【ပြည်တွင်း】နေပြည်တော်တွင် ဆိုင်ကယ်တစ်ပတ်ရစ်တွေသာ အရောင်းအဝယ်ဖြစ်

【 ပြည်တွင်း 】နေပြည်တော်တွင် ဆိုင်ကယ်တစ်ပတ်ရစ်တွေသာ အရောင်းအဝယ်ဖြစ်

နေပြည်တော်ဆိုင်ကယ်စျေးကွက်မှာ အသစ်ဘီးတွေ စျေးမြင့်နေတဲ့အတွက် တစ်ပတ်ရစ်ဘီးတွေသာ အရောင်းအဝယ်ဖြစ်တယ်လို့ ဆိုပါတယ်။
 
အသစ်စျေးက အရမ်းမြင့်နေတယ်၊အသစ်လိုင်းက တရုတ်ဘီးလည်း မဝင်ဘူးထိုင်းဘီးလည်မဝင်ဘူး၊တရုတ်ဘီးအသစ်ဆို အရင်ကအမြင့်ဆုံး(၅)သိန်း(၆)သိန်းပတ်လည်၊အခုအနိမ့်ဆုံး(၈)သိန်းပတ်လည် အထက်မှာဘဲ ထိုင်းဘီးအယင်က(၈)သိန်း ပတ်လည်ကနေ အခု(၁၀)သိန်း အထက်မှာ ကလစ်ဘီးဆိုအယင်က အမြင့်ဆုံး(၁၁)သိန်း ပတ်လည်ကနေအခု(၁၅)သိန်း အထက်မှာဆိုတော့ ဆိုင်ကယ်အသစ် ဝယ်စီးဖို့အိမ်မက်မမက်ဘူး၊လိုအပ်ရင်အဟောင်းဆိုင် တစ်ပတ်ရစ်ဘီးထဲကဘဲ ကြည့်ဝယ်စီးကြတယ် တစ်ပတ်ရစ်ဘီးသန့်သန့်လေး ရှာဝယ်ကြတယ် (၅)သိန်းပတ်လည်ဆို ဘီးသန့်တာရတယ်ဟု ဆိုင်ကယ်ဝယ်ရောင်းသမားတစ်ဦးမှဆိုပါတယ်။
 
နေပြည်တော်အတွင်း သွားလာရေးတွင် ဆိုင်ကယ်မှာအရေးပါပြီး၊ ဆိုင်ကယ်ဖြင့်သာ သွားလာရလွယ်ကူ အဆင်ပြေရသည့်အတွက် နေပြည်တော်ဆိုင်ကယ်စျေးကွက်မှာ နေရာတစ်ခုရပ်တည်နေပြီး ဆိုင်ကယ်ရောင်းဝယ်ရေး စင်တာများစွာ ဖွင့်လှစ်ရောင်းချလျက် ရှိသလို ဆိုင်ကယ်တစ်ပတ်ရစ်ရောင်းချသည့် ဆိုင်များစွာ ဖွင့်လှစ်ထားသည် ကိုလည်တွေ့ရှိရသည်။ ယခုအခါဆိုင်အသစ် ရောင်းဝယ်ရေး အေးစက်နေပြီးတစ်ပတ်ရစ်ဘီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရှိရပါတယ်။
 
ဘော်ဘော်
 
နေပြည်တော်၊မေ-၁၀