【 ပြည်တွင်း 】စိုက်ပျိုးမှုကုန်ကျစရိတ်တွေကြီးတာကြောင့် နွေစပါးစိုက်ပျိုးဖို့ တောင်သူတွေအခက်အခဲဖြစ်နေ

【 ပြည်တွင်း 】စိုက်ပျိုးမှုကုန်ကျစရိတ်တွေကြီးတာကြောင့် နွေစပါးစိုက်ပျိုးဖို့ တောင်သူတွေအခက်အခဲဖြစ်နေ

 

ယခုနှစ် နွေစပါးစိုက်ပျိုးတဲ့ ရာသီကိုရောက်ရှိလာပြီ ဖြစ်ပေမယ့် စိုက်ပျိုးမှုကုန်ကျစရိတ်တွေ အဆမတန် ကြီးမြင့်နေတာကြောင့် နွေစပါးစိုက်ဖို့ တောင်သူတွေအနေနဲ့ အခက်အခဲတွေရှိနေတယ်လို့  တောင်သူတွေထံက သိရပါတယ်။

နွေစပါးစိုက်ပျိုးရာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဓာတ်မြေဩဇာနဲ့ပိုးသတ်ဆေး စျေးနှုန်းတွေကြီးမြင့်မှု ၊ စိုက် ပျိုးမှုကုန်ကျစရိတ်တွေ အဘက်ဘက်က များပြားလာမှုတို့ကြောင့်‌ တောင်သူအများစု  နွေးစပါးစိုက်ပျိုးဖို့  အခက် အခဲတွေဖြစ်ပေါ်နေကြကြောင်း၊  ကုန်ကျစရိတ်တွေများပြီး  ငွေကြေးမလိုက်နိုင်တော့တာကြောင့်  အချို့သော တောင်သူများမှာ  နွေးစပါးစိုက်ပျိုးမယ့် လယ်ယာမြေဧကတွေကို  လျော့ချစိုက်ပျိုးမှုတွေရှိလာတယ်လို့ တောင်သူ တွေက ဆိုပါတယ်။

“နွေးစပါးစိုက်ရာမှာ အထွက်တိုးဖို့ဆိုရင်  ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတို့ ပေါင်းသတ်ဆေးတို့ကို လိုသ လောက် အသုံးပြု နိုင်ဖို့လိုတယ်။ မသုံးနိုင်ရင်တော့ အထွက်နှုန်းကလျော့မှာပဲ။ ဒီနှစ်က စက်သုံးဆီစျေးတွေ တက် နေတဲ့အတွက် ထွန်းယက်စိုက်ပျိုးစရိတ်တွေကလည်းကြီး၊၊ ဓာတ်မြေဩဇာစျေးနှုန်းနဲ့ ပိုးသတ်ဆေးတွေ ရဲ့စျေးနှုန်း က လည်းကြီးတဲ့အတွက် နွေးစပါးစိုက်ပျိုးဖို့အတွက် စပါးစိုက်တောင်သူတွေအနေနဲ့ အခက်အခဲတွေဖြစ် ပေါ်နေ တယ်။ အရင်လို မြေဩဇာကုမ္ပဏီတွေက အကြွေးစနစ်နဲ့မရောင်းတော့ ပိုဆိုးတာပေါ့။ ငွေတိုးယူပြီးစိုက် ရမယ်ဆို ရင်လည်း အထွက်မကောင်းရင် ရှုံးအုံးမှာပဲ။ အခုမိုးစပါးက စျေးကောင်းတယ်ဆိုပေမယ့် တကယ်တမ်းက အမြတ် သိပ်မကျန်ဘူး။ တချို့ဆို အရင်းပါရှုံးတယ်။ အဲ့တော့ နွေစပါးစိုက်ဖို့လည်း ခပ်လန့်လန့်ပဲ ” လို့ ဧရာ၀တီတိုင်း ဒေသကြီး ပုသိပ်မြို့နေ စပါးစိုက်တောင်သူ ကိုအောင်ကိုဦးကပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာလိုအပ်နေတဲ့ ဓာတ်မြေဩဇာကို ပြည်ပကနေ  ၉၈ ရာခိုင်နှုန်း ခန့် တင်သွင်းနေရတာ ဖြစ်ပြီး ယခင်က  ဓာတ်မြေဩဇာ တစ်အိတ် ကျပ်၃၀၀၀၀ ပေါက်စျေးရှိခဲ့ ပေမယ့် ၂၀၂၁ခုနှစ်ကစပြီး နှစ်နှစ် အတွင်း ဓာတ်မြေဩဇာ တစ်အိတ်ကို  ကျပ် ၈၀၀၀၀ကျော်မှ တစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လျက် ရှိ နေတယ်လို့ တောင်သူတွေထံက သိရပါတယ်။

မြန်မာနိုင်ငံ၌ နှစ်အလိုက် မိုးစပါးနှင့် နွေစပါး စုစုပေါင်းစိုက်ပျိုးမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒဿမ ၀၈ သန်း၊ နွေစပါး ၂ ဒဿမ ၇၈ သန်းစုစုပေါင်း စိုက်ဧက ၁၇ ဒဿမ ၈၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် မိုးစပါး ၁၄ ဒဿမ ၉၈ သန်း၊ နွေစပါး ၂ ဒဿမ ၃၃ သန်း စုစုပေါင်း စိုက်ဧက ၁၇ ဒဿမ ၃၁ သန်း စိုက်ပျိုးနိုင်ခဲ့ပြီး  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ သန်းနှင့် နွေစပါး ၂ သန်း စုစုပေါင်း စိုက်ဧက ၁၇သန်းခန့်စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၇