【ပြည်တွင်း】 ငလျင်လှုပ်ခတ်မှုပြင်းအားကြောင့် ကျိုင်းတုံမြို့နယ်ရှိ နေအိမ်အချို့ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်

【ပြည်တွင်း】 ငလျင်လှုပ်ခတ်မှုပြင်းအားကြောင့် ကျိုင်းတုံမြို့နယ်ရှိ နေအိမ်အချို့ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်

မနေ့က ညနက်ပိုင်း ကျိုင်းတုံအနီး လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်ချ်တာစကေး ၆ အဆင့်ရှိငလျင်ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ဟောင်ရွာမှာ နေအိမ်အချို့ ထိခိုက် ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။
ဒေသတွင်းလူမှုကွန်ရက်သတင်းတွေအရ ကျိုင်းတုံမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်းရှိ ဝန်ထမ်းအိမ်ရာအခန်းအချို့မှာ နံရံပြိုကျမှုများ ဖြစ်ပေါ်ခဲ့သလို ကျိုင်းတုံမြို့နယ်အတွင်းရှိ အချို့နေရာတွေမှာလညည်း နေအိမ်ထိခိုက်မှုတွေ ရှိခဲ့ကြောင်း၊ ထို့အပြင် တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံ လမ်းမကြီးပေါ် ရှိ မိုင်းဖြတ်မြို့နယ်တာကျောက်ရွာအနီးမှာ တောင်ပြိုကျမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေ ရဲ့ဖော်ပြချက်အရသိရပါတယ်။
ဇူလိုင် ၂၁ ရက် ဇူလိုင်လ (၂၁)ရက်နေ့ ည(၁၁)နာရီ ကျော်မှ နာရီဝက်အတွင်း ရစ်ချ်တာ စကေး ၅ .၃ နဲ့ ၆.၁ အဆင့်ရှိ အင်အားပြင်းငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့လို့ ကျိုင်းတုံဒေသတစ်ဝိုက်သာမက ဆက်စက်နေသည့် တရုတ်နှင့် ထိုင်းနိုင်ငံများဘက်မှ ငလျင်လှုပ်သည်ကို ခံစားသိရှိခဲ့ရကြောင်း သိရပါတယ်။

ရန်ကုန်၊ဇူလိုင်၂၂