အဓမ္မခိုင်းစေပြီး လုပ်ခ ခေါင်းပုံဖြတ်သူအား ထောင်ဒဏ် နှစ် (၂၀) ချမှတ်၊ တိမ်းရှောင်နေသူ နှစ်ဦးကိုလည်း တရားခံပြေးအဖြစ် ကြေငြာ

အဓမ္မခိုင်းစေပြီး လုပ်ခ ခေါင်းပုံဖြတ်သူအား ထောင်ဒဏ် နှစ် (၂၀) ချမှတ်၊ တိမ်းရှောင်နေသူ နှစ်ဦးကိုလည်း တရားခံပြေးအဖြစ် ကြေငြာ

အဓမ္မခိုင်းစေပြီး လုပ်ခ ခေါင်းပုံဖြတ်သူအား ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးမှ ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ နှစ်ဦးကိုလည်း တရားခံပြေးအဖြစ် ကြေငြာခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာနေ (၁၆) နှစ်အရွယ် လူငယ်တစ်ဦးအား ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ဂိုထောင်တစ်ခုအတွင်း နေ့စဉ် ကြက်မွှေးနှုတ်ခြင်း၊ ကြက်သွန်လှီးခြင်းများ (၈) လခန့် အဓမ္မခိုင်းစေပြီး လုပ်အားခ ခေါင်းပုံဖြတ်ယူသူ နိုင်ဦး(ခ)ကျော်မင်းဦး (၂၂) နှစ်အား ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန် တောင်ပိုင်းခရိုင်တရားရုံး ရာကြီးအမှုအမှတ် ၆၅/၂၀၁၇၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၈ (က) အရ အလုပ်နှင့် ထောင်ဒဏ် (၂၀) နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်ဖာသမန် နှင့် ကျော်သူ(ခ)ကိုပု(ခ)ထွန်းလွင် တို့ကိုလည်း တရားခံပြေးအဖြစ် ကြေငြာခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

အဓမၼခိုင္းေစၿပီး လုပ္ခ ေခါင္းပုံျဖတ္သူအား ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ တရား႐ုံးမွ ေထာင္ဒဏ္ ႏွစ္ (၂၀) ခ်မွတ္ခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူ ႏွစ္ဦးကိုလည္း တရားခံေျပးအျဖစ္ ေၾကျငာခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ေတာ္ခရမ္းေလးေက်း႐ြာေန (၁၆) ႏွစ္အ႐ြယ္ လူငယ္တစ္ဦးအား ဒဂုံၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္ရွိ ဂိုေထာင္တစ္ခုအတြင္း ေန႔စဥ္ ၾကက္ေမႊးႏႈတ္ျခင္း၊ ၾကက္သြန္လွီးျခင္းမ်ား (၈) လခန႔္ အဓမၼခိုင္းေစၿပီး လုပ္အားခ ေခါင္းပုံျဖတ္ယူသူ ႏိုင္ဦး(ခ)ေက်ာ္မင္းဦး (၂၂) ႏွစ္အား ဒီဇင္ဘာလ ၇ ရက္ေန႔က ရန္ကုန္ ေတာင္ပိုင္းခ႐ိုင္တရား႐ုံး ရာႀကီးအမႈအမွတ္ ၆၅/၂၀၁၇၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ-၂၈ (က) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၂၀) ႏွစ္ ခ်မွတ္ခဲ့ျခင္း ျဖစ္ပါတယ္။

အဆိုပါ အမႈမွ ထြက္ေျပးတိမ္းေရွာင္ေနသူ ေဒၚဖာသမန္ ႏွင့္ ေက်ာ္သူ(ခ)ကိုပု(ခ)ထြန္းလြင္ တို႔ကိုလည္း တရားခံေျပးအျဖစ္ ေၾကျငာခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၄