
【 ပြည်တွင်း 】စီးပွားဖြစ် ကြက်တိုက်ပြီးငွေရှာတဲ့ လောင်းကစားတွေ ပြန်လည်မြင်တွေ့လာရ
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးအချို့မှာသာမက ကျေးလက်ဒေသတွေမှာလည်း စီးပွားဖြစ်ကြက်တိုက်ပြီးငွေရှာတဲ့ လောင်းကစားတွေ ပြန်လည်မြင်တွေ့လာရတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။
၂၀၂၁ခုနှစ်နောက်ပိုင်းကစပြီး မြို့ကြီးတွေအပါအဝင် ကျေးလက်ဒေသအသီးသီးမှာ လောင်းကစားဝိုင်းတွေ အများ အပြား ပြန်လည်မြင်တွေ့လာရခြင်းဖြစ်ပြီး အဆိုပါလောင်းကစားတွေထဲမှာ ကြက်တိုက်ပြီး စီးပွားဖြစ်ဝင်ငွေရှာ တဲ့ လောင်းကစားတွေကိုလည်း ပြန်လည်မြင်တွေ့လာရတယ်လို့ ပြည်သူတွေထံက သိရပါတယ်။
“ အရင်တုန်းက ကြက်ဝိုင်းတွေမှာ မကြာခဏဆိုသလို ဖမ်းဆီးမှုတွေရှိတော့ ခိုးကြောင်ဝိုးဝှက်နဲ့ လုပ်ရတယ်။ အခု နောက်ပိုင်းတော့ အဖမ်းအဆီးက မရှိသလောက်ပဲ။ အခုအချိန်မှာ မပြေလည်တဲ့သူတွေများနေပေမယ့် လောင်းက စားဝိုင်းတွေမှာတော့ လူတွေကစည်ကားနေတာပဲ။ လောင်းကြေးတွေကလည်း အရင်ထက်တိုးလာတာတွေ့ရ တယ်။ တချို့ဆိုရင် ပါလာတဲ့ လက်စွပ်တို့ ဆွဲကြိုးတို့ ဆိုင်ကယ်တို့ ရောင်းပြီးလောင်းကြတယ်။ အခုနောက်ပိုင်းမှာ တချို့ဝိုင်းတွေဆိုရင် သိန်းရာချီပြီးလောင်းကြတယ်။ ကြက်ဝိုင်းကတော့ နေရာတော်တော်များများမှာ ပြန်လုပ်နေ ကြတာ တွေ့နေရတယ်”လို့ ရန်ကုန်တိုင်း ၊ သန်လျင်မြို့နယ်နေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်း ကြက်တိုက်ပြီး ငွေရှာတဲ့လောင်း ကစားတွေ ပြန်လည် မြင်တွေ့လာရသလို ကျေးလက်ဒေသတွေမှာ ကြက်တိုက်တဲ့လောင်းကစားတွေကို အများအပြား ပြန်လည်လုပ် ဆောင်လာကြတယ်လို့ ဒေသခံတွေရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ဖော်ပြမှုတွေ တွေ့နေရပါတယ်။
ထိုကဲ့သို့ ကြက်ဝိုင်းများ ပြန်လည်များပြားလာခြင်းနှင့်အတူ လောင်းကစားပြုလုပ်သူတချို့မှာ ရှိတဲ့ရွှေ၊ငွေလက် ဝတ်ရတနာ ပစ္စည်းတွေထုခွဲရောင်းချပြီး လောင်းကစားပြုလုပ်နေမှုတွေအထိ ရှိနေတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ရွာက ကောင်လေးဆိုရင် ထိုင်းကပြန်လာတာ တစ်လကျော်လောက်ပဲရှိသေးတယ်။ ကြက်ဝိုင်းကို ခဏခဏသွားပြီးလောင်းတယ်။ အခုဆိုရင် ဟိုကပါလာတဲ့ပိုက်ဆံတွေလည်း ကုန်သလောက်ဖြစ်နေပြီ။ ရှိတဲ့ ဆွဲကြိုတို့ လက်စွပ်တို့ ထုတ်ရောင်းပြီးလောင်းတော့လည်း ရှုံးတာပဲ။ ကိုယ်တိုင်က ခက်ခက်ခဲခဲနဲ့ ရှာထားတဲ့ ငွေတွေကို အဲ့လိုလွယ်လွယ်သုံးတာတော့ မကောင်းဘူးပေါ့။ အခုနောက်ပိုင်း အဖမ်းအဆီးကလည်း မရှိသလောက် ဆိုတော့ တော်တော်များများက လောင်းကစားဘက်ကို အားသန်နေကြပြီး ဒုက္ခတွေလည်း ရောက်ကုန်ကြပြီ”လို့ ပဲခူးတိုင်း ၊ ကဝမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။
ယခင်က ကြက်ဝိုင်းများကို ကျေးရွာနဲ့ မြို့အပြင်ဘက် ခပ်လှမ်းလှမ်းရှိ သစ်ရိပ် ဝါးရိပ်ကောင်းတဲ့ နေရာတွေမှာသာ လုပ်ဆောင်ကြသော်လည်း ယခုနောက်ပိုင်းတွင် ကျေးရွာအတွင်းနဲ့ မြို့အတွင်းမှာပါ ပေါ်ပေါ်ထင်ထင် လုပ်ဆောင် နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၀