ဝန်ထမ်းကိုးထောင်ရှိသည့် စက်ရုံရှိ ဝန်ထမ်းတစ်ဦးထံမှ ကိုဗစ် ၁၉ တွေ့ရှိသည့်အတွက် လုပ်စရာရှိသည်များကို စီမံနေပြီဟု နိုင်ငံတော် အတိုင်ပင်ခံဆို

ဝန်ထမ်းကိုးထောင်ရှိသည့် စက်ရုံရှိ ဝန်ထမ်းတစ်ဦးထံမှ ကိုဗစ် ၁၉ တွေ့ရှိသည့်အတွက် လုပ်စရာရှိသည်များကို စီမံနေပြီဟု နိုင်ငံတော် အတိုင်ပင်ခံဆို      

လှိုင်သာယာစက်ရုံတစ်ရုံမှ ဝန်ထမ်းတစ်ဦးထံတွင်  ကိုဗစ် ၁၉ တွေ့ရှိခဲ့သည့်အပေါ်  စိုးရိမ်ကြောင့် ကြမှု မရှိကြဖို့နဲ့ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တစ်ဆင့်ပြီးတစ်ဆင့် လုပ်စရာရှိသည်များကို အစီအစဉ် တွေချမှတ်ထားပြီးဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစု ကြည် ပြောကြားလိုက်ပါတယ်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်သူလူထုများအကြား စိုးရိမ်ကြောင့်ကြမှုများရှိနေသည့် အတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ဒီကနေ့ ညနေပိုင်းအချိန်မှာ ၎င်းလူမှု ကွန်ရက်စာမျက်နှာကနေတဆင့် အထက်ပါအတိုင်းရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။  

"လှိုင်သာယာစက်ရုံတစ်ရုံက ဝန်ထမ်း တစ်ယောက် COVID positive တွေ့တဲ့ သတင်းထွက်တာနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်ပါတယ်။ဒီလိုအခြေအနေမှာ ကျန်းမာရေးဆိုင်ရာ၊ အုပ်ချုပ်ရေး ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းတွေ၊ COVID တိုက်ပွဲကြီးမှာ ပါဝင် လှုပ်ရှားနေတဲ့ စေတနာ့ ဝန်ထမ်းတွေ၊ ဘာလုပ်ကြရတယ်ဆိုတာနည်းနည်းပြောပြ ချင်ပါတယ်။ပထမဦးဆုံးကတော့ ရောဂါပိုးရှိနေ သူကို ကုသပေးရေးပါပဲ။အနီးဆုံး သင့်တော်တဲ့ ဆေးရုံကို အမြန်ဆုံးပို့ရပါတယ်။

ဒုတိယကတော့ လူနာနဲ့ ထိတွေ့ ခဲ့သူများကိုရှာဖွေ ဆက်သွယ် ရပါတယ်။လူနာကိုယ်တိုင်က ရောဂါကူးစက်နိုင်တဲ့ ကာလအတွင်းထိတွေ့ခဲ့သူများစာရင်း(မှတ်မိသ၍)ပေးရပါတယ်။ ပိုမိုပြည့်စုံဖို့၊ထိတွေ့မှုရှိခဲ့ သူများ ကိုယ်တိုင်လည်းဆက်သွယ်လာရေး online က တစ်ဆင့် ဆောင်ရွက်ရပါတယ်။တတိယ အနေနဲ့ ထိတွေ့ခြင်းရှိခဲ့သူများကို ရှာဖွေ၊ quarantine လုပ်ပြီး စောင့်ကြည့်၊ စစ်ဆေးရပါတယ်။ဒီလို တစ်ဆင့်ပြီးတစ်ဆင့် လုပ်စရာတွေလုပ်သွားနိုင်ဖို့ အစီအစဉ် တွေချမှတ်ထားတာရှိခြင်းနဲ့၊ စိုးရိမ်တာတွေ၊ပင်ပန်းတာတွေ ဘေးဖယ်ထားပြီး၊အစီအစဉ်အရ ဆောင်ရွက်ရမှာတွေကို ဆောင်ရွက်သွားကြသူတွေရှိခြင်းကြောင့် ကျွန်မတို့ ခွန်အားတွေ ဖြည့်နိုင်ပါတယ်။"လို့ ဒေါ် အောင်ဆန်းစုကြည်က ရေးသားခဲ့တာပါ။

ထို့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က “သံသရာလမ်းဟာ မချောမွေ့တတ် တော့ တာဝန်ကိုယ်စီထမ်းရွက်ရှေ့ဆက်လှမ်း" ကြဖို့ကိုလည်း တိုက်တွန်း ရေးသားခဲ့ပါ သေးတယ်။

ပြေသိမ်း                                                    
ရန်ကုန်၊ဧပြီ ၂၅                                                   
ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး။

