【 ပြည်တွင်း 】စက်သုံးဆီစျေးကြီးသဖြင့် နေပြည်တော်တွင် ဂျပန်စက်ဘီးများ အရောင်းဖြစ်နေဟုဆို

【 ပြည်တွင်း 】စက်သုံးဆီစျေးကြီးသဖြင့် နေပြည်တော်တွင် ဂျပန်စက်ဘီးများ အရောင်းဖြစ်နေဟုဆို 

နေပြည်တော်ရှိမြို့နယ်များမှာလက်ရှိကာလအတွင်း ဂျပန်စက်ဘီးများနှင့် လျှပ်စစ်ဘီးများအရောင်းရှိနေတယ်လို့ ဆိုပါတယ်။ "အခုချိန်က ဆိုင်ကယ်တစ်စီးဝယ်ဖို့ဆိုတာကလည်းမလွယ်တော့ဘူးလေ၊ပြီးတော့ဆိုင်ကယ်ရှိပြန်တော့လည်း ဓာတ်ဆီစျေးကကြီးနေတော့ စက်ဘီးတွေ၊လျှပ်စစ်စက်ဘီးလေးတွေဝယ်စီးကြတော့ အရောင်းဖြစ်နေတယ်လို့ဆိုရမှာပေါ့၊ အခုတလောဂျပန်စက်ဘီးတွေ အဝင်များနေတော့ ဂျပန်စက်စီးတို့ လျှပ်စစ်စက်ဘီးလေးအဝယ်လိုက်တယ်"ဟုစက်ဘီးရောင်းချသူတစ်ဦးမှ ပြောပါတယ်။

အခုအခါဆိုင်ကယ်အရောင်းအေးစက်နေပြီး ဆိုင်ကယ်အသစ်အဝယ်နည်းကာ တစ်ပတ်ရစ်အဟောင်းဆိုင်ကယ်များသာ အရောင်းအဝယ်ဖြစ်တယ်လို့လည်းဆိုပါတယ်။ "ဆိုင်ကယ်အသစ်တွေက အောက်ဆုံးစျေးတောင် ၁၀သိန်းအထက်ရှိနေတာ

မဖြစ်မနေဆိုင်ကယ်ဝယ်မည့်သူကလည်း ဆိုင်ကယ်အဟောင်းတစ်ပတ်ရစ်တွေ ရောင်းတဲ့ဆိုင်တွေမှာဘဲ ဝယ်စီးကြတယ်၊သူကတော့သုံးသိန်းကနေ ငါးသိန်းဝန်းကျင်လောက်တွေ အရောင်းဖြစ်ပါတယ်။တချို့တွေကတော့ဆိုင်ကယ်ဝယ်မစီးတော့လျှပ်စစ်ဘတ်ထရီဆိုင်ကယ်လေးတွေ၊လျှပ်စစ်စက်ဘီးတွေဝယ်စီးကြတာများလာတယ်"ဟုဒေသခံတစ်ဦးမှပြောပါတယ်။

ဘော်ဘော်

နေပြည်တော်၊ဇူလိုင်-၂၁