ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်ရှိ မြဝတီဘဏ်ရှေ့လမ်းဘေးတွင် စက်တင်ဘာ ၁၆ ရက် ညပိုင်းက လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။
 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးအနောက်ကျေးရွာတွင် စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီခွဲခန့်က USDP ပါတီဝင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရပါတယ်။
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာမှာ ယမန်နေ့ညနေပိုင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအရပ်သား ၃ ဦးသေဆုံးပြီး နောက်ထပ် ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြချက် အရ သိရပါတယ်။
 
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ဒေသခံကိုးထောင်ဝန်းကျင်ခန့်မှာ နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးနေသူများကပြောပါတယ်။
 
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက် (ယနေ့) နံနက်ပိုင်းက Hijet ကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ထနောင်းပင်ကို ဝင်တိုက်မိခဲ့သဖြင့် ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ 
 
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့နယ်ခွဲ၊ မြသီတာရပ်ကွက်၊ မြရိပ်သာလမ်းမှာ မနေ့စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်းက မိသားစုပြဿနာကြောင့် ၂ လောင်းပြိုင်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဟိုပင်မြို့ခံတွေဆီက သိရပါတယ်။