(  Zawgyi   )

လႈိင္သာယာစက္႐ုံတစ္႐ုံမွ ဝန္ထမ္းတစ္ဦးထံတြင္  ကိုဗစ္ ၁၉ ေတြ႕ရွိခဲ့သည့္အေပၚ  စိုးရိမ္ေၾကာင့္ ၾကမႈ မရွိၾကဖို႔နဲ႔ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ တစ္ဆင့္ၿပီးတစ္ဆင့္ လုပ္စရာရွိသည္မ်ားကို အစီအစဥ္ ေတြခ်မွတ္ထားၿပီးျဖစ္တယ္လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစု ၾကည္ ေျပာၾကားလိုက္ပါတယ္။

အဆိုပါကိစၥရပ္ႏွင့္ပတ္သက္၍ ျပည္သူလူထုမ်ားအၾကား စိုးရိမ္ေၾကာင့္ၾကမႈမ်ားရွိေနသည့္ အတြက္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္က ဒီကေန႔ ညေနပိုင္းအခ်ိန္မွာ ၎လူမႈ ကြန္ရက္စာမ်က္ႏွာကေနတဆင့္ အထက္ပါအတိုင္းေရးသားေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။  

"လႈိင္သာယာစက္႐ုံတစ္႐ုံက ဝန္ထမ္း တစ္ေယာက္ COVID positive ေတြ႕တဲ့ သတင္းထြက္တာနဲ႔ စိုးရိမ္ေၾကာင့္ၾကမႈေတြ ျဖစ္ေပၚပါတယ္။ဒီလိုအေျခအေနမွာ က်န္းမာေရးဆိုင္ရာ၊ အုပ္ခ်ဳပ္ေရး ဆိုင္ရာ ႏိုင္ငံ့ဝန္ထမ္းေတြ၊ COVID တိုက္ပြဲႀကီးမွာ ပါဝင္ လႈပ္ရွားေနတဲ့ ေစတနာ့ ဝန္ထမ္းေတြ၊ ဘာလုပ္ၾကရတယ္ဆိုတာနည္းနည္းေျပာျပ ခ်င္ပါတယ္။ပထမဦးဆုံးကေတာ့ ေရာဂါပိုးရွိေန သူကို ကုသေပးေရးပါပဲ။အနီးဆုံး သင့္ေတာ္တဲ့ ေဆး႐ုံကို အျမန္ဆုံးပို႔ရပါတယ္။

ဒုတိယကေတာ့ လူနာနဲ႔ ထိေတြ႕ ခဲ့သူမ်ားကိုရွာေဖြ ဆက္သြယ္ ရပါတယ္။လူနာကိုယ္တိုင္က ေရာဂါကူးစက္ႏိုင္တဲ့ ကာလအတြင္းထိေတြ႕ခဲ့သူမ်ားစာရင္း(မွတ္မိသ၍)ေပးရပါတယ္။ ပိုမိုျပည့္စုံဖို႔၊ထိေတြ႕မႈရွိခဲ့ သူမ်ား ကိုယ္တိုင္လည္းဆက္သြယ္လာေရး online က တစ္ဆင့္ ေဆာင္႐ြက္ရပါတယ္။တတိယ အေနနဲ႔ ထိေတြ႕ျခင္းရွိခဲ့သူမ်ားကို ရွာေဖြ၊ quarantine လုပ္ၿပီး ေစာင့္ၾကည့္၊ စစ္ေဆးရပါတယ္။ဒီလို တစ္ဆင့္ၿပီးတစ္ဆင့္ လုပ္စရာေတြလုပ္သြားႏိုင္ဖို႔ အစီအစဥ္ ေတြခ်မွတ္ထားတာရွိျခင္းနဲ႔၊ စိုးရိမ္တာေတြ၊ပင္ပန္းတာေတြ ေဘးဖယ္ထားၿပီး၊အစီအစဥ္အရ ေဆာင္႐ြက္ရမွာေတြကို ေဆာင္႐ြက္သြားၾကသူေတြရွိျခင္းေၾကာင့္ ကြၽန္မတို႔ ခြန္အားေတြ ျဖည့္ႏိုင္ပါတယ္။"လို႔ ေဒၚ ေအာင္ဆန္းစုၾကည္က ေရးသားခဲ့တာပါ။

ထို႔အျပင္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္က “သံသရာလမ္းဟာ မေခ်ာေမြ႕တတ္ ေတာ့ တာဝန္ကိုယ္စီထမ္း႐ြက္ေရွ႕ဆက္လွမ္း" ၾကဖို႔ကိုလည္း တိုက္တြန္း ေရးသားခဲ့ပါ ေသးတယ္။

ေျပသိမ္း                                                    
ရန္ကုန္၊ဧၿပီ ၂၅                                                   
ဓာတ္ပုံ - ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး။