပါတယ်၊ နိုင်ငံတော်က အရှုံးခံပြီးပြေးဆွဲနေတာပါ၊ အခုလည်း ခရီးသွားပြန်များလာတော့ ထပ်တိုးပြေးဆွဲဖို့စီစဉ်လိုက်တာပါ၊ ရထားတစ်တွဲမှာ လူ ၆၀ ဆံ့ရင် ၃၀ ပဲတင်မယ်၊ အဲဒီအတွက်လက်မှတ်ခပိုမယူပါဘူး" လို့ ၎င်းကဆိုပါတယ်။

ကိုဗစ်ကာလအတွင်း ယာယီရပ်ဆိုင်းစဉ်ကာလ မန္တလေး-ရန်ကုန်ရထားခရီးစဉ်ကို မန္တလေးမြို့ကနေ အမှတ်(၄)အစုန်ရထားခရီးစဉ်ကို ညနေ ၄ နာရီမှာတစ်စီးတည်းပြေးဆွဲနေတာကနေ အခု ညနေ ၃ နာရီမှာအမှတ်(၆) အစုန်ရထားတစ်စီးထပ်တိုးပြေးဆွဲပေးမှာဖြစ်ပြီး အလားတူ မန္တလေး-မြစ်ကြီးနားခရီးစဉ်မှာလည်း မန္တလေးမြို့ကနေ အမှတ်(၄၁)အဆန် ညနေ ၅ နာရီခွဲ တစ်စီးပြေးဆွဲနေတာကနေ အမှတ်(၅၇) အဆန်ရထားခရီးစဉ်အား မနက် ၈ နာရီ ၄၅ မိနစ်မှာ တစ်စီးထပ်တိုးပြေးဆွဲပေးသွားမှာပါ။

ရထားလက်မှတ်ခနှုန်းထားတွေကိုလည်း ပြင်ဆင်ထားခြင်းမရှိဘူးလို့သိရပြီး  အရင်အတိုင်းဈေးနှုန်းအတိုင်းပဲရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ ကိုဗစ်ကာလအတွင်း ယာယီရပ်ဆိုင်းထားခဲ့ရတဲ့မီးရထားခရီးစဉ်တွေထဲက တစ်ချို့ကို မြန်မာ့ မီးရထားက ဒီကနေ့ကစလို့ ပြန်လည်ပြေး ဆွဲပေးသွားဖို့စီစဉ်တာမှာ ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းနဲ့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတို့ပါဝင်တယ်လို့ သိရပါတယ်။

KT
မန္တလေး ဇွန် ၁၆

(  Zawgyi  )

 ျမန္မာ့မီးရထားအေနနဲ႔ ကိုဗစ္ကာလအတြင္း ခရီးသြားျပည္သူေတြအဆင္ေျပေစဖို႔အတြက္ဆိုၿပီး မႏၲေလး-ရန္ကုန္နဲ႔ မႏၲေလး-ျမစ္ႀကီးနား ရထားလမ္းပိုင္းမွာ ရထားတစ္စီးစီ ထပ္တိုးေျပးဆြဲေပးသြားဖို႔ စီစဥ္လိုက္တယ္လို႔ သိရပါတယ္။

ဒီကေန႔(ဇြန္လ ၁၆ ရက္)ကစလို႔ ကိုဗစ္ကာလပုံမွန္ေျပးဆြဲေနက် ခရီးစဥ္အျပင္ ေနာက္ထပ္တစ္စီး ထပ္တိုးေျပးဆြဲေပးသြားဖို႔စီစဥ္လိုက္ တာလို႔ သိရၿပီး ဒါဟာ ခရီးသြားျပည္သူေတြ အဆင္ေျပလြယ္ကူေစဖို႔အတြက္ က်န္းမာေရးၫႊန္ၾကားခ်က္ေတြနဲ႔အညီ ဝန္ေဆာင္မႈ ေပးသြားမွာလည္းျဖစ္တယ္လို႔ ျမန္မာ့မီးရထား(မႏၲေလးဘူတာႀကီး)မွ အေထြေထြ မန္ေနဂ်ာဦးမ်ိဳးဝင္းကေျပာပါတယ္။

"အဓိကကေတာ့ ခရီးသြားေတြအဆင္ေျပေစဖို႔အတြက္ပါပဲ၊ က်န္းမာေရးၫႊန္ၾကားခ်က္နဲ႔အညီျဖစ္ဖို႔အတြက္ေတာ့ အားလုံးလိုက္နာေပး ၾကဖို႔လိုပါတယ္၊ ႏိုင္ငံေတာ္က အရႈံးခံၿပီးေျပးဆြဲေနတာပါ၊ အခုလည္း ခရီးသြားျပန္မ်ားလာေတာ့ ထပ္တိုးေျပးဆြဲဖို႔စီစဥ္လိုက္တာပါ၊ ရထားတစ္တြဲမွာ လူ ၆၀ ဆံ့ရင္ ၃၀ ပဲတင္မယ္၊ အဲဒီအတြက္လက္မွတ္ခပိုမယူပါဘူး" လို႔ ၎ကဆိုပါတယ္။

ကိုဗစ္ကာလအတြင္း ယာယီရပ္ဆိုင္းစဥ္ကာလ မႏၲေလး-ရန္ကုန္ရထားခရီးစဥ္ကို မႏၲေလးၿမိဳ႕ကေန အမွတ္(၄)အစုန္ရထားခရီးစဥ္ကို ညေန ၄ နာရီမွာတစ္စီးတည္းေျပးဆြဲေနတာကေန အခု ညေန ၃ နာရီမွာအမွတ္(၆) အစုန္ရထားတစ္စီးထပ္တိုးေျပးဆြဲေပးမွာျဖစ္ၿပီး အလားတူ မႏၲေလး-ျမစ္ႀကီးနားခရီးစဥ္မွာလည္း မႏၲေလးၿမိဳ႕ကေန အမွတ္(၄၁)အဆန္ ညေန ၅ နာရီခြဲ တစ္စီးေျပးဆြဲေနတာကေန အမွတ္(၅၇) အဆန္ရထားခရီးစဥ္အား မနက္ ၈ နာရီ ၄၅ မိနစ္မွာ တစ္စီးထပ္တိုးေျပးဆြဲေပးသြားမွာပါ။

ရထားလက္မွတ္ခႏႈန္းထားေတြကိုလည္း ျပင္ဆင္ထားျခင္းမရွိဘူးလို႔သိရၿပီး  အရင္အတိုင္းေဈးႏႈန္းအတိုင္းပဲေရာင္းခ်ေပးသြားမွာ ျဖစ္တယ္လို႔ ၎ကေျပာပါတယ္။ ကိုဗစ္ကာလအတြင္း ယာယီရပ္ဆိုင္းထားခဲ့ရတဲ့မီးရထားခရီးစဥ္ေတြထဲက တစ္ခ်ိဳ႕ကို ျမန္မာ့ မီးရထားက ဒီကေန႔ကစလို႔ ျပန္လည္ေျပး ဆြဲေပးသြားဖို႔စီစဥ္တာမွာ ရန္ကုန္-မႏၲေလးလမ္းပိုင္း၊ ရန္ကုန္-ေမာ္လၿမိဳင္လမ္းပိုင္းနဲ႔ မႏၲေလး-ျမစ္ႀကီးနားလမ္းပိုင္းတို႔ပါဝင္တယ္လို႔ သိရပါတယ္။

KT
မႏၲေလး ဇြန္ ၁၆