【 ပြည်တွင်း 】စက်သုံးဆီ ပြတ်လပ်မှုတွေဖြစ်၊ လိုသလောက်မရဘဲ 92 octane တစ်လီကို ၃၅၀၀ ကျပ်ဖြင့်တန်းစီဝယ်နေရ

【 ပြည်တွင်း 】စက်သုံးဆီ ပြတ်လပ်မှုတွေဖြစ်၊ လိုသလောက်မရဘဲ 92 octane တစ်လီကို ၃၅၀၀ ကျပ်ဖြင့်တန်းစီဝယ်နေရ

မြန်မာနိုင်ငံက နေရာအများစုမှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်နေပြီး မွန်ပြည်နယ်၊ မော်လမြိုင်အပါအဝင် မြို့ကြီးတချို့မှာဆိုရင် 92 octane တစ်လီကို ၃၅၀၀ ကျပ်နဲ့ ပေးဝယ်နေရတဲ့အပြင် လိုသလောက်မရဘဲ တစ်ဦးကို တစ်လီတာနှုန်းနဲ့ တန်းစီဝယ်ယူနေရတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
“နိုင်ငံရေးက ကိုယ်နဲ့ မဆိုင်ဘူးဆိုတဲ့သူများ အခုလူတိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီဆိုတာ သိရောပေါ့။ မွန်ပြည်နယ် မော်လမြိုင်မှာဆိုရင် စက်သုံးဆီတွေပြတ်လပ်နေပြီး ရေသန့်ဗူး ၁ ဗူး၊ 92 octane တစ်လီတာ ၃၅၀၀ ကျပ်နဲ့ ဝယ်နေရတယ်။ အဲ့ဒါတောင် ဆိုင်တိုင်း မရဘူးနော်။ မြတ်မေတ္တာမွန် တစ်ဆိုင်တည်းမှာတန်းစီမှရမှာ။ အနီ၊ အစိမ်း၊ အပြာ၊ မခွဲခြားဘူး။ အကုန်တန်းစီပဲ။”လို့ ဒေသခံပြည်သူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ပကနေ ဒေါ်လာသန်းပေါင်း ၁၃၀၀ ကျော် သုံးစွဲနေရတဲ့ ရေနံနဲ့ရေနံထွက်ပစ္စည်းတွေကို တင်သွင်းမှု လျှော့ချဖို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ပြောပြီးနောက်ပိုင်း အခုလို စက်သုံးဆီ စျေးနှုန်းတွေ အဆမတန်စျေးမြင့်တက်သွားခဲ့တာဖြစ်ပါတယ်။ နယ်မြို့ကြီးတွေမှာ ဆိုရင်လည်း စက်သုံးဆီဆိုင် အများစု ပိတ်ထားလိုက်ရပြီး ဆိုင်ကြီးတချို့လောက်ပဲ အကန့်အသတ်နဲ့ ရောင်းချပေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။
 
လီလီ
Photo -CJ

မော်လမြိုင်၊ ဩဂုတ် ၁၁