ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာကို နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီအချိန်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက တရားလွှတ်တော်ရှေ့နေတစ်ဦး ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ နမ္မချီးကျောက်စိမ်းမှော်ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို KIA အဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့  ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ လွင်ကြီးအကျဉ်းဦးစီးစခန်း၊ ကျုအင်းအကျဉ်းဦးစီးစခန်း၊ ခိုဟိုအကျဉ်းဦးစီးစခန်း၊ ကုန်းစံအကျဉ်းဦးစီးစခန်း ၄ ခုကို TNLA နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တစ်နေရာကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအနီးမှာ နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။