ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒုတိယနေ့အဖြစ် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသူများ မြို့မှ စွန့်ခွာနေကြသလို တိုက်လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီး ထိမှန်ခြင်းတို့ကြောင့် သေဆုံးသူ ပြည်သူများရှိတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ 
 
ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်တိုင်းလွှတ်တော်အနီးတွင် ယမန်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။ 
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ညက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင် ကျေးရွာ၊ ငွေသောင်ဖြူ (၁) ကမ်းနားထိပ်တွင် ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်အလုံး ၅၀ ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီ ကယ် ဆယ်ရေးအဖွဲ့များထံမှ သိရပါတယ်။ 
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမပေါ်က စဉ့်အင်တံတားဟာ ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းမှာ သုံးလို့မရအောင် ကျိုးကျပျက်စီးသွားခဲ့တယ်လို့ သီပေါနဲ့ လားရှိုးဒေသခံတွေက ပြောပါ တယ်။
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ အမှတ် (၁၅) ရဲတပ်ရင်းကို ဒီဇင်ဘာလ ၁ ရက် ည ၁၀ နာရီခန့်က  Drop bomb ဖြင့် ပစ်ချတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ 
 
ရန်ကုန်မြို့၊ ရန်ကင်းမြို့မရဲစခန်းရှိ ဘန်ကာနှစ်ခုကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှု ယမန်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။