
【 ပြည်တွင်း 】ချုံချင့်မြို့၌ ကျင်းပသည့် (၅)ကြိမ်မြောက် ကုန်စည်ပြပွဲတွင် မြန်မာပြခန်းများပါဝင်ပြသ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ကျင်းပသည့် (၅)ကြိမ်မြောက် တရုတ်(အနောက်ပိုင်းဒေသ)အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးဆိုင်ရာကုန်စည်ပြပွဲ ( The 5th Western China International Fair for Investment and Trade- WCIFIT)တွင် မြန်မာပြခန်းများ ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။
ပြပွဲကို မေ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး ပြပွဲတွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ပြခန်းပေါင်း ၈၂၄ ခန်း ပါဝင်ပြသခဲ့ကြောင်း သိရပါတယ်။
အဆိုပါပြပွဲကို ပိုမိုကောင်းမွန်သောအနာဂတ်အတွက် တရုတ်နိုင်ငံအနောက်ပိုင်းဒေသနှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အောင်အောင်
ရန်ကုန်၊ မေ ၂၆